BREAKING NEWS

စားေတာ္ပဲတင္သြင္းမႈယာယီရပ္ဆိုင္းထားမည္

ျပည္ပမွစားေတာ္ပဲတင္သြင္းမႈကို ေခတၱယာယီရပ္ဆိုင္းထားမွာျဖစ္ေၾကာင္းစီးပြားေရးႏွင့္ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာနမွသိရပါတယ္။

စားေတာ္ပဲတင္သြင္းမႈအေပၚ ကန္႕ကြက္မႈမ်ားရွိေနတဲ့အတြက္ ယာယီဆိုင္းငံ့ထားတာ ျဖစ္ပါတယ္လို႕ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ လက္ေထာက္အတြင္းဝန္ဦးခင္ေမာင္လြင္ကေျပာ ပါတယ္။

“ျပည္ပကေန စားေတာ္ပဲတင္သြင္းဖို႕ ေဆြးေႏြးတာကေတာ့ တန္ငါးေသာင္း ျဖစ္မယ္။ ႏိုဝင္ဘာ မွာအ ၿပီးတင္သြင္းရမယ္ဆိုၿပီးေတာ့ ေဆြးေႏြးခဲ့ တာေပါ့။  ဒီေပၚမွာလည္း ကန္႕ကြက္မႈေတြရွိေနေသးေတာ့ ။ေလာေလာဆယ္မွာ တင္သြင္းမယ့္အစီအ စဥ္နဲ႕ပတ္သတ္ၿပီးယာယီဆိုင္းငံ့ထားတာေပါ့”

ျမန္မာႏိုင္ငံပဲမ်ိဳးစံုႏွင့္ႏွမ္းကုန္သည္မ်ားအသင္း ရဲ႕အလုပ္အမႈေဆာင္အစည္းအေဝး ေဆြးေႏြးဆံုးျဖတ္ ခ်က္အရ စားေတာ္ပဲတင္သြင္းမႈကိုဆိုင္းငံ့ထားသင့္ပါေၾကာင္းကို စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနကို အၾကံျပဳတင္ျပရန္ေၾကျငာခ်က္ကို ဇူလိုင္လ(၃)ရက္ေန႔ ထုတ္ျပန္ခဲ့ပါတယ္။

ျမန္မာ့ပဲမ်ားျဖစ္တဲ့ မတ္ပဲ ၊ ပဲတီစိမ္းနဲ႕ ပဲစဥ္းငံုမ်ားကို အိႏိၵယႏိုင္ငံကိုအဓိကထားတင္ပို႕ေနတာျဖစ္ ေၾကာင္းလည္း ျမန္မာႏိုင္ငံပဲမ်ိဳးစံုႏွင့္ႏွမ္းကုန္သည္မ်ားအသင္းမွသိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

====================

စားတော်ပဲတင်သွင်းမှုယာယီရပ်ဆိုင်းထားမည်
ပြည်ပမှစားတော်ပဲတင်သွင်းမှုကို ခေတ္တယာယီရပ်ဆိုင်းထားမှာဖြစ်ကြောင်းစီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရပါတယ်။
စားတော်ပဲတင်သွင်းမှုအပေါ် ကန့်ကွက်မှုများရှိနေတဲ့အတွက် ယာယီဆိုင်းငံ့ထားတာ ဖြစ်ပါတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန်ဦးခင်မောင်လွင်ကပြော ပါတယ်။
“ပြည်ပကနေ စားတော်ပဲတင်သွင်းဖို့ ဆွေးနွေးတာကတော့ တန်ငါးသောင်း ဖြစ်မယ်။ နိုဝင်ဘာ မှာအ ပြီးတင်သွင်းရမယ်ဆိုပြီးတော့ ဆွေးနွေးခဲ့ တာပေါ့။ ဒီပေါ်မှာလည်း ကန့်ကွက်မှုတွေရှိနေသေးတော့ ။လောလောဆယ်မှာ တင်သွင်းမယ့်အစီအ စဉ်နဲ့ပတ်သတ်ပြီးယာယီဆိုင်းငံ့ထားတာပေါ့”
မြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်း ရဲ့အလုပ်အမှုဆောင်အစည်းအဝေး ဆွေးနွေးဆုံးဖြတ် ချက်အရ စားတော်ပဲတင်သွင်းမှုကိုဆိုင်းငံ့ထားသင့်ပါကြောင်းကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို အကြံပြုတင်ပြရန်ကြေငြာချက်ကို ဇူလိုင်လ(၃)ရက်နေ့ ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာ့ပဲများဖြစ်တဲ့ မတ်ပဲ ၊ ပဲတီစိမ်းနဲ့ ပဲစဉ်းငုံများကို အိန္ဒိယနိုင်ငံကိုအဓိကထားတင်ပို့နေတာဖြစ် ကြောင်းလည်း မြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *