ေကာင္းမြန္ေသာစိုက္ပ်ိဳးေရးအေလ့အက်င့္ (GAP) လက္မွတ္ ကို အြန္လိုင္းမွ ထုတ္ေပးႏိုင္ရန္ စီစဥ္ေဆာင္ ရြက္ေန

ေကာင္းမြန္ေသာစိုက္ပ်ိဳးေရးအေလ့အက်င့္ (GAP) လက္မွတ္ကို အြန္လိုင္းမွ ထုတ္ေပးႏိုင္ရန္ စီစဥ္ ေဆာင္ြ ရက္ေနေၾကာင္း စိုက္ပ်ိဳးေရးဦးစီးဌာန ၊ ဥယ်ာဥ္ျခံဟင္းသီးဟင္းရြက္ႏွင့္အပင္ဇီဝ နည္းပညာ ဌာနခြဲမွသိရပါတယ္။

အခုလက္ရွိအခ်ိန္မွာ လက္မွတ္ကို အြန္လိုင္းမွတစ္ဆင့္ထုတ္ေပးႏိုင္ရန္ နည္းပညာေဆာင္ရြက္မႈမ်ား လုပ္ေဆာင္ေနတယ္လို႕ စိုက္ပ်ိဳးေရးဦးစီးဌာန ၊ ဥယ်ာဥ္ျခံဟင္းသီးဟင္းရြက္ႏွင့္အပင္ဇီဝနည္းပညာဌာ နခြဲမွ ညႊန္ၾကားေရးမွဴး ဦးသူရစိုးကေျပာပါတယ္။

“ အခုကေတာ့ ေကာင္းမြန္ေသာစိုက္ပ်ိဳးေရးအေလ့အက်င့္ (GAP)လက္မွတ္ကိုရရွိေစႏိုင္ဖို႔အတြက္ နည္းပညာကုမၸဏီတစ္ခုနဲ႕ခ်ိတ္ဆက္ေဆာင္ရြက္ေနၿပီး စမ္းသပ္လုပ္ေဆာင္ေနပါတယ္။အြန္လိုင္း စနစ္ကို စမ္းသပ္ၿပီး လို႕ ရွိရင္ေတာ့ တရားဝင္ျဖန္႕ေပးသြားမွာပါ”

ေကာင္းမြန္ေသာစိုက္ပ်ိဳးေရးအေလ့အက်င့္ (GAP) လက္မွတ္ အြန္လိုင္းမွ ထုတ္ေပးႏိုင္ေရးကို ၾသဂုတ္လမွာ တရားဝင္လုပ္ေဆာင္ႏိုင္ရန္ လုပ္ေဆာင္ေနတာျဖစ္ေၾကာင္းလည္း အဆိုပါဌာနခြဲမွ သိရပါတယ္။

တိုင္းေဒသႀကီး ၊ ျပည္နယ္မ်ားရွိသက္ဆိုင္ရာေဒသမ်ားမွ ေကာင္းမြန္ေသာစိုက္ပ်ိဳးေရးအေလ့အက်င့္ (GAP) အသိအမွတ္ျပဳလုပ္မွတ္ ေလွ်ာက္ထားမႈ ၊ အကဲျဖတ္မႈ ၊မွန္ကန္ေၾကာင္းအတည္ျပဳမႈနဲ႕ အသိ အမွတ္ျပဳလက္မွတ္ကို အြန္လိုင္းမွထုတ္ေပးႏုိင္ေရးအတြက္ စီစဥ္ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

=======================

ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့် (GAP) လက်မှတ် ကို အွန်လိုင်းမှ ထုတ်ပေးနိုင်ရန် စီစဉ်ဆောင် ရွက်နေ
ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့် (GAP) လက်မှတ်ကို အွန်လိုင်းမှ ထုတ်ပေးနိုင်ရန် စီစဉ် ဆောင်ွ ရက်နေကြောင်း စိုက်ပျိုးရေးဦးစီးဌာန ၊ ဥယျာဉ်ခြံဟင်းသီးဟင်းရွက်နှင့်အပင်ဇီဝ နည်းပညာ ဌာနခွဲမှသိရပါတယ်။
အခုလက်ရှိအချိန်မှာ လက်မှတ်ကို အွန်လိုင်းမှတစ်ဆင့်ထုတ်ပေးနိုင်ရန် နည်းပညာဆောင်ရွက်မှုများ လုပ်ဆောင်နေတယ်လို့ စိုက်ပျိုးရေးဦးစီးဌာန ၊ ဥယျာဉ်ခြံဟင်းသီးဟင်းရွက်နှင့်အပင်ဇီဝနည်းပညာဌာ နခွဲမှ ညွှန်ကြားရေးမှူး ဦးသူရစိုးကပြောပါတယ်။
“ အခုကတော့ ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့် (GAP)လက်မှတ်ကိုရရှိစေနိုင်ဖို့အတွက် နည်းပညာကုမ္ပဏီတစ်ခုနဲ့ချိတ်ဆက်ဆောင်ရွက်နေပြီး စမ်းသပ်လုပ်ဆောင်နေပါတယ်။အွန်လိုင်း စနစ်ကို စမ်းသပ်ပြီး လို့ ရှိရင်တော့ တရားဝင်ဖြန့်ပေးသွားမှာပါ”
ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့် (GAP) လက်မှတ် အွန်လိုင်းမှ ထုတ်ပေးနိုင်ရေးကို သြဂုတ်လမှာ တရားဝင်လုပ်ဆောင်နိုင်ရန် လုပ်ဆောင်နေတာဖြစ်ကြောင်းလည်း အဆိုပါဌာနခွဲမှ သိရပါတယ်။
တိုင်းဒေသကြီး ၊ ပြည်နယ်များရှိသက်ဆိုင်ရာဒေသများမှ ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့် (GAP) အသိအမှတ်ပြုလုပ်မှတ် လျှောက်ထားမှု ၊ အကဲဖြတ်မှု ၊မှန်ကန်ကြောင်းအတည်ပြုမှုနဲ့ အသိ အမှတ်ပြုလက်မှတ်ကို အွန်လိုင်းမှထုတ်ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *