BREAKING NEWS

စပါးအထြက္တိုးရန္ ကိုယ္တိုင္⁠ေ⁠ျမ⁠ၾသဇာ စိုက္ပ်ိဳးထုတ္လုပ္ပါ။

ဓါတ္ေျမၾသဇာမ်ား အေပၚမီက ေတာင္သူမ်ားဟာ ေျမေဆြး ျပဳလုပ္ျခင္း၊ ဓါတ္ေျမၾသဇာမ်ား အေပၚမီက ေတာင္သူမ်ားသည္ ေျမေဆြး ျပဳလုပ္ျခင္း၊ တိရစာၦန္စြန္႔ပစ္ပစၥည္းမ်ားကို အသံုးျပဳျ ခင္း၊ သစ္စိမ္း ေျမၾသဇာ စိုက္ပ်ိဳးျခင္း၊ သီးလွည့္စိုက္ပ်ိဳးျခင္းျဖင့္ ေျမၾသဇာ ထက္သန္ေအာင္ ေဆာင္ရြက္ခဲ့ၾကပါသည္။ ပိုးမႊား၊ ေရာဂါက်ေရာက္မႈအထူးသျဖင့္ ေရာဂါက်ေရာက္မႈကို သီး လွည့္ စိုက္ပ်ိဳးျခင္း နည္းဗ်ဴဟာခ်၍ ေအာင္ျမင္စြာ စိုက္ပ်ိဳးထုတ္လုပ္ၾကပါသည္။

ယခုအခါ စပါးသီးႏွံ စိုက္ပ်ိဳးထုတ္လုပ္ရာတြင္ ယူရီးယား ႏွင့္ တီစူပါဓါတ္ေျမၾသဇာမ်ားကိုသာ သံုးစြဲၾက ၿပီး ပိုတက္ဓာတ္ေျမၾသဇာ မသံုးၾက၍  ပိုတက္ဓါတ္ခ်ိဳ ႔တဲ့မႈ လကၡဏာ အမ်ားအျပား ေတြ႔ရသည့္အျပင္ ယူရီးယား ႏွင့္ တီစူပါဓာတ္ေျမၾသဇာကိုလည္း အျပည့္အ၀ အသံုးခ်ႏိုင္မႈ မရွိပါ။ ပိုတက္ဓါတ္ခ်ိဳ ႔တဲ့ျခင္းသည္ အထူးသျဖင့္ ေရာဂါမ်ား ပိုမို က်ေရာက္လာပါသည္။ ဤအခက္အခဲကို ေက်ာ္လႊားရန္ သစ္စိမ္းေျမၾသဇာ စိုက္ပ်ိဳး၍ေျမၾသဇာထည့္သြင္းျခင္းကို အထူးအေလးေပး ေဆာင္ရြက္ရန္ လိုအပ္ပါသည္။

ေႏြစပါးကို သႀကၤန္မိုးမတိုင္မီရိတ္သိမ္းၿပီး မိုးစပါးကို ကဆုန္၊ နယုန္တြင္ စိုက္ပ်ိဳးၾကသည္။ ေႏြစပါး ရိတ္သိမ္းၿပီးခ်ိန္ ႏွင့္ မိုးစပါးျပန္လည္ ထြန္ယက္ခ်ိန္မတိုင္မီ ကာလအတြင္း သစ္ စိမ္းေျမၾသဇာ ကို ထိေရာက္စြာ စိုက္ပ်ိဳးျခင္းျဖင့္ အက်ိဳးေက်းဇူးမ်ား ရရွိလာပါမည္။ သင့္အိမ္မွ ထင္း၊ မီးဖိုမွ ျပာမ်ားသည္ ပိုတက္ဓါတ္ျဖစ္၍ ေန႔စဥ္ ပီနံအိတ္ျဖင့္ သိမ္းဆည္း စုေဆာင္း၍  ပ်ိဳးခင္းေျမျပင္ခ်ိန္ထည့္ျခင္း၊ စက္ဖြဲျပာ ကိုလည္း ပ်ိဳးခင္းေျမျပင္ခ်ိန္တြင္ ထည့္သြင္းပါ။ သန္မာေသာပ်ိဳးပင္မ်ား ရရွိမည္။ စက္ဖြဲျပာတြင္ ပါ၀င္ေသာ ဆီလီကာသည္ ေျမကၽြံေသာေျမ (ဒံုေပါက္ေျမ) ကို ျပဳျပင္ ႏိုင္သည္။

ေဆာင္ရြက္မည့္နည္းလမ္း

မိုးစပါး

၁။ မတ္ပဲ (သို႔) ဘိုကိတ္ပဲ(သို႔) ပဲလြမ္း (၃) ျပည္ကို ေႏြစပါးေအာက္ေရ ထုတ္ၿပီး ေနာက္ပိုင္း စပါးရိတ္သိမ္းခါနီးတြင္ ႀကဲပက္ပါ။ (ေစ်းသက္သာသည္ ပဲမ်ိဳးကိုသံုးပါ)

၂။ စပါးရိတ္သိမ္းၿပီးေနာက္ပိုင္း ပဲပင္မ်ား ေပါက္ေရာလာၿပီ ျဖစ္ပါသည္။

၃။ မိုးစပါးအတြက္ ေျမၾသဇာထြန္ယက္ခ်ိန္တြင္ ပဲပင္မ်ားကို စပါးရိုးျပတ္မ်ားႏွင့္အတူထယ္ထိုး၊ ထြန္ေမႊပါ။

၄။ ဤသို႔ုျပဳလုပ္ျခင္းျဖင့္ အဓိက လိုအပ္ေသာ အာဟာရဓာတ္မ်ားအျပင္ အနည္းလို အာဟာရဓာတ္မ်ားကို သင္ကိုယ္တိုင္ စိုက္ပ်ိဳးထုတ္လုပ္ ထည့္သြင္းၿပီး ျဖစ္ပါသည္။ ေငြကုန္လည္းသက္သာ၊ ေျမ၏ အာဟာရဓာတ္ အစံုကိုလည္း ထည့္သြင္းၿပီး ေျမရုပ္ဂုဏ္သတၱိကိုလည္း ေကာင္းမြန္လာေစသည့္ ေရ၇ွည္အက်ိဳးေက်းဇူးမ်ားရရွိလာမည္ ျဖစ္ပါသည္။

ေႏြစပါး

၁။ အႏွိမ့္ပိုင္းေဒသတြင္ ေကာက္ႀကီး၊ ရာသီစပါးမ်ား စိုက္ေသာေနရာမ်ား ဧရာ၀တီတြင္ အခ်ိန္မရေသာ္လည္း ကုန္းအျမင့္ပိုင္း၊ ေကာက္လတ္ ႏွင့္  ေကာက္ရင္မ်ား စိုက္ေသာေန ရာမ်ားတြင္ ျဖစ္ႏိုင္ေျခရွိပါသည္။

၂။ တန္ေဆာင္မုန္းတြင္ ရိတ္ေသာ ေကာက္လတ္ ႏွင့္ ေကာက္ရင္စပါးမ်ားတြင္ စိုက္ခ်ိန္ေစာ၍ ပဲႀကဲၿပီး အပင္ျဖစ္ခ်ိန္ (၁) လနီးပါး ရေသာေနရာမ်ားတြင္ စမ္းသပ္ စိုက္ပ်ိဳးသင့္ပါသည္။

ပဲပင္မ်ားအက်ိဳးျပဳပံု

ပဲပင္တို႔၏ အျမစ္မ်ားတြင္  ရိုင္ဇိုဘီယမ္ ဘက္တီးရီးယား မ်က္စိျဖင့္ မျမင္ရေသာ ဇီ၀သက္ရွိ ဘက္တီးရီးယား မ်ားသည့္ ျမစ္ဖုမ်ားကို ျဖစ္ေပၚေစပါသည္။ ယင္းဇီ၀သက္ရွိမ်ားသည္ ေလထဲမွ ႏိုက္ထရိုဂ်င္ ဖမ္းယူထားပါသည္။ ပဲျမစ္ဖုထဲတြင္ ေနထိုင္ေသာဇီ၀သက္ရွိမ်ားသည္ တစ္ဧကလွ်င္ ႏိုက္ထရိုဂ်င္ေခၚ ပုလဲေျမၾသဇာကို ရရွိၿပီး၊ ေျမေပၚမွ ပင္စည္အခက္အရြက္တို႔မွ ေဖာ့စဖိတ္ (တီစူပါ) ႏွင့္ ပုိတက္ဆီယမ္ဓာတ္ (ပိုတက္ ေခၚျပာဓာတ္) အျခားအနည္းလို အာဟာရမ်ားကိုပါ ရရွိႏိုင္ပါသည္။

ေကာက္ရိုးျပတ္မ်ားမွ အက်ိဳးျပဳပံု

ေကာက္ရိုးမ်ားႏွင့္ ရိုးျပတ္မ်ားကို လယ္ေျမအတြင္းသို႔ ထယ္ထုိးထြန္ေမႊ၍ ျပန္လည္ထည့္ေပးျ ခင္းျဖင့္ ေကာက္ရိုးမ်ား ေၾကပ်က္ၿပီးေနာက္၊ ေကာက္ရိုးတြင္ပါ၀င္ေသာ ကာဘြန္ဓာတ္၊ ေဖာ့စဖိတ္ဓါတ္ (တီစူပါ) ႏွင့္ ပိုတက္ဆီယမ္ဓာတ္ (ပိုတက္ ေခၚ ျပာဓာတ္) အပင္မွ ျပန္လည္အသံုးျပဳႏိုင္ပါသည္။

သစ္စိမ္းေျမၾသဇာ ျပဳလုပ္သံုးစြဲျခင္းေၾကာင္ အက်ိဳးျဖစ္ထြန္းမႈ

(၁) သစ္စိမ္းေျမၾသဇာအတြက္ သီးႏွံပင္ တစ္မ်ိဳးမ်ိဳး စိုက္ပ်ိဳးထားလွ်င္ ေျမဆီလႊာတုိက္စားမႈကို အကာအကြယ္ ျဖစ္ေစသည္။

(၂) သစ္စိမ္းေျမၾသဇာမွ သစ္ေဆြး (Humus) မ်ား ရရွိလာသည္။

(၃) သစ္ေဆြးဓါတ္ေၾကာင့္ ေျမဆီလႊာဖြဲ႔စည္းမႈ (Soil Texture) ေကာင္းမြန္တိုးတက္လာသည္။

(၄) ေျမဆီလႊာ၏ အပူခ်ိန္ ႏွင့္ အစိုဓာတ္ကို  ပိုမိုထိန္းသိမ္းထားႏိုင္သည္။

(၅) ေျမအခ်ဥ္၊ အငန္ (pH) ဓါတ္ကို မွ်တေစသည္။

(၆) ေျမဆီလႊာအတြင္း ေလ၀င္ေလထြက္  ေကာင္းမြန္ေစသည္။

(၇) သစ္စိမ္းေျမေဆြးဓါတ္ေၾကာင့္ သီးႏွံအထြက္ႏႈန္း တိုးတက္ေစသည္။

သစ္စိမ္းေျမၾသဇာတြင္ ပါ၀င္ေသာ အပင္အာဟာရဓာတ္မ်ား

သစ္စိမ္းေျမၾသဇာ                     ႏိုင္ထရိုဂ်င္                   ေဖာ့စဖိတ္                    ပိုတက္စီယမ္

                                                            %                                 %                                 %

ညံပင္                                       ၃.၂၂                            ၀.၂၉                            ၀.၉၅

ပုိက္ဆံေလွ်ာ္                            ၂.၆၆                            ၀.၄၀                            ၁.၉၁

ပဲလြမ္း                                      ၂.၅၈                            ၀.၃၃                            ၁.၁၉

ပဲတီစိမ္း                                   ၂.၄၈                            ၀.၂၄                            ၁.၁၂

ေဘာစကိုင္း                             ၂.၃၀                            ၀.၂၀                            ၁.၅၆

ဒန္႔ကၽြဲ                                       ၃.၁၅                            ၀.၃၆                            ၃.၂၇

မဲရိုင္း                                        ၃.၀၁                            ၀.၂၈                            ၁.၈၈

ကုကၠိဳ                                       ၃.၆၁                            ၀.၂၇                            ၂.၃၂

ေဗဒါ                                        ၂.၀၀                            ၁.၁၀                            ၂.၅၀

စိုက္ပ်ိဳးေရးဦးစီးဌာန

Unicode ျဖင့္ဖတ္ရန္

စပါးအထွက်တိုးရန် ကိုယ်တိုင်မြေသြဇာ စိုက်ပျိုးထုတ်လုပ်ပါ။

==========================================

ဓါတ်မြေသြဇာများ အပေါ်မီက တောင်သူများဟာ မြေဆွေး ပြုလုပ်ခြင်း၊ ဓါတ်မြေသြဇာများ အပေါ်မီက တောင်သူများသည် မြေဆွေး ပြုလုပ်ခြင်း၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများကို အသုံးပြုြ ခင်း၊ သစ်စိမ်း မြေသြဇာ စိုက်ပျိုးခြင်း၊ သီးလှည့်စိုက်ပျိုးခြင်းဖြင့် မြေသြဇာ ထက်သန်အောင် ဆောင်ရွက်ခဲ့ကြပါသည်။ ပိုးမွှား၊ ရောဂါကျရောက်မှုအထူးသဖြင့် ရောဂါကျရောက်မှုကို သီး လှည့် စိုက်ပျိုးခြင်း နည်းဗျူဟာချ၍ အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်ကြပါသည်။

ယခုအခါ စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် ယူရီးယား နှင့် တီစူပါဓါတ်မြေသြဇာများကိုသာ သုံးစွဲကြ ပြီး ပိုတက်ဓာတ်မြေသြဇာ မသုံးကြ၍ ပိုတက်ဓါတ်ချို့တဲ့မှု လက္ခဏာ အများအပြား တွေ့ရသည့်အပြင် ယူရီးယား နှင့် တီစူပါဓာတ်မြေသြဇာကိုလည်း အပြည့်အ၀ အသုံးချနိုင်မှု မရှိပါ။ ပိုတက်ဓါတ်ချို့တဲ့ခြင်းသည် အထူးသဖြင့် ရောဂါများ ပိုမို ကျရောက်လာပါသည်။ ဤအခက်အခဲကို ကျော်လွှားရန် သစ်စိမ်းမြေသြဇာ စိုက်ပျိုး၍မြေသြဇာထည့်သွင်းခြင်းကို အထူးအလေးပေး ဆောင်ရွက်ရန် လိုအပ်ပါသည်။

နွေစပါးကို သြင်္ကန်မိုးမတိုင်မီရိတ်သိမ်းပြီး မိုးစပါးကို ကဆုန်၊ နယုန်တွင် စိုက်ပျိုးကြသည်။ နွေစပါး ရိတ်သိမ်းပြီးချိန် နှင့် မိုးစပါးပြန်လည် ထွန်ယက်ချိန်မတိုင်မီ ကာလအတွင်း သစ် စိမ်းမြေသြဇာ ကို ထိရောက်စွာ စိုက်ပျိုးခြင်းဖြင့် အကျိုးကျေးဇူးများ ရရှိလာပါမည်။ သင့်အိမ်မှ ထင်း၊ မီးဖိုမှ ပြာများသည် ပိုတက်ဓါတ်ဖြစ်၍ နေ့စဉ် ပီနံအိတ်ဖြင့် သိမ်းဆည်း စုဆောင်း၍ ပျိုးခင်းမြေပြင်ချိန်ထည့်ခြင်း၊ စက်ဖွဲပြာ ကိုလည်း ပျိုးခင်းမြေပြင်ချိန်တွင် ထည့်သွင်းပါ။ သန်မာသောပျိုးပင်များ ရရှိမည်။ စက်ဖွဲပြာတွင် ပါဝင်သော ဆီလီကာသည် မြေကျွံသောမြေ (ဒုံပေါက်မြေ) ကို ပြုပြင် နိုင်သည်။

ဆောင်ရွက်မည့်နည်းလမ်း

မိုးစပါး

၁။ မတ်ပဲ (သို့) ဘိုကိတ်ပဲ(သို့) ပဲလွမ်း (၃) ပြည်ကို နွေစပါးအောက်ရေ ထုတ်ပြီး နောက်ပိုင်း စပါးရိတ်သိမ်းခါနီးတွင် ကြဲပက်ပါ။ (ဈေးသက်သာသည် ပဲမျိုးကိုသုံးပါ)

၂။ စပါးရိတ်သိမ်းပြီးနောက်ပိုင်း ပဲပင်များ ပေါက်ရောလာပြီ ဖြစ်ပါသည်။

၃။ မိုးစပါးအတွက် မြေသြဇာထွန်ယက်ချိန်တွင် ပဲပင်များကို စပါးရိုးပြတ်များနှင့်အတူထယ်ထိုး၊ ထွန်မွှေပါ။

၄။ ဤသို့ပြုလုပ်ခြင်းဖြင့် အဓိက လိုအပ်သော အာဟာရဓာတ်များအပြင် အနည်းလို အာဟာရဓာတ်များကို သင်ကိုယ်တိုင် စိုက်ပျိုးထုတ်လုပ် ထည့်သွင်းပြီး ဖြစ်ပါသည်။ ငွေကုန်လည်းသက်သာ၊ မြေ၏ အာဟာရဓာတ် အစုံကိုလည်း ထည့်သွင်းပြီး မြေရုပ်ဂုဏ်သတ္တိကိုလည်း ကောင်းမွန်လာစေသည့် ရေ၇ှည်အကျိုးကျေးဇူးများရရှိလာမည် ဖြစ်ပါသည်။

နွေစပါး

၁။ အနှိမ့်ပိုင်းဒေသတွင် ကောက်ကြီး၊ ရာသီစပါးများ စိုက်သောနေရာများ ဧရာဝတီတွင် အချိန်မရသော်လည်း ကုန်းအမြင့်ပိုင်း၊ ကောက်လတ် နှင့် ကောက်ရင်များ စိုက်သောနေ ရာများတွင် ဖြစ်နိုင်ခြေရှိပါသည်။

၂။ တန်ဆောင်မုန်းတွင် ရိတ်သော ကောက်လတ် နှင့် ကောက်ရင်စပါးများတွင် စိုက်ချိန်စော၍ ပဲကြဲပြီး အပင်ဖြစ်ချိန် (၁) လနီးပါး ရသောနေရာများတွင် စမ်းသပ် စိုက်ပျိုးသင့်ပါသည်။

ပဲပင်များအကျိုးပြုပုံ

ပဲပင်တို့၏ အမြစ်များတွင် ရိုင်ဇိုဘီယမ် ဘက်တီးရီးယား မျက်စိဖြင့် မမြင်ရသော ဇီဝသက်ရှိ ဘက်တီးရီးယား များသည့် မြစ်ဖုများကို ဖြစ်ပေါ်စေပါသည်။ ယင်းဇီဝသက်ရှိများသည် လေထဲမှ နိုက်ထရိုဂျင် ဖမ်းယူထားပါသည်။ ပဲမြစ်ဖုထဲတွင် နေထိုင်သောဇီဝသက်ရှိများသည် တစ်ဧကလျှင် နိုက်ထရိုဂျင်ခေါ် ပုလဲမြေသြဇာကို ရရှိပြီး၊ မြေပေါ်မှ ပင်စည်အခက်အရွက်တို့မှ ဖော့စဖိတ် (တီစူပါ) နှင့် ပိုတက်ဆီယမ်ဓာတ် (ပိုတက် ခေါ်ပြာဓာတ်) အခြားအနည်းလို အာဟာရများကိုပါ ရရှိနိုင်ပါသည်။

ကောက်ရိုးပြတ်များမှ အကျိုးပြုပုံ

ကောက်ရိုးများနှင့် ရိုးပြတ်များကို လယ်မြေအတွင်းသို့ ထယ်ထိုးထွန်မွှေ၍ ပြန်လည်ထည့်ပေးြ ခင်းဖြင့် ကောက်ရိုးများ ကြေပျက်ပြီးနောက်၊ ကောက်ရိုးတွင်ပါဝင်သော ကာဘွန်ဓာတ်၊ ဖော့စဖိတ်ဓါတ် (တီစူပါ) နှင့် ပိုတက်ဆီယမ်ဓာတ် (ပိုတက် ခေါ် ပြာဓာတ်) အပင်မှ ပြန်လည်အသုံးပြုနိုင်ပါသည်။

သစ်စိမ်းမြေသြဇာ ပြုလုပ်သုံးစွဲခြင်းကြောင် အကျိုးဖြစ်ထွန်းမှု

(၁) သစ်စိမ်းမြေသြဇာအတွက် သီးနှံပင် တစ်မျိုးမျိုး စိုက်ပျိုးထားလျှင် မြေဆီလွှာတိုက်စားမှုကို အကာအကွယ် ဖြစ်စေသည်။

(၂) သစ်စိမ်းမြေသြဇာမှ သစ်ဆွေး (Humus) များ ရရှိလာသည်။

(၃) သစ်ဆွေးဓါတ်ကြောင့် မြေဆီလွှာဖွဲ့စည်းမှု (Soil Texture) ကောင်းမွန်တိုးတက်လာသည်။

(၄) မြေဆီလွှာ၏ အပူချိန် နှင့် အစိုဓာတ်ကို ပိုမိုထိန်းသိမ်းထားနိုင်သည်။

(၅) မြေအချဉ်၊ အငန် (pH) ဓါတ်ကို မျှတစေသည်။

(၆) မြေဆီလွှာအတွင်း လေဝင်လေထွက် ကောင်းမွန်စေသည်။

(၇) သစ်စိမ်းမြေဆွေးဓါတ်ကြောင့် သီးနှံအထွက်နှုန်း တိုးတက်စေသည်။

သစ်စိမ်းမြေသြဇာတွင် ပါဝင်သော အပင်အာဟာရဓာတ်များ

သစ်စိမ်းမြေသြဇာ နိုင်ထရိုဂျင် ဖော့စဖိတ် ပိုတက်စီယမ်

% % %

ညံပင် ၃.၂၂ ဝ.၂၉ ဝ.၉၅

ပိုက်ဆံလျှော် ၂.၆၆ ဝ.၄၀ ၁.၉၁

ပဲလွမ်း ၂.၅၈ ဝ.၃၃ ၁.၁၉

ပဲတီစိမ်း ၂.၄၈ ဝ.၂၄ ၁.၁၂

ဘောစကိုင်း ၂.၃၀ ဝ.၂၀ ၁.၅၆

ဒန့်ကျွဲ ၃.၁၅ ဝ.၃၆ ၃.၂၇

မဲရိုင်း ၃.၀၁ ဝ.၂၈ ၁.၈၈

ကုက္ကို ၃.၆၁ ဝ.၂၇ ၂.၃၂

ဗေဒါ ၂.၀၀ ၁.၁၀ ၂.၅၀

စိုက်ပျိုးရေးဦးစီးဌာန





Leave a Reply

Your email address will not be published. Required fields are marked *