BREAKING NEWS

ဒန္႕သလြန္နည္းပညာသင္တန္းတစ္ခုဖြင့္လွစ္သြားရန္စီစဥ္ေန

ဒန္႕သလြန္ စိုက္ပ်ိဳးျခင္းနည္းပညာ ရက္တိုသင္တန္းတစ္ခုဖြင့္လွစ္သြားရန္စီစဥ္ေနေၾကာင္း ဒန္႕သလြန္စီးပြားျဖစ္စိုက္ပ်ိဳးသူမ်ားအဖြဲ႕မွသိရပါတယ္။

ဒန္႕သလြန္စိုက္ပ်ိဳးနည္းမ်ားနဲ႕ ကုန္ေခ်ာျပန္ထုတ္ေစႏိုင္ရန္အတြက္ ရက္တိုသင္တန္းကိုဖြင့္လွစ္ႏိုင္ ဖို႕အတြက္စီစဥ္ေနတာျဖစ္တယ္လို႔ သင္တန္းစီစဥ္သူ ဦးမင္းဟိန္းကေျပာပါတယ္။

“ ဒန္႕သလြန္ကိုစိုက္တဲ့သူကလည္းမ်ားလာေတာ့ ဒန္႕သလြန္ေကာင္းက်ိဳး ေတြ ၊ စိုက္ပ်ိဳးပံုေတြ ၊ ကုန္ေခ်ာျပန္ထုတ္လုပ္တာေတြနဲ႕ ေစ်းကြက္အေၾကာင္းေတြကိုျပန္ၿပီးေတာ့ သင္ၾကားေပးသြားမွာပါ”

အဆိုပါသင္တန္းမွာ ဒန္႕သလြန္ PKM 1 နဲ႕ MS 01 အေၾကာင္း ၊ စိုက္ပ်ိဳးရန္ ေျမ ၊ ရာသီဥတု ၊ ေျမၾသ ဇာ လိုအပ္ခ်က္မ်ား ၊ စိုက္နည္း ၊ပ်ိဳးနည္း ၊ ျပဳစုပ်ိဳးေထာင္နည္းမ်ား ၊ အေတာင့္ ၊ အရြက္မ်ား ၊ ရိတ္ သိမ္း အေျခာက္ခံနည္း ၊အေစ့ေျခာက္မ်ားမွ ဆီသန္႕ႀကိတ္ပံု ၊ ထုတ္ယူနည္း ၊ အေစ့ေျခာက္ဖတ္မ်ား အမႈန္႕ႀကိတ္နည္း ၊ ဒန္႕သလြန္လက္ရွိေစ်းကြက္နဲ႕အလားအလာ တို႕ကိုသင္ၾကားေပးသြား မွာျဖစ္ ေၾကာင္းအဆိုပါအဖြဲ႕မွ သိရပါတယ္။

ဒန္႕သလြန္နည္းပညာသင္တန္းကို ဇူလိုင္လမွာဖြင့္လွစ္ႏိုင္ဖို႕အတြက္ စီစဥ္လုပ္ေဆာင္ေနၿပီး တက္ ေရာက္ခ်င္သူမ်ားအေနနဲ႕ ဖုန္းနံပါတ္ ၀၉ – ၄၂၂၄၅၂၀၄၅ ကိုဆက္သြယ္စံုစမ္းေမးျမန္း ႏိုင္ ေၾကာင္း ဒန္႕သလြန္စီးပြားျဖစ္စိုက္ပ်ိဳးသူမ်ားအဖြဲ႕မွ သိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

===================

ဒန့်သလွန်နည်းပညာသင်တန်းတစ်ခုဖွင့်လှစ်သွားရန်စီစဉ်နေ
ဒန့်သလွန် စိုက်ပျိုးခြင်းနည်းပညာ ရက်တိုသင်တန်းတစ်ခုဖွင့်လှစ်သွားရန်စီစဉ်နေကြောင်း ဒန့်သလွန်စီးပွားဖြစ်စိုက်ပျိုးသူများအဖွဲ့မှသိရပါတယ်။
ဒန့်သလွန်စိုက်ပျိုးနည်းများနဲ့ ကုန်ချောပြန်ထုတ်စေနိုင်ရန်အတွက် ရက်တိုသင်တန်းကိုဖွင့်လှစ်နိုင် ဖို့အတွက်စီစဉ်နေတာဖြစ်တယ်လို့ သင်တန်းစီစဉ်သူ ဦးမင်းဟိန်းကပြောပါတယ်။
“ ဒန့်သလွန်ကိုစိုက်တဲ့သူကလည်းများလာတော့ ဒန့်သလွန်ကောင်းကျိုး တွေ ၊ စိုက်ပျိုးပုံတွေ ၊ ကုန်ချောပြန်ထုတ်လုပ်တာတွေနဲ့ ဈေးကွက်အကြောင်းတွေကိုပြန်ပြီးတော့ သင်ကြားပေးသွားမှာပါ”
အဆိုပါသင်တန်းမှာ ဒန့်သလွန် PKM 1 နဲ့ MS 01 အကြောင်း ၊ စိုက်ပျိုးရန် မြေ ၊ ရာသီဥတု ၊ မြေသြ ဇာ လိုအပ်ချက်များ ၊ စိုက်နည်း ၊ပျိုးနည်း ၊ ပြုစုပျိုးထောင်နည်းများ ၊ အတောင့် ၊ အရွက်များ ၊ ရိတ် သိမ်း အခြောက်ခံနည်း ၊အစေ့ခြောက်များမှ ဆီသန့်ကြိတ်ပုံ ၊ ထုတ်ယူနည်း ၊ အစေ့ခြောက်ဖတ်များ အမှုန့်ကြိတ်နည်း ၊ ဒန့်သလွန်လက်ရှိဈေးကွက်နဲ့အလားအလာ တို့ကိုသင်ကြားပေးသွား မှာဖြစ် ကြောင်းအဆိုပါအဖွဲ့မှ သိရပါတယ်။
ဒန့်သလွန်နည်းပညာသင်တန်းကို ဇူလိုင်လမှာဖွင့်လှစ်နိုင်ဖို့အတွက် စီစဉ်လုပ်ဆောင်နေပြီး တက် ရောက်ချင်သူများအနေနဲ့ ဖုန်းနံပါတ် ၀၉ – ၄၂၂၄၅၂၀၄၅ ကိုဆက်သွယ်စုံစမ်းမေးမြန်း နိုင် ကြောင်း ဒန့်သလွန်စီးပွားဖြစ်စိုက်ပျိုးသူများအဖွဲ့မှ သိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *