BREAKING NEWS

ဒူးရင္းမ်ိဳးသန္႔ (၁) ကိုင္းဆက္ပံု

၁။ ေအာက္ခံပင္ကို ျဖတ္ေတာက္ၿပီး ဓါးပါးျဖင့္ (၁) လက္မအနက္ခန္႔ ပင္စည္အလယ္တည့္ တည့္ခြဲ၍ လွီးပါ။

၂။ အဖူးကိုင္းကို သပ္ပံုသ႑ာန္ (၁.၅) လက္မခန္႔ လွီးယူပါ။

၃။ အလယ္တည့္တည့္လွီးထားသည့္ ေအာက္ခံပင္ အကြဲေၾကာင္းအတိုင္း အဖူးကိုင္းကို (၀.၅) လက္မအနက္ထိျမဳပ္ေပးပါ။

၄။ အဖူးကိုင္းျမဳပ္ရာတြင္ မိမိလွီးျဖတ္ထားသည့္ မ်က္ႏွာျပင္ ေပ်ာက္သည္အထိ ျမဳပ္ေပးပါ။

၅။ အဖူးျမွပ္ၿပီးပါက ကြင္းေလ်ာစြပ္ထားသည့္ ပလတ္စတစ္ႀကိဳင္းျဖင့္ ၿမဲၿမံစြာ စည္းေပးပါ။

၆။ ေအာက္ခံပင္တြင္ ဒူးရင္းမ်ိဳးသန္႔ (၁) အဖူးကိုင္းထည့္ကာ ပလတ္စတစ္ခ်ည္ေႏွာင္ၿပီးပါက ကိုင္းဆက္ၿပီး အေနအထားရရွိပါသည္။

၇။ ကိုင္းဆက္ထားၿပီးပ်ိဳးပင္မ်ားကို  (၃) ေပအက်ယ္၊ (၃) ေပအျမင့္ ၊ အရွည္ (၈)ေပရွိ ပလတ္စတစ္ အုပ္ေဆာင္းအတြင္း ထည့္၍ ဖံုးအုပ္ပါ။

၄င္းအုပ္ေဆာင္းတစ္ခုတြင္ အပင္ (၅၀၀) ခန္႔ ၀င္ဆန္႔ပါသည္။

၈။ ပလတ္စတစ္အုပ္ေဆာင္းကို အရိပ္ေအာက္တြင္ ျပဳလုပ္ၿပီး ကိုင္းဆက္ၿပီး ပ်ိဳးပင္မ်ားကို ထည့္ကာ (၃) ပတ္ / ၂၁ ရက္ခန္႔ အလံုပိတ္ပါ။

၉။ ပလတ္စတစ္ အုပ္ေဆာင္းအတြင္း အလံုဖံုးအုပ္ၿပီး (၂၁) ရက္ၾကာလွ်င္ ပလတ္စတစ္ေပါင္းဖြင့္ ေပးပါ။

၁၀။ အထက္ေဖာ္ျပပါနည္းစနစ္အတိုင္း တိက်စြာ လိုက္နာေဆာင္ရြက္ပါက (၉၄%) ထိေအာင္ျမင္ေနသည့္ မ်ိဳးသန္႔ (၁) ဒူးရင္းကိုင္းဆက္ ပ်ိဳးပင္ မ်ားကို ရရွိပါသည္။

(၁၁) ပလတ္စတစ္ေပါင္းမိုးဖြင့္ၿပီး ေအာင္ျမင္ေနသည့္ ကိုင္းဆက္ပ်ိဳးပင္မ်ားကို (၇ – ၉) လက္မ အရြယ္ပလတ္စတစ္အိတ္အမဲျဖင့္ ေျပာင္းေရႊ႕ထည့္ေပးပါ။

(၁၂) (၇ – ၉) လက္မအရြယ္ ပလတ္စတစ္အိတ္မဲတြင္ ေျမစာအျဖင့္ ၾကက္ေခ်း (၂) ဆ၊ စက္ဖြဲျပာ (၁) ဆ၊ ေျမေဆြး (သို႔) ေျမက်က္ (၁) ဆ ေရာစပ္၍ ထည့္ေပးပါ။

(၁၃) အိတ္မဲျဖင့္ လဲၿပီးသည့္ ကိုင္းဆက္ပ်ိဳးပင္မ်ားကို မႈိသတ္ေဆး (ေဖၚတာဇက္) ေရတစ္ဂါလံ (၁) ဇြန္းႏႈန္းေဖ်ာ္စပ္၍ ဖ်န္းေပးပါ။

(၁၄) အိတ္မဲလဲၿပီးသည့္ ကိုင္းဆက္ပ်ိဳးပင္မ်ားကို တစ္ပတ္တစ္ႀကိမ္ ေရမွန္မွန္ေလာင္းေပးပါ။

(၁၅) အိတ္မဲလဲၿပီး ဒူးရင္းမ်ိဳးသန္႔ (၁) ကိုင္းဆက္ပ်ိဳးပင္မ်ားကို၊ ေနရိပ္ေအာက္တြင္ ထားၿပီး ရြက္စား ပိုးက်ေရာက္မႈ ေတြ႔ရွိပါက ျမန္မာဆိုက္ပါပိုးသတ္ေဆး ေရတစ္ဂါလံ (၁) ဇြန္းႏႈန္းဖ်န္းေပးပါ။

စိုက္ပ်ိဳးေရးဦးစီးဌာန

Unicode ျဖင့္ဖတ္ရန္

ဒူးရင်းမျိုးသန့် (၁) ကိုင်းဆက်ပုံ

========================

၁။ အောက်ခံပင်ကို ဖြတ်တောက်ပြီး ဓါးပါးဖြင့် (၁) လက်မအနက်ခန့် ပင်စည်အလယ်တည့် တည့်ခွဲ၍ လှီးပါ။

၂။ အဖူးကိုင်းကို သပ်ပုံသဏ္ဍာန် (၁.၅) လက်မခန့် လှီးယူပါ။

၃။ အလယ်တည့်တည့်လှီးထားသည့် အောက်ခံပင် အကွဲကြောင်းအတိုင်း အဖူးကိုင်းကို (ဝ.၅) လက်မအနက်ထိမြုပ်ပေးပါ။

၄။ အဖူးကိုင်းမြုပ်ရာတွင် မိမိလှီးဖြတ်ထားသည့် မျက်နှာပြင် ပျောက်သည်အထိ မြုပ်ပေးပါ။

၅။ အဖူးမြှပ်ပြီးပါက ကွင်းလျောစွပ်ထားသည့် ပလတ်စတစ်ကြိုင်းဖြင့် မြဲမြံစွာ စည်းပေးပါ။

၆။ အောက်ခံပင်တွင် ဒူးရင်းမျိုးသန့် (၁) အဖူးကိုင်းထည့်ကာ ပလတ်စတစ်ချည်နှောင်ပြီးပါက ကိုင်းဆက်ပြီး အနေအထားရရှိပါသည်။

၇။ ကိုင်းဆက်ထားပြီးပျိုးပင်များကို (၃) ပေအကျယ်၊ (၃) ပေအမြင့် ၊ အရှည် (၈)ပေရှိ ပလတ်စတစ် အုပ်ဆောင်းအတွင်း ထည့်၍ ဖုံးအုပ်ပါ။

၎င်းအုပ်ဆောင်းတစ်ခုတွင် အပင် (၅၀၀) ခန့် ဝင်ဆန့်ပါသည်။

၈။ ပလတ်စတစ်အုပ်ဆောင်းကို အရိပ်အောက်တွင် ပြုလုပ်ပြီး ကိုင်းဆက်ပြီး ပျိုးပင်များကို ထည့်ကာ (၃) ပတ် / ၂၁ ရက်ခန့် အလုံပိတ်ပါ။

၉။ ပလတ်စတစ် အုပ်ဆောင်းအတွင်း အလုံဖုံးအုပ်ပြီး (၂၁) ရက်ကြာလျှင် ပလတ်စတစ်ပေါင်းဖွင့် ပေးပါ။

၁၀။ အထက်ဖော်ပြပါနည်းစနစ်အတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ပါက (၉၄%) ထိအောင်မြင်နေသည့် မျိုးသန့် (၁) ဒူးရင်းကိုင်းဆက် ပျိုးပင် များကို ရရှိပါသည်။

(၁၁) ပလတ်စတစ်ပေါင်းမိုးဖွင့်ပြီး အောင်မြင်နေသည့် ကိုင်းဆက်ပျိုးပင်များကို (၇ – ၉) လက်မ အရွယ်ပလတ်စတစ်အိတ်အမဲဖြင့် ပြောင်းရွှေ့ထည့်ပေးပါ။

(၁၂) (၇ – ၉) လက်မအရွယ် ပလတ်စတစ်အိတ်မဲတွင် မြေစာအဖြင့် ကြက်ချေး (၂) ဆ၊ စက်ဖွဲပြာ (၁) ဆ၊ မြေဆွေး (သို့) မြေကျက် (၁) ဆ ရောစပ်၍ ထည့်ပေးပါ။

(၁၃) အိတ်မဲဖြင့် လဲပြီးသည့် ကိုင်းဆက်ပျိုးပင်များကို မှိုသတ်ဆေး (ဖေါ်တာဇက်) ရေတစ်ဂါလံ (၁) ဇွန်းနှုန်းဖျော်စပ်၍ ဖျန်းပေးပါ။

(၁၄) အိတ်မဲလဲပြီးသည့် ကိုင်းဆက်ပျိုးပင်များကို တစ်ပတ်တစ်ကြိမ် ရေမှန်မှန်လောင်းပေးပါ။

(၁၅) အိတ်မဲလဲပြီး ဒူးရင်းမျိုးသန့် (၁) ကိုင်းဆက်ပျိုးပင်များကို၊ နေရိပ်အောက်တွင် ထားပြီး ရွက်စား ပိုးကျရောက်မှု တွေ့ရှိပါက မြန်မာဆိုက်ပါပိုးသတ်ဆေး ရေတစ်ဂါလံ (၁) ဇွန်းနှုန်းဖျန်းပေးပါ။

စိုက်ပျိုးရေးဦးစီးဌာန





Leave a Reply

Your email address will not be published. Required fields are marked *