စပါး⁠ျဖဳတ္ညိဳ (စုပ္စားပိုး) က်⁠ေရာက္လွ်င္ ⁠ေဆာင္ရြက္သင့္သည့္အခ်က္မ်ား

ေဆာင္ရြက္ရန္

၁။ ေပါင္းျမက္မ်ား ရွင္းလင္းပါ။ စပါး ႏွင့္ စပါးရိုင္းမ်ားတြင္ မ်ိဳးပြားႏိုင္သည္။

၂။ ယူရီးယား ေျမၾသဇာကို သံုးႀကိမ္ခြဲထည့္ပါ။

၃။ ျဖဳတ္ညိဳမ်ားကို ကင္းေထာက္ပါ။ ျဖဳတ္ညိဳမ်ားေတြ႔လွ်င္ ေႏြစပါးတြင္ ေရထုတ္ေပးပါ။ အပင္ေျခမွာ ေရခိုးေရေငြ႔နည္းေအာင္ ျပဳလုပ္ျခင္းျဖင့္ ျဖဳတ္္ညိဳႀကီးထြားမႈကို အဟန္႔အတားျဖစ္ေစေသာ ပတ္၀န္းက်င္သျဖစ္ေစေသာ ပတ္၀န္းက်င္အေျခအေနကို ဖန္တီးေပးျခင္း တစ္မ်ိဳးျဖစ္ၿပီး ရွင္သန္ပြားမ်ားမႈကို အဟန္႔အတား ျဖစ္ေစသည္။

၄။ ျဖဳတ္ညိဳပိုးမ်ားသည္ အဓိကဖ်က္ပိုး မဟုတ္ပါ။ ပံုမွန္အေျခအေနတြင္ အဆင့္တိုင္းတြင္ ေတာင္သူမိတ္ေဆြပိုးမ်ား၏ စားေသာက္ျခင္းကို ခံရသျဖင့္ စပါးခင္းမ်ား၌အေရအတြက္ အသင့္အတင့္ေတြ႔ရပါသည္။ ျဖဳတ္ပိုးမက်မီ ေရွ႔ပိုင္း၌ က်ေရာက္ေသာ ဖ်က္ပိုးမ်ားအတြက္ ပိုးသတ္ေဆးကို လိုအပ္သည္ထက္ ပိုမိုသံုးမိသျဖင့္ ျဖဳတ္ပိုးကိုစားေသာက္ေသာ မိတ္ေဆြပိုးမ်ား ေလ်ာ့နည္းသြားပါသည္။ သဘာ၀ မိတ္ေဆြပိုးမ်ား မရွိေသာအခါ ျဖဳတ္ပိုးအေရအတြက္ မ်ားျပားလာၿပီး စပါးခင္းကို ဒုကၡေပးႏိုင္ေသာ အဆင့္သို႔ေရာက္လာျခင္း ျဖစ္ပါသည္။

၅။ ျဖဳတ္ညိဳပိုးသည္ ယခုမွအသစ္ေပၚလာေသာ ဖ်က္ပိုးမဟုတ္ပါ။ စပါးစတင္ စိုက္ပ်ိဳးစဥ္ကပင္ ႏွစ္ေထာင္ႏွင့္ခ်ီ၍ရွိယွဥ္တြဲၿပီး ရွိေနပါသည္။ မလိုအပ္ပဲ ပိုးသတ္ေဆးကို အသံုးျပဳျခင္းေၾကာင့္ ဒုကၡေပးျခင္း ျဖစ္သည္။ အဓိက ဖ်က္ပိုးအျဖစ္ တစ္ခါတရံ လူက နည္းပညာအသိနည္း၍ လူကျပဳလုပ္ ေဆးျဖန္းမႈေၾကာင့္ျဖစ္ေပၚလာေသာ ျပႆနာ ျဖစ္သည္။ ျမစိမ္းေရာင္ေတာ္လွန္ေရး (Green Revolution) ကာလတြင္ ပိုးသတ္ေဆးမ်ား ပိုအပ္သည္ထက္ ပိုသံုးစြဲမႈေၾကာင့္ ၁၉၆၀ ေနာက္ပိုင္းတြင္ ဖ်က္ပိုးအျဖစ္ ထင္ရွားလာျခင္း ျဖစ္ပါသည္။

၆။ စပါးတြင္ အင္ဒိုဆာ(လ္)ဖန္ မသံုးပါႏွင့္ ေရေနသတၱ၀ါမ်ား အႏၱရာယ္ရွိပါသည္။ ဒီဆစ္၊ ဆိုက္ပါကဲ့သို႔ေသာ ပါရီသရိုက္အုပ္စု၀င္ေဆးမ်ားကို စပါးတြင္ အသံုးမျပဳသင့္ပါ။ ေတာင္သူမိတ္ေဆြပိုမ်ားကို ထိခိုက္ေစပါသည္။ မလိုအပ္ပဲ ေဆးသံုးမႈသည္ ေနာက္ဆက္တြဲ  ဆိုးက်ိဳးအျဖစ္ စပါးျဖဳတ္ညိဳပိုး ပြားမ်ားေစပါသည္။

စိုက္ပ်ိဳးေရးဦးစီးဌာန

Unicode ျဖင့္ဖတ္ရန္

စပါးဖြုတ်ညို (စုပ်စားပိုး) ကျရောက်လျှင် ဆောင်ရွက်သင့်သည့်အချက်များ

=====================================================

ဆောင်ရွက်ရန်

၁။ ပေါင်းမြက်များ ရှင်းလင်းပါ။ စပါး နှင့် စပါးရိုင်းများတွင် မျိုးပွားနိုင်သည်။

၂။ ယူရီးယား မြေသြဇာကို သုံးကြိမ်ခွဲထည့်ပါ။

၃။ ဖြုတ်ညိုများကို ကင်းထောက်ပါ။ ဖြုတ်ညိုများတွေ့လျှင် နွေစပါးတွင် ရေထုတ်ပေးပါ။ အပင်ခြေမှာ ရေခိုးရေငွေ့နည်းအောင် ပြုလုပ်ခြင်းဖြင့် ဖြုတ်ညိုကြီးထွားမှုကို အဟန့်အတားဖြစ်စေသော ပတ်ဝန်းကျင်သဖြစ်စေသော ပတ်ဝန်းကျင်အခြေအနေကို ဖန်တီးပေးခြင်း တစ်မျိုးဖြစ်ပြီး ရှင်သန်ပွားများမှုကို အဟန့်အတား ဖြစ်စေသည်။

၄။ ဖြုတ်ညိုပိုးများသည် အဓိကဖျက်ပိုး မဟုတ်ပါ။ ပုံမှန်အခြေအနေတွင် အဆင့်တိုင်းတွင် တောင်သူမိတ်ဆွေပိုးများ၏ စားသောက်ခြင်းကို ခံရသဖြင့် စပါးခင်းများ၌အရေအတွက် အသင့်အတင့်တွေ့ရပါသည်။ ဖြုတ်ပိုးမကျမီ ရှေ့ပိုင်း၌ ကျရောက်သော ဖျက်ပိုးများအတွက် ပိုးသတ်ဆေးကို လိုအပ်သည်ထက် ပိုမိုသုံးမိသဖြင့် ဖြုတ်ပိုးကိုစားသောက်သော မိတ်ဆွေပိုးများ လျော့နည်းသွားပါသည်။ သဘာ၀ မိတ်ဆွေပိုးများ မရှိသောအခါ ဖြုတ်ပိုးအရေအတွက် များပြားလာပြီး စပါးခင်းကို ဒုက္ခပေးနိုင်သော အဆင့်သို့ရောက်လာခြင်း ဖြစ်ပါသည်။

၅။ ဖြုတ်ညိုပိုးသည် ယခုမှအသစ်ပေါ်လာသော ဖျက်ပိုးမဟုတ်ပါ။ စပါးစတင် စိုက်ပျိုးစဉ်ကပင် နှစ်ထောင်နှင့်ချီ၍ရှိယှဉ်တွဲပြီး ရှိနေပါသည်။ မလိုအပ်ပဲ ပိုးသတ်ဆေးကို အသုံးပြုခြင်းကြောင့် ဒုက္ခပေးခြင်း ဖြစ်သည်။ အဓိက ဖျက်ပိုးအဖြစ် တစ်ခါတရံ လူက နည်းပညာအသိနည်း၍ လူကပြုလုပ် ဆေးဖြန်းမှုကြောင့်ဖြစ်ပေါ်လာသော ပြဿနာ ဖြစ်သည်။ မြစိမ်းရောင်တော်လှန်ရေး (Green Revolution) ကာလတွင် ပိုးသတ်ဆေးများ ပိုအပ်သည်ထက် ပိုသုံးစွဲမှုကြောင့် ၁၉၆၀ နောက်ပိုင်းတွင် ဖျက်ပိုးအဖြစ် ထင်ရှားလာခြင်း ဖြစ်ပါသည်။

၆။ စပါးတွင် အင်ဒိုဆာ(လ်)ဖန် မသုံးပါနှင့် ရေနေသတ္တဝါများ အန္တရာယ်ရှိပါသည်။ ဒီဆစ်၊ ဆိုက်ပါကဲ့သို့သော ပါရီသရိုက်အုပ်စုဝင်ဆေးများကို စပါးတွင် အသုံးမပြုသင့်ပါ။ တောင်သူမိတ်ဆွေပိုများကို ထိခိုက်စေပါသည်။ မလိုအပ်ပဲ ဆေးသုံးမှုသည် နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် စပါးဖြုတ်ညိုပိုး ပွားများစေပါသည်။





Leave a Reply

Your email address will not be published. Required fields are marked *