BREAKING NEWS

ခ်င္းျပည္နယ္တြင္ ေကာ္ဖီပင္ဧက(၅၀)စိုက္ပ်ိဳးႏုိင္ရန္ စီစဥ္လုပ္ေဆာင္ေန

ခ်င္းျပည္နယ္ ၊ ကန္ပက္လက္ၿမိဳ႕မွာ ေကာ္ဖီပ်ိဳးပင္ ဧက(၅၀)စိုက္ပ်ိဳးႏိုင္ရန္အတြက္ စီစဥ္လုပ္ေဆာင္ ေနေၾကာင္း ခ်င္းျပည္နယ္ဝဥစိုက္ပ်ိဳးထုတ္လုပ္ေရာင္းခ်သူမ်ားအသင္းမွသိရပါတယ္။

ခ်င္းျပည္နယ္မွာ ေကာ္ဖီစိုက္ပ်ိဴးႏိုင္ရန္အတြက္ ေအာ္ဂဲနစ္ ပ်ိဳးပင္မ်ားကို ရွမ္းေတာင္ ေကာ္ဖီအစု အဖြဲ႕မွပံ့ပိုးကူညီေပးသြားမွာျဖစ္ၿပီး စီစဥ္လုပ္ေဆာင္ေနတယ္လို႕ ခ်င္းျပည္နယ္ဝဥစိုက္ပ်ိဳးထုတ္လုပ္ ေရာင္းခ်သူမ်ားအသင္းမွ အၾကံေပး ဦးေဖြးမနားကေျပာပါတယ္။

“ ေတာင္သူတစ္ဦးကို အနည္းဆံုးတစ္ဧကႏႈန္းထားနဲ႕ေကာ္ဖီပ်ိဳးပင္ေတြကို စိုက္ပ်ိဳးႏုိင္ဖို႔အတြက္ ကူညီေပးမယ္။ထြက္လာတဲ့ ေကာ္ဖီသီးေတြကို သူတို႔က ျပန္ဝယ္ယူမယ္။ၿပီးရင္ ေတာင္သူေတြကေန ၿပီးေတာ့ ေကာ္ဖီသီးထြက္လာရင္ ပ်ိဳးပင္ေတြကို ေစ်းႏႈန္းေကာက္ယူမယ္။အခုေတာ့စိုက္ပ်ိဳးႏိုင္ဖို႔အ တြက္ ေတာေတြခုတ္ထစ္ၿပီးရွင္းလင္းေနပါတယ္”

ေအာ္ဂဲနစ္ေကာ္ဖီပ်ိဳးပင္မ်ားကို အနည္းဆံုး တစ္ဧက ႏႈန္းထားျဖင့္ စိုက္ပ်ိဳးႏိုင္ရန္ ကူညီပံ့ပိုးေပးသြား မွျဖစ္ေၾကာင္းသိရပါတယ္။

၂၀၁၉ ခုႏွစ္အတြင္း ကန္ပက္လက္ၿမိဳ႕မွာ ေကာ္ဖီဧက(၅၀)ကို စိုက္ပ်ိဳးသြားမွာျဖစ္ေၾကာင္း ခ်င္းျပည္ နယ္ဝဥစိုက္ပ်ိဳးထုတ္လုပ္ေရာင္းခ်သူမ်ားအသင္းမွသိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

====================

ချင်းပြည်နယ်တွင် ကော်ဖီပင်ဧက(၅၀)စိုက်ပျိုးနိုင်ရန် စီစဉ်လုပ်ဆောင်နေ
ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့မှာ ကော်ဖီပျိုးပင် ဧက(၅၀)စိုက်ပျိုးနိုင်ရန်အတွက် စီစဉ်လုပ်ဆောင် နေကြောင်း ချင်းပြည်နယ်ဝဥစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းမှသိရပါတယ်။
ချင်းပြည်နယ်မှာ ကော်ဖီစိုက်ပျိူးနိုင်ရန်အတွက် အော်ဂဲနစ် ပျိုးပင်များကို ရှမ်းတောင် ကော်ဖီအစု အဖွဲ့မှပံ့ပိုးကူညီပေးသွားမှာဖြစ်ပြီး စီစဉ်လုပ်ဆောင်နေတယ်လို့ ချင်းပြည်နယ်ဝဥစိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းမှ အကြံပေး ဦးဖွေးမနားကပြောပါတယ်။
“ တောင်သူတစ်ဦးကို အနည်းဆုံးတစ်ဧကနှုန်းထားနဲ့ကော်ဖီပျိုးပင်တွေကို စိုက်ပျိုးနိုင်ဖို့အတွက် ကူညီပေးမယ်။ထွက်လာတဲ့ ကော်ဖီသီးတွေကို သူတို့က ပြန်ဝယ်ယူမယ်။ပြီးရင် တောင်သူတွေကနေ ပြီးတော့ ကော်ဖီသီးထွက်လာရင် ပျိုးပင်တွေကို ဈေးနှုန်းကောက်ယူမယ်။အခုတော့စိုက်ပျိုးနိုင်ဖို့အ တွက် တောတွေခုတ်ထစ်ပြီးရှင်းလင်းနေပါတယ်”
အော်ဂဲနစ်ကော်ဖီပျိုးပင်များကို အနည်းဆုံး တစ်ဧက နှုန်းထားဖြင့် စိုက်ပျိုးနိုင်ရန် ကူညီပံ့ပိုးပေးသွား မှဖြစ်ကြောင်းသိရပါတယ်။
၂၀၁၉ ခုနှစ်အတွင်း ကန်ပက်လက်မြို့မှာ ကော်ဖီဧက(၅၀)ကို စိုက်ပျိုးသွားမှာဖြစ်ကြောင်း ချင်းပြည် နယ်ဝဥစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *