BREAKING NEWS

ႏွမ္းနက္မ်ိဳး(၂၀)ကို သုေတသန ေဆာင္ရြက္သြားမည္

ႏွမ္းနက္မ်ိဳး (၂၀)ရဲ႕ အရည္အခ်င္း လကၡဏာမ်ားကို သုေတသန ျပဳေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း စိုက္ပ်ိဳးေရးသုေတသနဦးစီးဌာနမွသိရပါတယ္။

ယခုႏွစ္ စက္တင္ဘာလမွစတင္ကာ ႏွမ္းနက္မ်ိဳးေပါင္း(၂၀)ကို သုေတသနျပဳေဆာင္ရြက္သြားမွာျဖစ္ တယ္လို႕ စိုက္ပ်ိဳးေရးသုေတသနဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ဦးႏုိင္ၾကည္ဝင္းကေျပာပါတယ္။

“ မ်ိဳးေစ့ထုတ္တဲ့အဆင့္ဆင့္လုပ္တာေတြကအခုမွစေတာ့ စနစ္တက်မ်ိဳးေစ့ထုုတ္တာကို နည္းပညာ ေရာfacility လိုအပ္ခ်က္ေတြကို JICA ဘက္ကေနကူညီေပးသြားမယ္။ႏွမ္းနက္မ်ိဳးရဲ႕အရည္အခ်င္း လကၡဏာအရည္အခ်င္းေတြကို သုေတသနျပဳေဆာင္ရြက္သြားမွာျဖစ္ပါတယ္”

ဂ်ပန္အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႕ (JICA) နဲ႕စိုက္ပ်ိဳးေရးသုေတသနဦးစီးဌာနတို႕ ပူးေပါင္းကာ လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္းသိရပါတယ္။

အဆိုပါႏွမ္းမ်ိဳးရဲ႕ အရည္အခ်င္း လကၡဏာမ်ားကို အေသးစိတ္သိရွိႏိုင္ရန္အတြက္ စိုက္ပ်ိဳးေရးသုေတ သနဦးစီးဌာန ေရဆင္းနဲ႕ မေကြးစိုက္ပ်ိဳးေရးသုေတသန ျခံမ်ားမွာ စမ္းသပ္ကြက္မ်ား စိုက္ပ်ိဳးကာ လက္ေတြ႕ေလ့လာျခင္းမ်ား ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္းသိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

====================

နှမ်းနက်မျိုး(၂၀)ကို သုတေသန ဆောင်ရွက်သွားမည်
နှမ်းနက်မျိုး (၂၀)ရဲ့ အရည်အချင်း လက္ခဏာများကို သုတေသန ပြုဆောင်ရွက်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှသိရပါတယ်။
ယခုနှစ် စက်တင်ဘာလမှစတင်ကာ နှမ်းနက်မျိုးပေါင်း(၂၀)ကို သုတေသနပြုဆောင်ရွက်သွားမှာဖြစ် တယ်လို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးနိုင်ကြည်ဝင်းကပြောပါတယ်။
“ မျိုးစေ့ထုတ်တဲ့အဆင့်ဆင့်လုပ်တာတွေကအခုမှစတော့ စနစ်တကျမျိုးစေ့ထုတ်တာကို နည်းပညာ ရောfacility လိုအပ်ချက်တွေကို JICA ဘက်ကနေကူညီပေးသွားမယ်။နှမ်းနက်မျိုးရဲ့အရည်အချင်း လက္ခဏာအရည်အချင်းတွေကို သုတေသနပြုဆောင်ရွက်သွားမှာဖြစ်ပါတယ်”
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JICA) နဲ့စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းကာ လုပ်ဆောင်သွားမှာဖြစ်ကြောင်းသိရပါတယ်။
အဆိုပါနှမ်းမျိုးရဲ့ အရည်အချင်း လက္ခဏာများကို အသေးစိတ်သိရှိနိုင်ရန်အတွက် စိုက်ပျိုးရေးသုတေ သနဦးစီးဌာန ရေဆင်းနဲ့ မကွေးစိုက်ပျိုးရေးသုတေသန ခြံများမှာ စမ်းသပ်ကွက်များ စိုက်ပျိုးကာ လက်တွေ့လေ့လာခြင်းများ ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *