BREAKING NEWS

ၾကက္သြန္နီျပည္ပတင္ပို႕မႈရပ္တန္႕ေန

ၾကက္သြန္နီျပည္ပတင္ပို႕မႈေစ်းကြက္မွာ ရပ္တန္႕ေနေၾကာင္း ျမန္မာႏုိင္ငံ ၾကက္သြန္နီ ၊ ၾကက္သြန္ျဖဴ ႏွင့္စားဖိုေဆာင္သီးႏွံစိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းမွသိရပါတယ္။

ယခုႏွစ္အတြင္း ျပည္ပဝယ္လုိအားမရွိတာေၾကာင့္ ၾကက္သြန္နီျပည္ပတင္ပုိ႕မႈရပ္တန္႕ေနတာျဖစ္တယ္ လို႕ ျမန္မာႏိုင္ငံၾကက္သြန္နီ ၊ ၾကက္သြန္ျဖဴႏွင့္စားဖိုေဆာင္သီးႏွံစိုက္ပ်ိဳးထုတ္လုပ္တင္ပို႕ေရာင္းခ်သူ မ်ားအသင္းမွ ဥကၠဌ ဦးခင္ဟန္ကေျပာပါတယ္။

“ ၾကက္သြန္နီကဒီႏွစ္မွာလည္း ျပည္ပတင္ပို႕မႈမရွိဘူး။ ဝယ္လိုအားမရွိသေလာက္ကိုနည္းတယ္။ အ ရင္ႏွစ္ကလည္း ျပည္ပကိုတင္ပို႕မႈကသိပ္မရွိဘူး။ အခုလက္ရွိက တရုတ္ကိုေလာက္ပဲသြားတယ္”

နယ္အစံုမွၾကက္သြန္နီကားမ်ားမွာတစ္ေန႕ကို ၾကက္သြန္နီကုန္တင္ကားအစီးေရ(၃၀)ခန္႕ဝန္းက်င္ ဝင္ေရာက္ေနတာျဖစ္ေၾကာင္းလည္း အဆိုပါအသင္းမွသိရပါတယ္။

ယခုလက္ရွိတြင္ ျမန္မာ့ၾကက္သြန္ကို တရုတ္နယ္စပ္မွတစ္ဆင့္တင္ပို႔မႈရွိေနတာျဖစ္ေၾကာင္း လည္း သိရပါတယ္။

ယခုလက္ရွိျပည္တြင္း ၾကက္သြန္နီေစ်းႏႈန္းမွာ တစ္ပိႆာကို ၈၅၀ က်ပ္ ၊ မံုရြာရွယ္ တစ္ပိႆာကို ၈၇၅ က်ပ္ နဲ႕ ပခုကၠဴရွယ္တစ္ပိႆာကို ၈၇၅ က်ပ္ရွိေၾကာင့္ ဘုရင့္ေနာင္ကုန္စည္ဒိုင္ေစ်းႏႈန္းစာ ရင္းမ်ားအရသိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

====================

ကြက်သွန်နီပြည်ပတင်ပို့မှုရပ်တန့်နေ
ကြက်သွန်နီပြည်ပတင်ပို့မှုဈေးကွက်မှာ ရပ်တန့်နေကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ နှင့်စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။
ယခုနှစ်အတွင်း ပြည်ပဝယ်လိုအားမရှိတာကြောင့် ကြက်သွန်နီပြည်ပတင်ပို့မှုရပ်တန့်နေတာဖြစ်တယ် လို့ မြန်မာနိုင်ငံကြက်သွန်နီ ၊ ကြက်သွန်ဖြူနှင့်စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူ များအသင်းမှ ဥက္ကဌ ဦးခင်ဟန်ကပြောပါတယ်။
“ ကြက်သွန်နီကဒီနှစ်မှာလည်း ပြည်ပတင်ပို့မှုမရှိဘူး။ ဝယ်လိုအားမရှိသလောက်ကိုနည်းတယ်။ အ ရင်နှစ်ကလည်း ပြည်ပကိုတင်ပို့မှုကသိပ်မရှိဘူး။ အခုလက်ရှိက တရုတ်ကိုလောက်ပဲသွားတယ်”
နယ်အစုံမှကြက်သွန်နီကားများမှာတစ်နေ့ကို ကြက်သွန်နီကုန်တင်ကားအစီးရေ(၃၀)ခန့်ဝန်းကျင် ဝင်ရောက်နေတာဖြစ်ကြောင်းလည်း အဆိုပါအသင်းမှသိရပါတယ်။
ယခုလက်ရှိတွင် မြန်မာ့ကြက်သွန်ကို တရုတ်နယ်စပ်မှတစ်ဆင့်တင်ပို့မှုရှိနေတာဖြစ်ကြောင်း လည်း သိရပါတယ်။
ယခုလက်ရှိပြည်တွင်း ကြက်သွန်နီဈေးနှုန်းမှာ တစ်ပိဿာကို ၈၅၀ ကျပ် ၊ မုံရွာရှယ် တစ်ပိဿာကို ၈၇၅ ကျပ် နဲ့ ပခုက္ကူရှယ်တစ်ပိဿာကို ၈၇၅ ကျပ်ရှိကြောင့် ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးနှုန်းစာ ရင်းများအရသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *