BREAKING NEWS

ဧရာဝတီျမစ္ဝကၽြန္းေပၚေဒသ စပါးမ်ိဳးေစ့ရပ္ဝန္းႏွင့္ ခ်ိတ္ဆက္လုပ္ေဆာင္ျခင္း အခမ္းအနားက်င္းပ

တတိယအႀကိမ္ ဧရာဝတီျမစ္ဝကၽြန္းေပၚေဒသ စပါးမ်ိဳးေစ့ရပ္ဝန္းႏွင့္ ခ်ိတ္ဆက္လုပ္ေဆာင္ျခင္း အခမ္းအနားကို မေန႔က ပုသိမ္ၿမိဳ႕ ၊ ပုသိမ္ဟိုတယ္မွာ က်င္းပခဲ့ေၾကာင္းသိရပါတယ္။

စပါးမ်ိဳးေစ့ထုတ္လုပ္ဖြံ႕ၿဖိဳးမႈတိုးတက္ေရးအတြက္အေထာက္အကူျပဳေစရန္ ရည္ရြယ္ျပဳလုပ္တာျဖစ္ တယ္လို႕ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ ဒုတိယဥကၠဌ ဦးေသာင္းဝင္းကေျပာပါတယ္။

“ဧရာဝတီတိုင္းမွာ မ်ိဳးေစ့ထုတ္လုပ္မႈဖြံ႕ၿဖိဳးတိုးတက္ေရးကိုအဓိကထားတာေပါ့ေနာ္။ ၿမိဳ႕နယ္ ငါးခု ရဲ႕မ်ိဳးထုတ္ေတာင္သူ(၅၀)ေလာက္ကိုဖြံ႕ၿဖိဳးတိုးတက္ဖို႔လုပ္ေပးတယ္။မ်ိဳးေစ့ ေစ်းကြက္ေပၚေပါက္လာ ေစဖို႕လည္း ေဆြးေႏြးတယ္။ ထပ္ၿပီးေတာ့မ်ိဳးေစ့ဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ ဆက္လက္လုပ္ေဆာင္ သြားမွာပါ”

အဆိုပါအခမ္းအနားမွာ မ်ိဳးေစ့ထုတ္က႑ ၊ ကန္ထရိုက္လယ္ယာက႑ ၊ အရည္အေသြးျမင့္ အထြက္ ေကာင္းမ်ိဳးစပါးမ်ား စိုက္ပ်ိဳးထုတ္လုပ္ျခင္း က႑တို႕ကို ေဆြးေႏြးခဲ့ေၾကာင္းသိရပါတယ္။

ဧရာဝတီျမစ္ဝကၽြန္းေပၚေဒသမိ်ဳးေစ့ရပ္ဝန္းခ်ိတ္ဆက္လုပ္ေဆာင္ျခင္းကို ၂၀၁၇ ခုႏွစ္မွစ တင္ကာ ၂၀၁၉ ခုႏွစ္ထိလုပ္ေဆာင္ေနၿပီး ဆက္လက္လုပ္ေဆာင္သြားမွာ ျဖစ္ေၾကာင္းအဆိုပါ အသင္းခ်ဳပ္မွ သိရ ပါတယ္။

အဆိုပါအခမ္းအနားကို စိုက္ပ်ိဳးေရးဦးစီးဌာန ၊ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္နဲ႕ ဂ်ာမနီႏိုင္ငံ WHH အဖြဲ႕တို႕မွ ပူးေပါင္းက်င္းပခဲ့တာျဖစ္ေၾကာင္းလည္းသိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

==================

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ စပါးမျိုးစေ့ရပ်ဝန်းနှင့် ချိတ်ဆက်လုပ်ဆောင်ခြင်း အခမ်းအနားကျင်းပ
တတိယအကြိမ် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ စပါးမျိုးစေ့ရပ်ဝန်းနှင့် ချိတ်ဆက်လုပ်ဆောင်ခြင်း အခမ်းအနားကို မနေ့က ပုသိမ်မြို့ ၊ ပုသိမ်ဟိုတယ်မှာ ကျင်းပခဲ့ကြောင်းသိရပါတယ်။
စပါးမျိုးစေ့ထုတ်လုပ်ဖွံ့ဖြိုးမှုတိုးတက်ရေးအတွက်အထောက်အကူပြုစေရန် ရည်ရွယ်ပြုလုပ်တာဖြစ် တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဒုတိယဥက္ကဌ ဦးသောင်းဝင်းကပြောပါတယ်။
“ဧရာဝတီတိုင်းမှာ မျိုးစေ့ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးကိုအဓိကထားတာပေါ့နော်။ မြို့နယ် ငါးခု ရဲ့မျိုးထုတ်တောင်သူ(၅၀)လောက်ကိုဖွံ့ဖြိုးတိုးတက်ဖို့လုပ်ပေးတယ်။မျိုးစေ့ ဈေးကွက်ပေါ်ပေါက်လာ စေဖို့လည်း ဆွေးနွေးတယ်။ ထပ်ပြီးတော့မျိုးစေ့ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆက်လက်လုပ်ဆောင် သွားမှာပါ”
အဆိုပါအခမ်းအနားမှာ မျိုးစေ့ထုတ်ကဏ္ဍ ၊ ကန်ထရိုက်လယ်ယာကဏ္ဍ ၊ အရည်အသွေးမြင့် အထွက် ကောင်းမျိုးစပါးများ စိုက်ပျိုးထုတ်လုပ်ခြင်း ကဏ္ဍတို့ကို ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမျိုးစေ့ရပ်ဝန်းချိတ်ဆက်လုပ်ဆောင်ခြင်းကို ၂၀၁၇ ခုနှစ်မှစ တင်ကာ ၂၀၁၉ ခုနှစ်ထိလုပ်ဆောင်နေပြီး ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းအဆိုပါ အသင်းချုပ်မှ သိရ ပါတယ်။
အဆိုပါအခမ်းအနားကို စိုက်ပျိုးရေးဦးစီးဌာန ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ ဂျာမနီနိုင်ငံ WHH အဖွဲ့တို့မှ ပူးပေါင်းကျင်းပခဲ့တာဖြစ်ကြောင်းလည်းသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *