ပထမအကြိမ် ဘင်းမ်စတက် စိုက်ပျိုးရေး အဆင့်မြင့်အရာရှိများအစည်းအဝေးနှင့် စိုက်ပျိုးရေးဝန်ကြီး များအစည်းအဝေးကျင်းပသွားမည်


မြန်မာနိုင်ငံအနေနဲ့ စိုက်ပျိုးရေးကဏ္ဍတာဝန်ယူထားတာဖြစ်တဲ့အတွက် ပထမဆုံးအကြိမ် ကျင်းပတာ  ဖြစ်တယ်လို့ စီမံကိန်းဦးစီးဌာန ၊ အာဆီယံဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဌေးက ပြောပါ တယ်။


အဆိုပါအစည်းအဝေးကို ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် ၊ ဘူတန် ၊ အိန္ဒိယ ၊ မြန်မာ ၊ နီပေါ ၊ သီရိလင်္ကာ နဲ့ထိုင်းနိုင်ငံတို့မှ စိုက်ပျိုးရေး အဆင့်မြင့်အရာရှိများ ၊ စိုက်ပျိုးရေးဝန်ကြီး များ နဲ့ သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြမှာဖြစ်ကြောင်း အဆိုပါဌာနမှသိရပါတယ်။

ပထမအကြိမ် ဘင်းမ်စတက်စိုက်ပျိုးရေး အဆင့်မြင့်အရာရှိများအစည်းအဝေးနှင့် စိုက်ပျိုးရေးဝန်ကြီး များအစည်းအဝေးကိုနေပြည်တော် Hilton Hotel မှာ နံနက်(၉)နာရီမှစတင်ကာကျင်းပသွားမှာဖြစ် ကြောင်းအာဆီယံဌာနခွဲမှသိရပါတယ်။

Unicode ဖြင့်ဖတ်ရန်

=======================

ပထမအကြိမ် ဘင်းမ်စတက် စိုက်ပျိူးရေး အဆင့်မြင့်အရာရှိများအစည်းအဝေးနှင့် စိုက်ပျိုးရေးဝန်ကြီး များအစည်းအဝေးကျင်းပသွားမည်
ပထမအကြိမ် ဘင်းမ်စတက်စိုက်ပျိုးရေးအဆင့်မြင့်အရာရှိများအစည်းအဝေးနှင့် ပထမအကြိမ်စိုက်ပျိုး ရေးဝန်ကြီးများအစည်းအဝေးကို ဇူလိုင်လ(၁၁)ရက်နေ့မှ (၁၂)ရက်နေ့ထိ နေပြည်တော် Hilton Hotel မှာကျင်းပသွားမှာဖြစ်ကြောင်းစီမံကိန်းဦးစီးဌာန ၊ အာဆီယံဌာနခွဲမှ သိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ စိုက်ပျိူးရေးကဏ္ဍတာဝန်ယူထားတာဖြစ်တဲ့အတွက် ပထမဆုံးအကြိမ် ကျင်းပတာ ဖြစ်တယ်လို့ စီမံကိန်းဦးစီးဌာန ၊ အာဆီယံဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဌေးက ပြောပါ တယ်။
“ မြန်မာနိုင်ငံက ဘင်းမ်စတက်(၇)နိုင်ငံရှိတဲ့ထဲမှ စိုက်ပျိုးရေးကဏ္ဍကို ဦးဆောင်ကော် မတီယူထား တယ်။ စိုက်ပျိုးရေးကဏ္ဍမှာ မြန်မာမှာပထမဆုံးအကြိမ်ကျင်းပတာဖြစ်ပါတယ်။ စိုက်ပျိုးရေးပူးပေါင်း ဆောင်ရွက်မှုတွေမှာ စီမံကိန်းတွေဆွေးနွေးဖို့ရှိတယ်။အရင်က လုပ်ခဲ့တဲ့စီမံကိန်းတွေကိုလည်း ပြန်လည်သုံးသပ်သွားမယ်”
အဆိုပါအစည်းအဝေးကို ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် ၊ ဘူတန် ၊ အိန္ဒိယ ၊ မြန်မာ ၊ နီပေါ ၊ သီရိလင်္ကာ နဲ့ထိုင်းနိုင်ငံတို့မှ စိုက်ပျိူးရေး အဆင့်မြင့်အရာရှိများ ၊ စိုက်ပျိုးရေးဝန်ကြီး များ နဲ့ သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြမှာဖြစ်ကြောင်း အဆိုပါဌာနမှသိရပါတယ်။
ပထမအကြိမ် ဘင်းမ်စတက်စိုက်ပျိူးရေး အဆင့်မြင့်အရာရှိများအစည်းအဝေးနှင့် စိုက်ပျိုးရေးဝန်ကြီး များအစည်းအဝေးကိုနေပြည်တော် Hilton Hotel မှာ နံနက်(၉)နာရီမှစတင်ကာကျင်းပသွားမှာဖြစ် ကြောင်းအာဆီယံဌာနခွဲမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *