BREAKING NEWS

ယခင္ႏွစ္ကာလတူထက္ သရက္သီးတန္ခ်ိန္ျပည္ပကို ပိုမိုတင္ပို႕ႏိုင္

ယခုဘ႑ာႏွစ္အတြင္း ယခင္ႏွစ္ကာလတူထက္ သရက္သီးတန္ခ်ိန္ျပည္ပကို ပိုမိုတင္ပို႕ႏိုင္ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွသိရပါတယ္။

ယခင္ႏွစ္ကာလတူထက္ တန္ခ်ိန္ ၂၇၀၀၀ ပိုမိုတင္ပို႔ႏိုင္ခဲ့တာျဖစ္တယ္လို႕စီးပြားေရးႏွင့္ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ လက္ေထာက္အတြင္းဝန္ဦးခင္ေမာင္လြင္ကေျပာပါတယ္။

“ျပည္ပႏိုင္ငံမ်ားက ပိုမိုဝယ္ယူမႈမ်ားရွိလာတဲ့အတြက္ အခုဘ႑ာႏွစ္မွာျမန္မာ့သရက္သီးတန္ခ်ိန္  ၄၅၀၀၀ ေက်ာ္တင္ပို႕ၿပီးသြားၿပီ။ ကာလတူ ထက္ စာလို႕ရွိရင္တန္ခ်ိန္ ၂၇၀၀၀ ေလာက္ပိုၿပီး ေတာ့တင္ပို႔ႏိုင္တဲ့အေနအထားရွိတယ္”

၂၀၁၈ – ၂၀၁၉ ဘ႑ာႏွစ္အတြင္း ေအာက္တိုဘာလမွ ဇြန္လ(၂၈)ရက္ေန႕အထိ သရက္သီးတန္ ခ်ိန္၄၅၀၀၀ တင္ပို႕ခဲ့ၿပီးၿပီးျဖစ္ေၾကာင္းလည္း အဆိုပါဝန္ႀကီးဌာနရဲ႕ စာရင္းမ်ားအရသိရပါတယ္။

ျမန္မာ့စိန္တလံုးသရက္သီးအမ်ိဳးအစားကို ျပည္ပႏိုင္ငံမ်ားမွ အဓိကဝယ္ယူမႈမ်ားရွိေနတဲ့အတြက္ တင္ပို႕ေနရတာျဖစ္ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွသိရပါတယ္။

ျမန္မာ့သရက္ကို တရုတ္ကိုအဓိကထားတင္ပို႕ေနၿပီး စင္ကာပူနဲ႕ ရရွားႏုိင္ငံမ်ားကလည္း တင္ပို႕ေန တာျဖစ္ေၾကာင္းသိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

======================

ယခင်နှစ်ကာလတူထက် သရက်သီးတန်ချိန်ပြည်ပကို ပိုမိုတင်ပို့နိုင်
ယခုဘဏ္ဍာနှစ်အတွင်း ယခင်နှစ်ကာလတူထက် သရက်သီးတန်ချိန်ပြည်ပကို ပိုမိုတင်ပို့နိုင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရပါတယ်။
ယခင်နှစ်ကာလတူထက် တန်ချိန် ၂၇၀၀၀ ပိုမိုတင်ပို့နိုင်ခဲ့တာဖြစ်တယ်လို့စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန်ဦးခင်မောင်လွင်ကပြောပါတယ်။
“ပြည်ပနိုင်ငံများက ပိုမိုဝယ်ယူမှုများရှိလာတဲ့အတွက် အခုဘဏ္ဍာနှစ်မှာမြန်မာ့သရက်သီးတန်ချိန် ၄၅၀၀၀ ကျော်တင်ပို့ပြီးသွားပြီ။ ကာလတူ ထက် စာလို့ရှိရင်တန်ချိန် ၂၇၀၀၀ လောက်ပိုပြီး တော့တင်ပို့နိုင်တဲ့အနေအထားရှိတယ်”
၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အောက်တိုဘာလမှ ဇွန်လ(၂၈)ရက်နေ့အထိ သရက်သီးတန် ချိန်၄၅၀၀၀ တင်ပို့ခဲ့ပြီးပြီးဖြစ်ကြောင်းလည်း အဆိုပါဝန်ကြီးဌာနရဲ့ စာရင်းများအရသိရပါတယ်။
မြန်မာ့စိန်တလုံးသရက်သီးအမျိုးအစားကို ပြည်ပနိုင်ငံများမှ အဓိကဝယ်ယူမှုများရှိနေတဲ့အတွက် တင်ပို့နေရတာဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရပါတယ်။
မြန်မာ့သရက်ကို တရုတ်ကိုအဓိကထားတင်ပို့နေပြီး စင်ကာပူနဲ့ ရရှားနိုင်ငံများကလည်း တင်ပို့နေ တာဖြစ်ကြောင်းသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *