BREAKING NEWS

အာတာလြတ္ဥ စိုက္ပ်ိဳးနည္း

အဂၤလိပ္အမည္ – Arrowroot

 သိပၸံနာမည္- Maranta arundinacea L.

အပူခ်ိန္

အာတာလြတ္ဥပင္သည္ အပူပိုင္းေဒသတြင္ ႀကီးထြားႏိုင္ၿပီး အေကာင္းဆုံး အပူခ်ိန္မွာ ၂၀-၃၀ ဒီဂရီစင္တီဂရိတ္ ျဖစ္သည္။

မိုးေရခ်ိန္

ႏွစ္စဥ္ မိုးေရခ်ိန္လက္မ အေနျဖင့္ ၃၇ လက္မမွ ၄၁ လက္မအၾကား ရရွိရန္ လိုအပ္ပါသည္။ အပင္ႀကီးထြားစဥ္ ကာလတစ္ေလွ်ာက္ ေရလုံေလာက္စြာ ရရွိရန္အေရးႀကီးပါသည္။ ထို႔မွသာ သင့္ေတာ္ေသာ အထြက္ႏႈန္းကိုသာ ရရွိမည္ ျဖစ္သည္။

ေျမအမ်ိဳးအစား

အာတာလြတ္ဥပင္သည္ ေရစိမ့္ဝင္မႈေကာင္း၍ အနည္းငယ္ခ်ဥ္ေသာ ႏႈန္းေျမမ်ိဳးတြင္ စိုက္ပ်ိဳးျဖစ္ထြန္းသည္။ ေရစိမ့္ဝင္မႈ မေကာင္းေသာ ၊ ႐ႊံ႕ေစးဆန္ေသာ ေျမမ်ိဳးတြင္ စိုက္ပ်ိဳးျခင္းကို ေရွာင္ၾကဥ္ပါ။ အာတာလြတ္ဥပင္သည္ ပင္လယ္ေရမ်က္ႏွာျပင္ အထက္ ၉၀၀ မီတာတြင္ စိုက္ပ်ိဳးႏိုင္သည္။ ေျမၾသဇာ ေကြၽးျခင္းသည္လည္း လြန္စြာ အေရးႀကီးသည္။ စိုက္ၿပီး ၁၄ ပတ္အၾကာတြင္ 8:5:14 NPK ကို ၁ ဟက္တာ လွ်င္ ၉၀၀ ကီလိုဂရမ္ ပမာဏျဖင့္ ေျမႀကီးထဲသို႔ ထည့္ေပးပါ။

စိုက္ပ်ိဳးပုံ အဆင့္ဆင့္

ပုံမွန္အားျဖင့္ အာတာလြတ္ဥပင္၏ သားတက္ကိုယူ၍ စိုက္ပ်ိဳးေလ့ရွိၾကသည္။ သားတက္ ယူရာတြင္ အဖူးပါ၍ ၄-၇ စင္တီမီတာ အရွည္ရွိေသာ သားတက္ကိုသာ ေ႐ြးခ်ယ္စိုက္ပ်ိဳး သင့္သည္။ ထို႔ေနာက္ မ်ိဳးေညာင့္ေပါက္အား ေကာင္းမြန္ေစရန္အတြက္ မီးခိုးမႈိင္း တိုက္ႏိုင္ပါသည္။ ေျမျပင္မွ ထြက္လာေသာ အပင္အတက္ ကေလးမ်ားကို ယူ၍လည္း ေမြးႏိုင္သည္။

မိုးဦးကာလအေစာပိုင္းတြင္ စတင္၍ စိုက္ပ်ိဳးႏိုင္သည္။ ေကာင္းစြာ ထယ္ထိုးထြန္ေမႊ ထားေသာ ေျမေနရာမ်ိဳးတြင္ ၈ – ၁၅ စင္တီမီတာ အနက္ရွိေသာ တြင္းေလးမ်ား တူး၍ ထိုတြင္းထဲသို႔ စိုက္ပ်ိဳးမည့္ အာတာလြတ္ဥအတက္မ်ားအား ခ်ပါ။ ထို႔ေနာက္ ေျမျဖင့္ ျပန္ဖုံးပါ။ စိုက္ၿပီး ၃လမွ ၄လ အတြင္း ေပါင္းျမက္မ်ား ေပါက္ေရာက္မႈ မရွိေစရန္ သတိျပဳပါ။ ထို႔ေနာက္ အပင္မွ အပြင့္မ်ား ပြင့္လာလွ်င္လည္း အပြင့္မ်ားကို ဖယ္ရွားေပးပါ။

အာတာလြတ္ဥပင္ကို ၅-၇ ႏွစ္ခန႔္ အၾကာတြင္ အျခားေသာ သီးႏွံမ်ားႏွင့္ လွည့္၍ သီးလွည့္စိုက္ပ်ိဳးႏိုင္ပါသည္။ သို႔မွသာ ေရာဂါႏွင့္ ပိုးမႊားက်ေရာက္မႈကို ေလ်ာ့ခ်ႏိုင္မည္ ျဖစ္သည္။ စိုက္ပ်ိဳးရာတြင္ ပင္ၾကားတန္းၾကားကို ၇၅ × ၃၇.၅ စင္တီမီတာ ျခား၍ စိုက္ပ်ိဳးႏိုင္ပါသည္။ မ်ိဳးေစ့ ႏႈန္းထားအေနျဖင့္ တစ္ဟက္တာလွ်င္ ၃၀၀၀ – ၃၅၀၀ ကီလိုဂရမ္ ပမာဏကို အသုံးျပဳပါ။

က်ေရာက္တတ္ေသာ ေရာဂါႏွင့္ ပိုးမႊားမ်ား

အာတာလြတ္ဥသည္ ေရာဂါႏွင့္ ပိုးမႊားမ်ားက်ေရာက္မႈ သိပ္မရွိေပ။ သို႔ေသာ္လည္း ႐ြက္လိပ္ပိုး ၊ လိပ္ျပာျဖဴ ၊ ေျမေခြးပုရစ္ ႏွင့္ အျခားေသာ ေျမေအာင္းပိုးမ်ား က်ေရာက္မႈမ်ားလည္း ရွိတတ္ သည္။ ႐ြက္လိပ္ပိုး က်ေရာက္မႈ ရွိလွ်င္ ဒက္တာမီသရင္း ပိုးသတ္ေဆးကို အသုံးျပဳႏိုင္သည္။ စိုစြတ္ေသာ ေဒသမ်ားတြင္ စိုက္ပ်ိဳးလွ်င္ တခါတရံတြင္မူ မႈိေရာဂါေၾကာင့္ ျမစ္ပုပ္ ဥပုပ္ ေရာဂါမ်ား ျဖစ္ေပၚေစႏိုင္သည္။ ထိုအခါ ေျမေအာင္းမႈိသတ္ေဆးအျဖစ္ ကာဗိုက္ဒီဇင္ ႏွင့္ ဟိုက္မန္ဒါေဇာ အစရွိေသာ မႈိသတ္ေဆးတို႔ကို ေ႐ြးခ်ယ္ အသုံးျပဳႏိုင္ပါသည္။ အာဟာရခ်ိဳ႕တဲ့လွ်င္မူ အျမစ္မႊားမ်ားမွာ အလြန္ေသးငယ္လာၿပီး ဖြာထြက္လာသည္။ ထို႔အျပင္ အထြက္ႏႈန္းကိုလည္း ထိခိုက္ေစႏိုင္သည္။

ကီးထြားရန္ ၾကာေသာအခ်ိန္

အာတာလြတ္ဥသည္ စိုက္ပ်ိဳးခ်ိန္မွ ရင့္မွည့္ခ်ိန္ အထိ ၁၀-၁၁ လခန႔္ ၾကာတတ္သည္။

ခူးဆြတ္ရိတ္သိမ္းျခင္း

အာတာလြတ္ဥပင္မွ အ႐ြက္မ်ား ညႇိဳးေျခာက္ၿပီး ေသသြားၿပီ ဆိုလွ်င္ေတာ့ အာတာလြတ္ဥမ်ားကို စတင္၍ ရိတ္သိမ္းႏိုင္ၿပီ ျဖစ္သည္။ ရိတ္သိမ္းရာတြင္ ပင္စည္ကိုတူး၍ အျမစ္မွ အာတာလြတ္ဥကို လက္ျဖင့္ ဆြဲယူႏိုင္ပါသည္။ အာတာလြတ္ဥသည္ ရိတ္သိမ္းၿပီးသည္ႏွင့္ ဥအတြင္းမွ ေရဓာတ္ဆုံးရႈံးမႈ မ်ားသျဖင့္ ၾကာရွည္ အထားမခံတတ္သရာ ေရရွည္ သိုေလွာင္ဖို႔ရန္ မသင့္ေတာ္ေပ။ ထို႔ေၾကာင့္ တခ်ိဳ႕ေသာ မ်ိဳးမ်ားသည္ ရိတ္သိမ္းၿပီး ၂ ရက္ၾကာသည္ အထိသာ တာရွည္ ခံႏိုင္ေသာ္လည္း တခ်ိဳ႕မ်ိဳးမွာ ၇ ရက္ၾကာသည္အထိ တာရွည္ခံတတ္သည္။

အထြက္ႏႈန္း

အထြက္ႏႈန္းအေနျဖင့္ တစ္ဧကလွ်င္ ပ်မ္းမွ် ပိႆာ ၃၀၀၀ ေက်ာ္ အထိ ထြက္သည္။ သင့္ေတာ္ေသာ ေရေျမရာသီ ဥတု ရလွ်င္မူ ပိႆာ ၇၀၀၀ ေက်ာ္အထိထြက္ႏိုင္သည္။

စိုက္ပ်ိဳးေရးဦးစီးဌာန

အာတာလွတ်ဥ စိုက်ပျိုးနည်း

အင်္ဂလိပ်အမည် – Arrowroot
သိပ္ပံနာမည်- Maranta arundinacea L.
အပူချိန်
အာတာလွတ်ဥပင်သည် အပူပိုင်းဒေသတွင် ကြီးထွားနိုင်ပြီး အကောင်းဆုံး အပူချိန်မှာ ၂၀-၃၀ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။
မိုးရေချိန်
နှစ်စဉ် မိုးရေချိန်လက်မ အနေဖြင့် ၃၇ လက်မမှ ၄၁ လက်မအကြား ရရှိရန် လိုအပ်ပါသည်။ အပင်ကြီးထွားစဉ် ကာလတစ်လျှောက် ရေလုံလောက်စွာ ရရှိရန်အရေးကြီးပါသည်။ ထို့မှသာ သင့်တော်သော အထွက်နှုန်းကိုသာ ရရှိမည် ဖြစ်သည်။
မြေအမျိုးအစား
အာတာလွတ်ဥပင်သည် ရေစိမ့်ဝင်မှုကောင်း၍ အနည်းငယ်ချဉ်သော နှုန်းမြေမျိုးတွင် စိုက်ပျိုးဖြစ်ထွန်းသည်။ ရေစိမ့်ဝင်မှု မကောင်းသော ၊ ရွှံ့စေးဆန်သော မြေမျိုးတွင် စိုက်ပျိုးခြင်းကို ရှောင်ကြဉ်ပါ။ အာတာလွတ်ဥပင်သည် ပင်လယ်ရေမျက်နှာပြင် အထက် ၉၀၀ မီတာတွင် စိုက်ပျိုးနိုင်သည်။ မြေသြဇာ ကျွေးခြင်းသည်လည်း လွန်စွာ အရေးကြီးသည်။ စိုက်ပြီး ၁၄ ပတ်အကြာတွင် 8:5:14 NPK ကို ၁ ဟက်တာ လျှင် ၉၀၀ ကီလိုဂရမ် ပမာဏဖြင့် မြေကြီးထဲသို့ ထည့်ပေးပါ။
စိုက်ပျိုးပုံ အဆင့်ဆင့်
ပုံမှန်အားဖြင့် အာတာလွတ်ဥပင်၏ သားတက်ကိုယူ၍ စိုက်ပျိုးလေ့ရှိကြသည်။ သားတက်ယူရာတွင် အဖူးပါ၍ ၄-၇ စင်တီမီတာ အရှည်ရှိသော သားတက်ကိုသာ ရွေးချယ်စိုက်ပျိုးသင့်သည်။ ထို့နောက် မျိုးညောင့်ပေါက်အား ကောင်းမွန်စေရန်အတွက် မီးခိုးမှိုင်း တိုက်နိုင်ပါသည်။ မြေပြင်မှ ထွက်လာသော အပင်အတက် ကလေးများကို ယူ၍လည်း မွေးနိုင်သည်။
မိုးဦးကာလအစောပိုင်းတွင် စတင်၍ စိုက်ပျိုးနိုင်သည်။ ကောင်းစွာ ထယ်ထိုးထွန်မွှေ ထားသော မြေနေရာမျိုးတွင် ၈ – ၁၅ စင်တီမီတာ အနက်ရှိသော တွင်းလေးများ တူး၍ ထိုတွင်းထဲသို့ စိုက်ပျိုးမည့် အာတာလွတ်ဥအတက်များအား ချပါ။ ထို့နောက် မြေဖြင့် ပြန်ဖုံးပါ။ စိုက်ပြီး ၃လမှ ၄လ အတွင်း ပေါင်းမြက်များ ပေါက်ရောက်မှု မရှိစေရန် သတိပြုပါ။ ထို့နောက် အပင်မှ အပွင့်များ ပွင့်လာလျှင်လည်း အပွင့်များကို ဖယ်ရှားပေးပါ။
အာတာလွတ်ဥပင်ကို ၅-၇ နှစ်ခန့် အကြာတွင် အခြားသော သီးနှံများနှင့် လှည့်၍ သီးလှည့်စိုက်ပျိုးနိုင်ပါသည်။ သို့မှသာ ရောဂါနှင့် ပိုးမွှားကျရောက်မှုကို လျော့ချနိုင်မည် ဖြစ်သည်။ စိုက်ပျိုးရာတွင် ပင်ကြားတန်းကြားကို ၇၅ × ၃၇.၅ စင်တီမီတာ ခြား၍ စိုက်ပျိုးနိုင်ပါသည်။ မျိုးစေ့ နှုန်းထားအနေဖြင့် တစ်ဟက်တာလျှင် ၃၀၀၀ – ၃၅၀၀ ကီလိုဂရမ် ပမာဏကို အသုံးပြုပါ။
ကျရောက်တတ်သော ရောဂါနှင့် ပိုးမွှားများ
အာတာလွတ်ဥသည် ရောဂါနှင့် ပိုးမွှားများကျရောက်မှု သိပ်မရှိပေ။ သို့သော်လည်း ရွက်လိပ်ပိုး ၊ လိပ်ပြာဖြူ ၊ မြေခွေးပုရစ် နှင့် အခြားသော မြေအောင်းပိုးများ ကျရောက်မှုများလည်း ရှိတတ်သည်။ ရွက်လိပ်ပိုး ကျရောက်မှု ရှိလျှင် ဒက်တာမီသရင်း ပိုးသတ်ဆေးကို အသုံးပြုနိုင်သည်။ စိုစွတ်သော ဒေသများတွင် စိုက်ပျိုးလျှင် တခါတရံတွင်မူ မှိုရောဂါကြောင့် မြစ်ပုပ် ဥပုပ် ရောဂါများ ဖြစ်ပေါ်စေနိုင်သည်။ ထိုအခါ မြေအောင်းမှိုသတ်ဆေးအဖြစ် ကာဗိုက်ဒီဇင် နှင့် ဟိုက်မန်ဒါဇော အစရှိသော မှိုသတ်ဆေးတို့ကို ရွေးချယ် အသုံးပြုနိုင်ပါသည်။ အာဟာရချို့တဲ့လျှင်မူ အမြစ်မွှားများမှာ အလွန်သေးငယ်လာပြီး ဖွာထွက်လာသည်။ ထို့အပြင် အထွက်နှုန်းကိုလည်း ထိခိုက်စေနိုင်သည်။
ကြီးထွားရန် ကြာသောအချိန်
အာတာလွတ်ဥသည် စိုက်ပျိုးချိန်မှ ရင့်မှည့်ချိန် အထိ ၁၀-၁၁ လခန့် ကြာတတ်သည်။
ခူးဆွတ်ရိတ်သိမ်းခြင်း
အာတာလွတ်ဥပင်မှ အရွက်များ ညှိုးခြောက်ပြီး သေသွားပြီ ဆိုလျှင်တော့ အာတာလွတ်ဥများကို စတင်၍ ရိတ်သိမ်းနိုင်ပြီ ဖြစ်သည်။ ရိတ်သိမ်းရာတွင် ပင်စည်ကိုတူး၍ အမြစ်မှ အာတာလွတ်ဥကို လက်ဖြင့် ဆွဲယူနိုင်ပါသည်။ အာတာလွတ်ဥသည် ရိတ်သိမ်းပြီးသည်နှင့် ဥအတွင်းမှ ရေဓာတ်ဆုံးရှုံးမှု များသဖြင့် ကြာရှည် အထားမခံတတ်သရာ ရေရှည် သိုလှောင်ဖို့ရန် မသင့်တော်ပေ။ ထို့ကြောင့် တချို့သော မျိုးများသည် ရိတ်သိမ်းပြီး ၂ ရက်ကြာသည် အထိသာ တာရှည် ခံနိုင်သော်လည်း တချို့မျိုးမှာ ၇ ရက်ကြာသည်အထိ တာရှည်ခံတတ်သည်။
အထွက်နှုန်း
အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပျမ်းမျှ ပိဿာ ၃၀၀၀ ကျော် အထိ ထွက်သည်။ သင့်တော်သော ရေမြေရာသီ ဥတု ရလျှင်မူ ပိဿာ ၇၀၀၀ ကျော်အထိထွက်နိုင်သည်။





Leave a Reply

Your email address will not be published. Required fields are marked *