BREAKING NEWS

ျမန္မာႏိုင္ငံရာသီဥတုစံႏႈန္းေတြေျပာင္းလဲမႈမ်ား အတြက္ ေတာင္သူမ်ားသိရန္လို

ျမန္မာႏိုင္ငံရဲ႕ ရာသီဥတုစံႏႈန္းစနစ္ေတြ ေျပာင္းလဲမႈမ်ားရွိလာတာေၾကာင့္ ေတာင္သူလယ္သမားမ်ား သိရွိရန္လိုအပ္ေၾကာင္း ဇြန္လ(၂၂)ရက္ေန႔က Novetel Hotel မွာက်င္းပျပဳလုပ္တဲ့ ေယာမင္းႀကီး ဇရပ္ ေဆြးေႏြးပြဲမွ သိရပါတယ္။

ျမန္မာႏိုင္ငံရဲ႕ ရာသီဥတုစံေတြေျပာင္းသြားၿပီျဖစ္တဲ့အတြက္ မိုးရာသီကာလဟာ စံႏႈန္း အသစ္ေတြ ျဖစ္လာတယ္လို႕ မိုးေလဝသပညာရွင္ ေဒါက္တာထြန္းလြင္က အဆိုပါေဆြးေႏြးပြဲမွာေျပာၾကားခဲ့ ပါတယ္။

“မိုးဝင္တာေနာက္က်တာ ေစာတာကို ရာသီဥတုကို ေလ့လာေနသူေတြကေတာ့ သိတယ္။ လယ္သ မား ေတြက် ေတာ့ ဘယ္သိပါ့မလဲ။ လယ္သမားကေတာ့အခ်ိန္တန္ရင္လယ္ကြင္းဆင္းတာေပါ့။ မ်ိဳး ကေထာင္ၿပီ။ မိုး ေမွ်ာ္ ၿပီ။မိုးကမလာဘူး။အဲေတာ့မ်ိဳးေတြပုပ္ကုန္ေရာ။ ကၽြန္ေတာ္တို႕ စံေတြေျပာင္း သြားၿပီ။ ကၽြန္ေတာ္တို႕ လိုက္ေလ်ာညီေထြက်င့္သံုးဖို႕လိုပါတယ္။ အထူးသျဖင့္လယ္သမားေတြ သိဖို႕ လိုပါတယ္။ ကၽြန္ေတာ္ တို႕ျမန္မာႏိုင္ငံရဲ႕မိုးရြာသြန္းမႈႏႈန္းေတြဟာ ပံုစံအသစ္ျဖစ္ေနၿပီ”

ျမန္မာႏိုင္ငံရဲ႕မုတ္သုန္ရာသီမွာအဝင္ ေနာက္က်လာတဲ့အတြက္  မိုးရာသီကာလမွာယခင္ကထက္ ရက္(၄၀)ေလ်ာ့သြားတာျဖစ္ေၾကာင္း သိရပါတယ္။

အဆိုပါရာသီဥတုစံႏႈန္းေျပာင္းလဲမႈမ်ားျဖစ္ေပၚတာေၾကာင့္ ေတာင္သူလယ္သမားမ်ားကို သက္ဆိုင္ရာ ဌာန မ်ားကလည္းအသိေပး ရန္လိုအပ္ေၾကာင္း သိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

====================

မြန်မာနိုင်ငံရာသီဥတုစံနှုန်းတွေပြောင်းလဲမှုများ အတွက် တောင်သူများသိရန်လို
မြန်မာနိုင်ငံရဲ့ ရာသီဥတုစံနှုန်းစနစ်တွေ ပြောင်းလဲမှုများရှိလာတာကြောင့် တောင်သူလယ်သမားများ သိရှိရန်လိုအပ်ကြောင်း ဇွန်လ(၂၂)ရက်နေ့က Novetel Hotel မှာကျင်းပပြုလုပ်တဲ့ ယောမင်းကြီး ဇရပ် ဆွေးနွေးပွဲမှ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ ရာသီဥတုစံတွေပြောင်းသွားပြီဖြစ်တဲ့အတွက် မိုးရာသီကာလဟာ စံနှုန်း အသစ်တွေ ဖြစ်လာတယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က အဆိုပါဆွေးနွေးပွဲမှာပြောကြားခဲ့ ပါတယ်။
“မိုးဝင်တာနောက်ကျတာ စောတာကို ရာသီဥတုကို လေ့လာနေသူတွေကတော့ သိတယ်။ လယ်သ မား တွေကျ တော့ ဘယ်သိပါ့မလဲ။ လယ်သမားကတော့အချိန်တန်ရင်လယ်ကွင်းဆင်းတာပေါ့။ မျိုး ကထောင်ပြီ။ မိုး မျှော် ပြီ။မိုးကမလာဘူး။အဲတော့မျိုးတွေပုပ်ကုန်ရော။ ကျွန်တော်တို့ စံတွေပြောင်း သွားပြီ။ ကျွန်တော်တို့ လိုက်လျောညီထွေကျင့်သုံးဖို့လိုပါတယ်။ အထူးသဖြင့်လယ်သမားတွေ သိဖို့ လိုပါတယ်။ ကျွန်တော် တို့မြန်မာနိုင်ငံရဲ့မိုးရွာသွန်းမှုနှုန်းတွေဟာ ပုံစံအသစ်ဖြစ်နေပြီ”
မြန်မာနိုင်ငံရဲ့မုတ်သုန်ရာသီမှာအဝင် နောက်ကျလာတဲ့အတွက် မိုးရာသီကာလမှာယခင်ကထက် ရက်(၄၀)လျော့သွားတာဖြစ်ကြောင်း သိရပါတယ်။
အဆိုပါရာသီဥတုစံနှုန်းပြောင်းလဲမှုများဖြစ်ပေါ်တာကြောင့် တောင်သူလယ်သမားများကို သက်ဆိုင်ရာ ဌာန များကလည်းအသိပေး ရန်လိုအပ်ကြောင်း သိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *