စပါးဘတ်တီးရီးယား⁠ရောဂါ (ရွက်ေ⁠ခြာက်) ကျ⁠ရောက်လျှင် ⁠ဆောင်ရွက်သင့်သည့် အချက်များ

ရောဂါလက္ခဏာများ

  • ပင်ညှိုး လက္ခဏာ
  • ပင်ညှိုး လက္ခဏာ အနီးကပ်တွေ့ရပုံ
  • စပါးရွက်ထိပ်ဖျားတွင် ရေစိုနာကွက်စတင်ဖြစ်ပေါ်လာပုံ နှင့် ဘတ်တီးရီးယား စိမ့်ထုတ်ရည်များ ထွက်နေပုံ၊
  • ရွက်ခြောက် လက္ခဏာ

ရောဂါစက်ဝန်း

ကနဦးဒဏ်ရာများပေါ်လာပြီးသည့်နောက် အရွက်မျက်နှာပြင်ပေါ်ရှိ ယိုစိမ့်ရည်စက်ငယ် တွင် ပါရှိမည့် ဘက်တီးရီးယားများသည် လေဖြင့်၎င်း၊ ရေဖြင့်၎င်း၊ ဒေသတစ်ခု၏ နေရာအနှံ့သို့ ပျံ့ နှံ့မည်။

စပါးပင်များသည် ရောဂါစွဲကပ်နေသည့် ရိုးပြတ်များ၊ မျိုးစေ့များ၊ စပါးခင်းရေ နှင့် ကောက်ရိုး စသည့်ရောဂါရင်းမြစ်များမှ ဘက်တီးရီးယား ရွက်ခြောက်ရောဂါ ဖြစ်ပေါ်လာနိုင်သည်။

သီးနှံပင်ကြီးထွားဆဲအချိန်တွင် မြင့်မားသော အပူချိန်၊ စိုထိုင်းမှုတို့သည် ရွက်ခြောက်ရောဂါ ကျရောက်ခြင်းကို တိုးပွားစေသည်။

ဘက်တီးရီးယားများသည် “ရေစိမ့်ပေါက်” (Hydathodes) များမှလည်းကောင်း၊ အရွက် (သို့ မဟုတ်) အမြစ်ပေါ်ရှိဒဏ်ရာများမှလည်းကောင်း ၀င်ရောက်ပြီး အပင်အတွင်းတွင် ပွားများလာနိုင်သည်။

ဘက်တီးရီးယားများသည် အပင်အတွင်းတွင် ပွားများပြီး ရွက်ကြောများထဲသို့ဝင်သည်။ အမြစ် များအတွင်းသို့ ၀င်ရောက်သည့် ဘက်တီးရီးယားများသည် ရေကြောတစ်ရှူးများကို ပိတ်ဆိြု့ ခင်းဖြင့်  အပင်ကို ညှိုးနွမ်းစေသည်။

ဆောင်ရွက်ရန်

ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးများမှား – ရတနာအောင်၊ ရေဆင်း (၂) နှင့် (၃)၊ ဆင်းသိင်္ဂီ၊ ဆင်းသီရိ

ရောဂါအသင့်အတင့်ခံနိုင်သော မျိုးများမှာ – ဆာငံခံ (၄)၊ ရေနက်(၄)၊ ဆင်းဧကရီ (၃)၊ ဆင်းဧကရီ (၄)၊ ရွှေတဆုပ်၊ စိန်တလေးတို့ ဖြစ်ပါသည်။

ပုလဲဓါတ်မြေသြဇာကို လွန်ကဲစွာအသုံးမပြုဘဲ တီစူပါ၊ ပိုတက်၊ (ဖွဲပြာ)စသည်တို့ နှင့် ရော၍ အသုံးပြုပါ။

ကောက်ကွက်ကျဲကျဲစိုက်ပါ။

၎င်းရောဂါသည် စက်တင်ဘာလတွင် ပြင်းထန်စွာ ကျရောက်တတ်သဖြင့် မိုးစပါးကို စိုက်ချိန်စော၍ စိုက်ခြင်းဖြင့် ဘက်တီးရီးယားရွက်ခြောက်ရောဂါ ကျရောက်ခြင်းကို ရှောင်ရှားနိုင်ပါသည်။

Copper hydroxide ကြေးဒုတ္ထာ ဟိုက်ဒြောဆိုဒ်အုပ်စုဝင် (ချန်ပီယံ၊ ကိုဆိုဒ်) ကဲ့သို့သော အလားတူဆေးများ Copper Oxychloride ကြေးဒုတ္ထာ အောက်ဆီကလိုရိုဒ် အုပ်စုဝင် (ကော့ပ်တက်၊ ကျူမရိုမက်) ကဲ့သို့သော အလားတူဆေးများ၊

Kasugamycin ကာစူကာမိုင်စင်အုပ်စုဝင် (ကာဆူမင်၊ ဆိုင်ပန်) ကဲ့သို့သော အလားတူဆေး များကို အညွှန်းပါဆေးနှုန်းထားအတိုင်း ပက်ဖျန်းကာကွယ်နှိမ်နင်းပါ။

မျိုးစေ့များ ဆားရည်စိမ်စိုက်ပါ။ ဆားရည်ကို စင်အောင် သေချာစွာရေဖြင့်ဆေးပြီးမှ အပင်ေ ဖာက်စိုက်ပါ။ ဤသို့ ပြုလုပ်ခြင်းသည် သန်မာသောပျိုးပင်ရ၍ ကိုယ်ခံအားကောင်းသည့်အပြင် မျိုးစေ့ဆောင်ရောဂါများကို ဖယ်ရှားနိုင်ပါသည်။

စိုက်ပျိုးရေးဦးစီးဌာန





Leave a Reply

Your email address will not be published. Required fields are marked *