လယ္ယာက႑ဆိုင္ရာနည္းပညာသင္တန္းမ်ားအခမဲ့တက္ေရာက္ႏိုင္

လယ္ယာက႑နဲ႕ပတ္သတ္တဲ့ နည္းပညာေပးသင္တန္းမ်ားကို စိတ္ပါဝင္စားသူမည္သူမဆို ႀကိဳ တင္စာရင္းေပးကာတက္ေရာက္ႏုိင္တယ္လို႕ ထံုးဘို ၊ ရိတ္သိမ္းခ်ိန္လြန္နည္းပညာသင္တန္းေက်ာင္းမွ သိရပါတယ္။

စိုက္ပ်ိဳးေရးနည္းပညာကို စိတ္ပါဝင္စားတဲ့သူမ်ားအတြက္ ရည္ရြယ္ကာ အခမဲ့တက္ေရာက္ႏိုင္တာ ျဖစ္တယ္လို႔ ထံုးဘို၊ ရိတ္သိမ္းခ်ိန္လြန္သင္တန္းေက်ာင္းမွ ေက်ာင္းအုပ္ႀကီး ဦးမင္းထိန္ဝင္းက ေျပာပါတယ္။

“ ေတာင္သူ သာမက စီးပြားေရးလုပ္ေနတဲ့စိုက္ပ်ိဳးေရးကိုစိတ္ဝင္စားတဲ့မည္သူမဆို လာတက္ေရာက္ ႏိုင္ပါတယ္။ ေနစရိတ္၊ စားစရိတ္အခမဲအျပင္ သင္တန္းေၾကးပါအခမဲ သင္ၾကားေပးသြားမွာပါ။ စိုက္ပ်ိဳး ထုတ္လုပ္မႈတိုးတက္ေစဖို႕နဲ႕ ျပည္ပပို႔ကုန္တိုးျမွင့္ေစႏိုင္ဖို႕ အတြက္ ရည္ရြယ္ၿပီးဖြင့္လွစ္ တာျဖစ္ပါ တယ္”

တက္ေရာက္ခြင့္ရတဲ့ နည္းပညာသင္တန္းမ်ားကေတာ့ ဟင္းသီး ၊ ဟင္းရြက္နဲ႕ သစ္သီးဝလံမ်ားရဲ႕ ရိတ္သိမ္းခ်ိန္လြန္နည္းပညာ ၊ ရိတ္သိမ္းခ်ိန္လြန္ဇီဝကမၼေဗဒ ၊ စိုက္ပ်ိဳးေရးဆိုင္ရာ အေလ့အက်င့္ ေကာင္းမ်ား ၊ ပိုးမႊားေရာဂါကာကြယ္ႏွိမ္ႏွင္းျခင္း နည္းပညာ ၊ ေရြးခ်ယ္ျခင္းနဲ႕ အတန္းအစား ခြဲျခား ျခင္းနည္းပညာ ၊ ထုပ္ပိုးျခင္းနဲ႕သိုေလွာင္ျခင္းနည္းပညာ ၊ ေအာ္ဂဲနစ္နည္းပညာ ၊ အစားအစာမ်ား ျပဳျပင္မြမ္းမံျခင္းနည္းပညာ ၊ ေစ်းကြက္စီးပြားေရး နည္းပညာ ဘာသာရပ္မ်ားကို ေဆြးေႏြးပို႔ခ် သြား မွာျဖစ္ေၾကာင္းသိရပါတယ္။

အဆိုပါနည္းပညာသင္တန္းမ်ားကို ေတာင္သူမ်ား ၊ ကုန္သည္ပြဲစားမ်ား ၊ စီးပြားေရးလုပ္ငန္းရွင္မ်ား ၊ သယ္ယူပို႔ေဆာင္သူမ်ား ၊ ေရာင္းခ်သူမ်ား နဲ႕ စိတ္ပါဝင္စားသူမည္သူမဆို အခမဲ့ တက္ေရာက္ႏိုင္တာ ျဖစ္ေၾကာင္းသိရပါတယ္။

အဆိုပါနည္းပညာသင္တန္းမ်ားကို စိတ္ဝင္စားသူမ်ားအေနနဲ႕ ဆက္သြယ္ရန္ဖုန္းနံပါတ္မ်ားျဖစ္တဲ့ ၀၉- ၅၃၂၂၅၄၅ ၊ ၀၉- ၄၄၃၀၆၀၆၉၂ နဲ႕ ၀၉- ၉၆၅၂၄၅၀၉၆ ကိုဆက္သြယ္ေမးျမန္းႏုိင္ေၾကာင္းသိရပါ တယ္။

Unicode ျဖင့္ဖတ္ရန္

======================

လယ်ယာကဏ္ဍဆိုင်ရာနည်းပညာသင်တန်းများအခမဲ့တက်ရောက်နိုင်
လယ်ယာကဏ္ဍနဲ့ပတ်သတ်တဲ့ နည်းပညာပေးသင်တန်းများကို စိတ်ပါဝင်စားသူမည်သူမဆို ကြို တင်စာရင်းပေးကာတက်ရောက်နိုင်တယ်လို့ ထုံးဘို ၊ ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းကျောင်းမှ သိရပါတယ်။
စိုက်ပျိုးရေးနည်းပညာကို စိတ်ပါဝင်စားတဲ့သူများအတွက် ရည်ရွယ်ကာ အခမဲ့တက်ရောက်နိုင်တာ ဖြစ်တယ်လို့ ထုံးဘို၊ ရိတ်သိမ်းချိန်လွန်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းထိန်ဝင်းက ပြောပါတယ်။
“ တောင်သူ သာမက စီးပွားရေးလုပ်နေတဲ့စိုက်ပျိုးရေးကိုစိတ်ဝင်စားတဲ့မည်သူမဆို လာတက်ရောက် နိုင်ပါတယ်။ နေစရိတ်၊ စားစရိတ်အခမဲအပြင် သင်တန်းကြေးပါအခမဲ သင်ကြားပေးသွားမှာပါ။ စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်စေဖို့နဲ့ ပြည်ပပို့ကုန်တိုးမြှင့်စေနိုင်ဖို့ အတွက် ရည်ရွယ်ပြီးဖွင့်လှစ် တာဖြစ်ပါ တယ်”
တက်ရောက်ခွင့်ရတဲ့ နည်းပညာသင်တန်းများကတော့ ဟင်းသီး ၊ ဟင်းရွက်နဲ့ သစ်သီးဝလံများရဲ့ ရိတ်သိမ်းချိန်လွန်နည်းပညာ ၊ ရိတ်သိမ်းချိန်လွန်ဇီဝကမ္မဗေဒ ၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ ၊ ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းခြင်း နည်းပညာ ၊ ရွေးချယ်ခြင်းနဲ့ အတန်းအစား ခွဲခြား ခြင်းနည်းပညာ ၊ ထုပ်ပိုးခြင်းနဲ့သိုလှောင်ခြင်းနည်းပညာ ၊ အော်ဂဲနစ်နည်းပညာ ၊ အစားအစာများ ပြုပြင်မွမ်းမံခြင်းနည်းပညာ ၊ ဈေးကွက်စီးပွားရေး နည်းပညာ ဘာသာရပ်များကို ဆွေးနွေးပို့ချ သွား မှာဖြစ်ကြောင်းသိရပါတယ်။
အဆိုပါနည်းပညာသင်တန်းများကို တောင်သူများ ၊ ကုန်သည်ပွဲစားများ ၊ စီးပွားရေးလုပ်ငန်းရှင်များ ၊ သယ်ယူပို့ဆောင်သူများ ၊ ရောင်းချသူများ နဲ့ စိတ်ပါဝင်စားသူမည်သူမဆို အခမဲ့ တက်ရောက်နိုင်တာ ဖြစ်ကြောင်းသိရပါတယ်။
အဆိုပါနည်းပညာသင်တန်းများကို စိတ်ဝင်စားသူများအနေနဲ့ ဆက်သွယ်ရန်ဖုန်းနံပါတ်များဖြစ်တဲ့ ၀၉- ၅၃၂၂၅၄၅ ၊ ၀၉- ၄၄၃၀၆၀၆၉၂ နဲ့ ၀၉- ၉၆၅၂၄၅၀၉၆ ကိုဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရပါ တယ်။





Leave a Reply

Your email address will not be published. Required fields are marked *