BREAKING NEWS







Unicode ဖြင့်ဖတ်ရန်

====================

မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း(၂၁)ကြိမ်မြောက် အသင်းသားစုံညီပတ်လည် အထွေထွေ အစည်းအဝေးနှင့် ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ အစည်းအဝေးပြုလုပ်သွားမည်
မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း(၂၁)ကြိမ်မြောက် အသင်းသားစုံညီပတ်လည် အထွေထွေ အစည်းအဝေးနှင့် ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ အစည်းအဝေးပွဲကို မြန်မာနိုင်ငံကုန်သည် စက်မှု လုပ်ငန်းရှင်များအသင်းချုပ် ၊ဇူလိုင်လ (၂၈)ရက်နေ့မှာ ကျင်းပပြုလုပ်သွား မှာဖြစ်ကြောင်းသိရ ပါ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းမှသိရပါတယ်။
အသင်းသားစုံညီပတ်လည် အထွေထွေ အစည်းအဝေးနှင့် ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ အစည်း အဝေးပွဲကိုနှစ်စဉ် ပုံမှန်ကျင်းပရတာဖြစ်ပါတယ်လို့ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များ အသင်းမှ အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်ကပြောပါတယ်။
“အသင်းသားစုံညီပတ်လည် အထွေထွေ အစည်းအဝေးနှင့် ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ အစည်းအဝေးပွဲကတော့ ပုံမှန်တစ်နှစ်တစ်ကြိမ် ဥပဒေအရပြုလုပ်ကျင်းပရတာဖြစ်ပါတယ်”
အသင်းသားစုံညီနှစ်ပတ်လည်အထွေထွေအစည်းအဝေးပွဲကို နံနက်(၁၀)နာရီမှ (၁၂)နာရီထိ ၊ အသင်သားစုံညီနှစ်ရွေးချယ်တင်မြှောက်ပွဲကို နေ့လည်(၂)နာရီမှ ညနေ(၄)နာရီထိ ပြုလုပ်သွားမှာ ဖြစ်ကြောင်းသိရပါတယ်။
အဆိုပါအစည်အဝေးပွဲနဲ့အတူ ပြည်တွင်းပြည်ပ ကုန်ပစ္စည်းများနဲ့ နည်းပညာဆိုင်ရာမိတ်ဆက်ပွဲများ လည်းပါဝင်သွားမှာဖြစ်တာကြောင့် မိမိတို့ကုန်ပစ္စည်းများနဲ့ နည်းပညာများကို မိတ်ဆက်ရှင်း လင်းပြ သလိုပါက ဖုန်းနံပါတ် ၀၁- ၂၃၁၄၈၄၉ ၊ ၀၁ – ၂၃၁၆၆၅၈ နဲ့ ၀၁- ၂၃၁၆၆၅၉ တို့ကိုဆက်သွယ်စုံ စမ်းမေးမြန်းနိုင်ပြီး myanmar.ricemill@gmail.comကို ဇူလိုင်(၂၀)ရက်နေ့ မတိုင်မီ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း အဆိုပါအသင်းမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *