BREAKING NEWS

တရုတ္ကိုဆန္တန္ခ်ိန္(၁)သိန္းတင္ပို႕ႏိုင္ရန္ နားလည္မႈစာခၽြန္လြာေရးထိုး

တရုတ္ကို ျမန္မာ့ဆန္တန္ခ်ိန္(၁)သိန္းတင္ပို႕ႏိုင္ရန္ နားလည္မႈစာခၽြန္လြာ MoU ကို ဒီကေန႕ ေဘဂ်င္း ၿမိဳ႕မွာ လက္မွတ္ေရးထိုးမွာျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွသိရပါတယ္။

ႏွစ္ႏိုင္ငံအစိုးရအခ်င္းခ်င္း G to G စနစ္ျဖင့္ ျမန္မာ့ဆန္တန္ခ်ိန္ တင္ပို႕ေရာင္းခ်ႏိုင္ရန္ နားလည္မႈ စာခၽြန္လြာ MoU ကို ေရးထိုးတာျဖစ္တယ္လို႕ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ ရံုးအဖြဲ႕မွဴး ဦးျမင့္လြင္ ကေျပာပါတယ္။

“အစိုးရခ်င္းG to G ထိုးတာပါ။အစိုးရကေနမွ အဖြဲ႕အစည္းေတြကို တာဝန္ေပးတယ္။ အဲဒီ အ တြက္ ဆန္တန္ခ်ိန္ (၁)သိန္းေရာင္းဝယ္ဖို႕အတြက္ သြားၿပီးထိုးတာ။ ႏွစ္ဦးသေဘာတူ ကိုအစိုးရက တာဝန္ ေပးတဲ့အဖြဲ႕စည္းခ်င္းအရင္ထိုးရတယ္။ ဒီမွာျပန္ၿပီးညိွႏိႈင္းရဦးမွာ။အေသးစိတ္ျပန္ၿပီး တန္ခ်ိန္ ၊ ရက္တို႕ အေသးစိတ္ျပန္ေဆြးေႏြးဦးမွာပါ”

တရုတ္ႏိုင္ငံအစိုးရပိုင္အဖြဲ႕မွ တာဝန္ေပးတဲ့ COFCOအဖြဲ႕အစည္း နဲ႕ ျမန္မာအစိုးရဘက္မွ တာဝန္ ေပးမႈအရ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္တို႕မွ ဒီကေန႕မွာ နားလည္မႈစာခၽြန္လြာ ေရးထိုးတာျဖစ္ ေၾကာင္းအဆိုပါအသင္းခ်ဳပ္မွသိရပါတယ္။

၂၀၁၄-၂၀၁၅ ခုႏွစ္မွာလည္း ဆန္တန္ခ်ိန္(၁)သိန္းတင္ပို႕ႏိုင္ေရးအတြက္ ပထမအႀကိမ္လက္မွတ္ေရး ထိုးခဲ့ၿပီး အခုႏွစ္မွာလည္း ဆန္တန္ခ်ိန္(၁)သိန္းကို ထပ္မံတင္ပို႕ႏိုင္ေရးအတြက္ လက္မွတ္ေရးထိုးျခင္း ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွသိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

======================

တရုတ်ကိုဆန်တန်ချိန်(၁)သိန်းတင်ပို့နိုင်ရန် နားလည်မှုစာချွန်လွာရေးထိုး
တရုတ်ကို မြန်မာ့ဆန်တန်ချိန်(၁)သိန်းတင်ပို့နိုင်ရန် နားလည်မှုစာချွန်လွာ MoU ကို ဒီကနေ့ ဘေဂျင်း မြို့မှာ လက်မှတ်ရေးထိုးမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရပါတယ်။
နှစ်နိုင်ငံအစိုးရအချင်းချင်း G to G စနစ်ဖြင့် မြန်မာ့ဆန်တန်ချိန် တင်ပို့ရောင်းချနိုင်ရန် နားလည်မှု စာချွန်လွာ MoU ကို ရေးထိုးတာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ရုံးအဖွဲ့မှူး ဦးမြင့်လွင် ကပြောပါတယ်။
“အစိုးရချင်းG to G ထိုးတာပါ။အစိုးရကနေမှ အဖွဲ့အစည်းတွေကို တာဝန်ပေးတယ်။ အဲဒီ အ တွက် ဆန်တန်ချိန် (၁)သိန်းရောင်းဝယ်ဖို့အတွက် သွားပြီးထိုးတာ။ နှစ်ဦးသဘောတူ ကိုအစိုးရက တာဝန် ပေးတဲ့အဖွဲ့စည်းချင်းအရင်ထိုးရတယ်။ ဒီမှာပြန်ပြီးညှိနှိုင်းရဦးမှာ။အသေးစိတ်ပြန်ပြီး တန်ချိန် ၊ ရက်တို့ အသေးစိတ်ပြန်ဆွေးနွေးဦးမှာပါ”
တရုတ်နိုင်ငံအစိုးရပိုင်အဖွဲ့မှ တာဝန်ပေးတဲ့ COFCOအဖွဲ့အစည်း နဲ့ မြန်မာအစိုးရဘက်မှ တာဝန် ပေးမှုအရ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ဒီကနေ့မှာ နားလည်မှုစာချွန်လွာ ရေးထိုးတာဖြစ် ကြောင်းအဆိုပါအသင်းချုပ်မှသိရပါတယ်။
၂၀၁၄-၂၀၁၅ ခုနှစ်မှာလည်း ဆန်တန်ချိန်(၁)သိန်းတင်ပို့နိုင်ရေးအတွက် ပထမအကြိမ်လက်မှတ်ရေး ထိုးခဲ့ပြီး အခုနှစ်မှာလည်း ဆန်တန်ချိန်(၁)သိန်းကို ထပ်မံတင်ပို့နိုင်ရေးအတွက် လက်မှတ်ရေးထိုးခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *