BREAKING NEWS







Unicode ဖြင့်ဖတ်ရန်

====================

နယ်သာလန်နိုင်ငံမှ လက်ဖက်ပညာရှင်မှ လက်ဖက်နည်းပညာများ လာရောက် သင်တန်း ပို့ချမည်
လက်ဖက်နည်းပညာများပံ့ပိုးပေးခြင်းနဲ့ နိုင်ငံတကာလက်ဖက်ဈေးကွက် (International Tea Mar ket )သင်တန်းကို ကျောက်မဲမြို့ ၊ အောင်မြေသာယာ ဘုန်း ကြီး ကျောင်းမှာ ဇွန်လ ၂၇ ရက်မှ ၂၈ ရက်နေ့ထိ နယ်သာလန်နိုင်ငံမှ လက်ဖက်ပညာရှင်က လာရောက် သင်တန်းပို့ ချသွားမှာ ဖြစ် ကြောင်းပလောင် လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။
လက်ဖက်ထုတ်လုပ်မှု အရည်အသွေးပြည့်မှီစေနိုင်ရန်အတွက်နည်းပညာအကူအညီတောင်းခံ လိုက်တာဖြစ်တယ်လို့ ပလောက်လက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ အ တွင်းရေးမှူး ဦးဇော်ညွှန့်ကပြောပါတယ်။
“ လက်ဖက်ထုတ်လုပ်တဲ့အခါမှာ သတ်မှတ်ထားတဲ့ အရည်အသွေးနဲ့ မပြည့်မှီသေးဘူး။ အနောက် နိုင်ငံတွေကလည်း တင်ပို့တဲ့အခါ လက်သင့်မခံတာတွေလည်းရှိနေတော့ သင်တန်းကို ပို့ချ ဖြစ်သွား တာပါ။တောင်သူတွေနဲ့ထုတ်လုပ်တဲ့သူတွေကိုလည်းဈေးပိုရစေချင်တယ်။ ဒါကြောင့်လက်ဖက် ထုတ် လုပ်တဲ့ နည်းပညာ တွေကို အကူအညီတောင်းလိုက်တာပါ”
အဆိုပါသင်တန်းကို စက်မှုဝန်ကြီးဌာန ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန စီစဉ်ပေးမှုဖြင့် HELVETAS MYAN MAR ၊ ရွှေပန်လော စက်မှုထုတ်လုပ်မှုကုမ္ပဏီလီမိတက်နှင့် ပလောင်လက်ဖက် စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းတို့မှ ပူးပေါင်းလုပ်ဆောင် တာဖြစ်ကြောင်း လည်း သိရ ပါတယ်။
လက်ဖက်နည်းပညာများပံ့ပိုးပေးခြင်းနဲ့ နိုင်ငံတကာလက်ဖက်ဈေးကွက် (International Tea Mar ket ) သင်တန်းကို တက်ရောက်ချင်တဲ့လက်ဖက်တောင်သူများ ၊ စိုက်ပျိုးထုတ်လုပ်သူများအနေနဲ့ ဆက်သွယ်မေးမြန်းလိုပါက ဖုန်းနံပါတ် ၀၉ – ၂၆၅၆၃၆၈၀၃ ကိုစုံစမ်းမေးမြန်းနိုင်ကြောင်းပလောင် လက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *