ျမန္မာ့စိန္တလံုးသရက္ဂ်ာမနီႏိုင္ငံကိုတင္ပို႕သြားႏိုင္ရန္စစ္ေဆးမႈမ်ားလုပ္ေန

ျမန္မာ့စိန္တလံုးသရက္ကို ဂ်ာမနီႏိုင္ငံကိုတင္ပို႔ႏိုင္ရန္အတြက္ အရည္အေသြးစစ္ေဆးမႈမ်ားလုပ္ ေဆာင္ေနေၾကာင္းစိုက္ပ်ိဳးေရးဦးစီးဌာန ၊ ဥယ်ာဥ္ျခံဟင္းသီးဟင္းရြက္ႏွင့္အပင္ဇီဝနည္းပညာဌာနခြဲ မွသိရပါတယ္။

ဂ်ာမနီကိုတင္ပို႕ႏိုင္ေရးအတြက္ စိန္တလံုးသရက္ကို ေကာင္းမြန္ေသာစိုက္ပ်ိဳး ေရးအေလ့အက်င့္ (GAP)စံႏႈန္းအတိုင္းအရည္အေသြးစစ္ေဆးမႈမ်ားလုပ္ေဆာင္ေနတယ္လို႕ ဥယ်ာဥ္ ျခံဟင္းသီး ဟင္း ရြက္ႏွင့္အပင္ဇီဝနည္းပညာဌာနခြဲ မွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးတင့္ႏိုင္ကေျပာ ပါတယ္။

“သရက္သီးေတြကိုတင္ပို႔ဖို႕အတြက္ အရည္အေသြးေတြစစ္ေဆးေနတယ္။ GAP စံခ်ိန္စံညႊန္းနဲ႕လည္း ညီညြတ္ေစဖို႔အတြက္ ျပည္ပႏိုင္ငံတင္ပို႕ဖို႕ ပိုးမႊားေရာဂါစစ္ေဆးေနတယ္။ အတန္းအစားေတြခြဲတယ္။ ေကာင္းတဲ့အသီးေတြကိုေရြးတယ္။မျပည့္မွီတဲ့သရက္ေတြကို ပယ္တယ္”

တင္ပို႔ႏိုင္ေရးအတြက္ အရည္အေသြးစစ္ေဆးျခင္း ၊ ေရေႏြးစိမ္ျခင္း ၊ အေျခာက္ခံျခင္း ၊ ျပန္လည္စစ္ ေဆးျခင္းနဲ႕ ျပင္ဆင္ထုပ္ပိုးမႈမ်ားလုပ္ေဆာင္ေနေၾကာင္းလည္းသိရပါတယ္။

ျမန္မာ့စိန္တလံုးသရက္တင္ပို႔ႏိုင္ေရးကို ဥယ်ာဥ္ျခံဟင္းသီးဟင္းရြက္ႏွင့္အပင္ဇီဝနည္းပညာဌာနခြဲ နဲ႕ ျပည္တြင္းျပည္ပကုမၸဏီမ်ားပူးေပါင္းကာ လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္းအဆိုပါဌာနမွသိရပါတယ္။

ယခင္ႏွစ္ကလည္းဂ်ာမနီႏိုင္ငံကို ျမန္မာ့စိန္တလံုးသရက္ ၁၄၀ကီလိုတင္ပို႕ခဲ့တာျဖစ္ၿပီး အခုႏွစ္မွာ စိန္ တလံုးသရက္ကို (၆၀)ကီလို ႏွစ္ခါခြဲကာတင္ပို႔သြားမွာျဖစ္ေၾကာင္း ဥယ်ာဥ္ျခံ ဟင္းသီးဟင္းရြက္နဲ႕ အပင္ဇီဝနည္းပညာဌာနခြဲမွသိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

===================

မြန်မာ့စိန်တလုံးသရက်ဂျာမနီနိုင်ငံကိုတင်ပို့သွားနိုင်ရန်စစ်ဆေးမှုများလုပ်နေ
မြန်မာ့စိန်တလုံးသရက်ကို ဂျာမနီနိုင်ငံကိုတင်ပို့နိုင်ရန်အတွက် အရည်အသွေးစစ်ဆေးမှုများလုပ် ဆောင်နေကြောင်းစိုက်ပျိုးရေးဦးစီးဌာန ၊ ဥယျာဉ်ခြံဟင်းသီးဟင်းရွက်နှင့်အပင်ဇီဝနည်းပညာဌာနခွဲ မှသိရပါတယ်။
ဂျာမနီကိုတင်ပို့နိုင်ရေးအတွက် စိန်တလုံးသရက်ကို ကောင်းမွန်သောစိုက်ပျိုး ရေးအလေ့အကျင့် (GAP)စံနှုန်းအတိုင်းအရည်အသွေးစစ်ဆေးမှုများလုပ်ဆောင်နေတယ်လို့ ဥယျာဉ် ခြံဟင်းသီး ဟင်း ရွက်နှင့်အပင်ဇီဝနည်းပညာဌာနခွဲ မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်နိုင်ကပြော ပါတယ်။
“သရက်သီးတွေကိုတင်ပို့ဖို့အတွက် အရည်အသွေးတွေစစ်ဆေးနေတယ်။ GAP စံချိန်စံညွှန်းနဲ့လည်း ညီညွတ်စေဖို့အတွက် ပြည်ပနိုင်ငံတင်ပို့ဖို့ ပိုးမွှားရောဂါစစ်ဆေးနေတယ်။ အတန်းအစားတွေခွဲတယ်။ ကောင်းတဲ့အသီးတွေကိုရွေးတယ်။မပြည့်မှီတဲ့သရက်တွေကို ပယ်တယ်”
တင်ပို့နိုင်ရေးအတွက် အရည်အသွေးစစ်ဆေးခြင်း ၊ ရေနွေးစိမ်ခြင်း ၊ အခြောက်ခံခြင်း ၊ ပြန်လည်စစ် ဆေးခြင်းနဲ့ ပြင်ဆင်ထုပ်ပိုးမှုများလုပ်ဆောင်နေကြောင်းလည်းသိရပါတယ်။
မြန်မာ့စိန်တလုံးသရက်တင်ပို့နိုင်ရေးကို ဥယျာဉ်ခြံဟင်းသီးဟင်းရွက်နှင့်အပင်ဇီဝနည်းပညာဌာနခွဲ နဲ့ ပြည်တွင်းပြည်ပကုမ္ပဏီများပူးပေါင်းကာ လုပ်ဆောင်သွားမှာဖြစ်ကြောင်းအဆိုပါဌာနမှသိရပါတယ်။
ယခင်နှစ်ကလည်းဂျာမနီနိုင်ငံကို မြန်မာ့စိန်တလုံးသရက် ၁၄၀ကီလိုတင်ပို့ခဲ့တာဖြစ်ပြီး အခုနှစ်မှာ စိန် တလုံးသရက်ကို (၆၀)ကီလို နှစ်ခါခွဲကာတင်ပို့သွားမှာဖြစ်ကြောင်း ဥယျာဉ်ခြံ ဟင်းသီးဟင်းရွက်နဲ့ အပင်ဇီဝနည်းပညာဌာနခွဲမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *