





Unicode ဖြင့်ဖတ်ရန်

==========================

စပါးမျိုးစေ့စစ်ဆေးနိုင်ရန် ဓါတ်ခွဲခန်းကို အဆင့်မြှင့်တင်သွားမည်
ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ စပါးမျိုးစေ့များကို စစ်ဆေးနိုင်ရန် အတွက် ပုသိမ်မြို့နယ်ရှိ ဓါတ်ခ ွဲခန်းကို အဆင့်မြှင့် တင် သွားမှာ ဖြစ် ကြောင်း မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်မှသိရပါတယ်။
စပါးမျိုးစေ့အရည်အသွေးထောက်ခံချက်စစ်ဆေးနိုင်ဖို့အတွက် လက်ရှိဓါတ်ခွဲခန်းကို အဆင့်မြှင့်တင် သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဒုတိယဥက္ကဌ ဦးသောင်းဝင်းကပြောပါတယ်။
“ ဧရာဝတီတိုင်းအနေနဲ့ ပုသိမ်မှာတင်ရရှိနိုင်အောင်လို့ ဓါတ်ခွဲခန်းကို အဆင့်မြှင့်တင်သွားဖို့ လုပ် ဆောင်သွားမှာပါ။ အရင်ကမျိုးစေ့ထောက်ခံချက်ဆို ရန်ကုန်ပို့ရတာနဲ့ ဆိုတော့ ကြာတယ်လေ။ ဒါ ကြောင့်ပုသိမ်မှာလုပ်ဆောင်သွားမှာပါ”
မျိုးစေ့ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်စေနိုင်ရန်အတွက် ဓါတ်ခွဲခန်းကို အဆင့်မြှင့်တင်သွားမှာဖြစ်ကြောင်း အဆိုပါအသင်းချုပ်မှသိရပါတယ်။
လက်ရှိစပါးမျိုးစေ့ဓါတ်ခွဲခန်းကို အဆင့်မြှင့်တင်နိုင်ဖို့အတွက်လည်း စိုက်ပျိုးရေးဦးစီးဌာန ၊ မြန်မာနိုင် ငံဆန်စပါးအသင်းချုပ်နဲ့ ဂျာမနီနိုင်ငံ Welthungerhilfe – WHH အဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင် သွား မှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *