အပူပိုင္းေဒသဇုန္မ်ားမွ ထြက္ရွိတဲ့ သီးႏွံမ်ားကို အဆင့္ျမွင့္တင္ထုတ္လုပ္သြားမည္

အိႏိၵယႏိုင္ငံ အျပည္ျပည္ဆိုင္ရာမိုးနည္းရပ္ဝန္းေဒသ သီးႏွံသုေတသနဌာနနဲ႕ ပူးေပါင္းကာ ျမန္မာ ႏိုင္ငံအတြင္းရွိ မိုးနည္းရပ္ဝန္းေဒသမွထြက္ရွိတဲ့ သီးႏွံမ်ားကို အဆင့္ျမွင့္တင္ထုတ္လုပ္သြား မွာ ျဖစ္ ေၾကာင္း စိုက္ပ်ိဴးေရးသုေတသနဦးစီးဌာနမွသိရပါတယ္။

အပူပိုင္းဇုန္ေဒသမ်ားမွထြက္ရွိတဲ့သီးႏွံမ်ားကို အဆင့္ျမွင့္တင္ႏိုင္ေရးနဲ႕ ေတာင္ သူ မ်ားဝင္ေငြ ပိုမို ရ ရွိေစႏိုင္ရန္အတြက္ရည္ရြယ္ကာလုပ္ေဆာင္သြားမွာျဖစ္တယ္လို႕ စိုက္ပ်ိဳးေရးသုေတ သနဦးစီးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးသန္႔လြင္ဦးကေျပာပါတယ္။

“အပူပိုင္းရပ္ဝန္းေဒသသီးႏွံေတြျဖစ္တဲ့ ေျမပဲ ၊ ပဲစဥ္းငံု ၊ ကုလားပဲ ၊ ပဲမ်ိဳးစံု ၊ ႏွံစားေျပာင္းတို႔ကို အ ဆင့္ျမွင့္ ထုတ္ကုန္ေတြထုတ္ႏိုင္ဖို႕ပူးေပါင္းသြားမွာ။ ဒီသီးႏွံေတြကို အဆင့္ျမွင့္ တင္ထုတ္ လုပ္ျခင္း အားျဖင့္ ေတာင္သူေတြ ဝင္ေငြပိုရႏိုင္မယ္။ ႏွံစားေျပာင္းတို႕ဆပ္တို႔႔႔႔႔႔႔႔႔႔႔႔႔႔႔႔႔႔႔႔က အပူပိုင္းေဒသမွာ ပဲျဖစ္ ထြန္း ေတာ့ ဒီသီးႏွံေတြရဲ႕တန္ဖိုးဟာျမွင့္တက္လာမယ္ ဆိုတဲ့ရည္ရြယ္ခ်က္နဲ႕ပူးေပါင္းလုပ္တာပါ”

စိုက္ပ်ိဳးေရးသုေတသနဦးစီးဌာနႏွင့္ အိႏိၵယႏိုင္ငံ အျပည္ျပည္ဆိုင္ရာမိုးနည္းရပ္ဝန္းေဒသ သီးႏွံသု ေတသနဌာနတို႔ ပူးေပါင္းကာသုေတသနလုပ္ငန္းမ်ား ပူးေပါင္းေဆာင္ ရြက္သြားမွာ ျဖစ္ၿပီး ဘက္စံု တုိးတက္ေကာင္းမြန္တဲ့ အစားအစာထုတ္လုပ္မႈ အစီအစဥ္မ်ား ပူးေပါင္းေဆာင္ရြက္ သြား မွာ ျဖစ္ေၾကာင္း အဆိုပါဌာနမွသိရပါတယ္။

အိႏိၵယႏိုင္ငံ အျပည္ျပည္ဆိုင္ရာမိုးနည္းရပ္ဝန္းေဒသ သီးႏွံသုေတသနဌာနအေထာက္အပံ့ျဖင့္ ကုလား ပဲမ်ိဳး (၁၀)မ်ိဳး ၊ ႏွံစားေျပာင္းမ်ိဳး (၉)မ်ိဳး ၊ ပဲစဥ္းငံု (၆)မ်ိဴးနဲ႕ ေျမပဲ (၅)မ်ိဳးကို ေတာင္သူမ်ားအတြက္ ထုတ္လုပ္ႏိုင္ခဲ့တာျဖစ္ေၾကာင္း စိုက္ပ်ိဳးေရးသုေတသနဦးစီးဌာနမွသိရပါတယ္။

Unicodeျဖင့္ဖတ္ရန္

======================

အပူပိုင်းဒေသဇုန်များမှ ထွက်ရှိတဲ့ သီးနှံများကို အဆင့်မြှင့်တင်ထုတ်လုပ်သွားမည်
အိန္ဒိယနိုင်ငံ အပြည်ပြည်ဆိုင်ရာမိုးနည်းရပ်ဝန်းဒေသ သီးနှံသုတေသနဌာနနဲ့ ပူးပေါင်းကာ မြန်မာ နိုင်ငံအတွင်းရှိ မိုးနည်းရပ်ဝန်းဒေသမှထွက်ရှိတဲ့ သီးနှံများကို အဆင့်မြှင့်တင်ထုတ်လုပ်သွား မှာ ဖြစ် ကြောင်း စိုက်ပျိူးရေးသုတေသနဦးစီးဌာနမှသိရပါတယ်။
အပူပိုင်းဇုန်ဒေသများမှထွက်ရှိတဲ့သီးနှံများကို အဆင့်မြှင့်တင်နိုင်ရေးနဲ့ တောင် သူ များဝင်ငွေ ပိုမို ရ ရှိစေနိုင်ရန်အတွက်ရည်ရွယ်ကာလုပ်ဆောင်သွားမှာဖြစ်တယ်လို့ စိုက်ပျိုးရေးသုတေ သနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်လွင်ဦးကပြောပါတယ်။
“အပူပိုင်းရပ်ဝန်းဒေသသီးနှံတွေဖြစ်တဲ့ မြေပဲ ၊ ပဲစဉ်းငုံ ၊ ကုလားပဲ ၊ ပဲမျိုးစုံ ၊ နှံစားပြောင်းတို့ကို အ ဆင့်မြှင့် ထုတ်ကုန်တွေထုတ်နိုင်ဖို့ပူးပေါင်းသွားမှာ။ ဒီသီးနှံတွေကို အဆင့်မြှင့် တင်ထုတ် လုပ်ခြင်း အားဖြင့် တောင်သူတွေ ဝင်ငွေပိုရနိုင်မယ်။ နှံစားပြောင်းတို့ဆပ်တို့က အပူပိုင်းဒေသမှာ ပဲဖြစ် ထွန်း တော့ ဒီသီးနှံတွေရဲ့တန်ဖိုးဟာမြှင့်တက်လာမယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ပူးပေါင်းလုပ်တာပါ”
စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် အိန္ဒိယနိုင်ငံ အပြည်ပြည်ဆိုင်ရာမိုးနည်းရပ်ဝန်းဒေသ သီးနှံသု တေသနဌာနတို့ ပူးပေါင်းကာသုတေသနလုပ်ငန်းများ ပူးပေါင်းဆောင် ရွက်သွားမှာ ဖြစ်ပြီး ဘက်စုံ တိုးတက်ကောင်းမွန်တဲ့ အစားအစာထုတ်လုပ်မှု အစီအစဉ်များ ပူးပေါင်းဆောင်ရွက် သွား မှာ ဖြစ်ကြောင်း အဆိုပါဌာနမှသိရပါတယ်။
အိန္ဒိယနိုင်ငံ အပြည်ပြည်ဆိုင်ရာမိုးနည်းရပ်ဝန်းဒေသ သီးနှံသုတေသနဌာနအထောက်အပံ့ဖြင့် ကုလား ပဲမျိုး (၁၀)မျိုး ၊ နှံစားပြောင်းမျိုး (၉)မျိုး ၊ ပဲစဉ်းငုံ (၆)မျိူးနဲ့ မြေပဲ (၅)မျိုးကို တောင်သူများအတွက် ထုတ်လုပ်နိုင်ခဲ့တာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *