BREAKING NEWS

တရုတ္ႏိုင္ငံကုိ ဆန္တန္ခ်ိန္တစ္သိန္းတင္ပို႕သြားမည္

ပင္လယ္ေရေၾကာင္းမွ ျမန္မာ့ဆန္တန္ခ်ိန္တစ္သိန္းကို တရုတ္ႏိုင္ငံဘက္သို႔ တင္ပို႔ႏိုင္ဖို႔အတြက္ စီစဥ္လုပ္ေဆာင္သြားမွာ ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးကုန္သည္မ်ားအသင္းမွသိရပါတယ္။

ျမန္မာ့ဆန္တန္ခ်ိန္တစ္သိန္းကိုပင္လယ္ေရေၾကာင္းမွ တရုတ္ကိုတင္ပို႕ႏိုင္ဖို႔အတြက္ MoU ေရးထိုး သြားမွာျဖစ္တယ္လို႔ ျမန္မာႏိုင္ငံဆန္စပါးကုန္သည္မ်ားအသင္းမွ အတြင္းေရးမွဴး ဦး ေအာင္ျမင့္က ေျပာပါတယ္။

“ ပင္လယ္ေရေၾကာင္းကေန ဆန္တန္ခ်ိန္တစ္သိန္းတင္ပို႔ဖို႔ရွိတယ္။ ဒီရက္ပိုင္းေလာက္အတြင္းမွာ MoU ေရးထိုးဖို႕လုပ္ေဆာင္သြားမွာပါ။လာမယ့္ေျခာက္လအတြင္းမွာ ဆန္တန္ခ်ိန္တစ္သိန္းကို အျပတ္ တင္ပို႔သြားမွာပါ”

ျမန္မာ့ဆန္တန္ခ်ိန္တစ္သိန္းကိုေအာက္တိုဘာလနဲ႕ႏိုဝင္ဘာလမ်ားမွာ တင္ပို႕သြားမွာျဖစ္ေၾကာင္း အဆိုပါအသင္းမွသိရပါတယ္။

ျမန္မာ့ဆန္မ်ားကို တရုတ္ကိုအဓိကထားတင္ပို႔ေနၿပီး နယ္စပ္လမ္းေၾကာင္းနဲ႕ ပင္လယ္ေရေၾကာင္း မွတင္ပို႔ေနတာျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးကုန္သည္မ်ားအသင္းမွသိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

======================

တရုတ်နိုင်ငံကို ဆန်တန်ချိန်တစ်သိန်းတင်ပို့သွားမည်
ပင်လယ်ရေကြောင်းမှ မြန်မာ့ဆန်တန်ချိန်တစ်သိန်းကို တရုတ်နိုင်ငံဘက်သို့ တင်ပို့နိုင်ဖို့အတွက် စီစဉ်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှသိရပါတယ်။

မြန်မာ့ဆန်တန်ချိန်တစ်သိန်းကိုပင်လယ်ရေကြောင်းမှ တရုတ်ကိုတင်ပို့နိုင်ဖို့အတွက် MoU ရေးထိုး သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦး အောင်မြင့်က ပြောပါတယ်။

“ ပင်လယ်ရေကြောင်းကနေ ဆန်တန်ချိန်တစ်သိန်းတင်ပို့ဖို့ရှိတယ်။ ဒီရက်ပိုင်းလောက်အတွင်းမှာ MoU ရေးထိုးဖို့လုပ်ဆောင်သွားမှာပါ။လာမယ့်ခြောက်လအတွင်းမှာ ဆန်တန်ချိန်တစ်သိန်းကို အပြတ် တင်ပို့သွားမှာပါ”

မြန်မာ့ဆန်တန်ချိန်တစ်သိန်းကိုအောက်တိုဘာလနဲ့နိုဝင်ဘာလများမှာ တင်ပို့သွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှသိရပါတယ်။

မြန်မာ့ဆန်များကို တရုတ်ကိုအဓိကထားတင်ပို့နေပြီး နယ်စပ်လမ်းကြောင်းနဲ့ ပင်လယ်ရေကြောင်း မှတင်ပို့နေတာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *