BREAKING NEWS

ဆန္စပါးေစ်းႏႈန္းတည္ၿငိမ္ေရးအတြက္ အစိုးရႏွင့္ပုဂၢလိကေဆြးေႏြး

စပါးေစ်းႏႈန္းက်ဆင္းျခင္းနဲ႕ ေတာင္သူလယ္သမားမ်ား အခက္အခဲျဖစ္ေနျခင္းအေပၚ အစိုးရႏွင့္ပုဂၢလိ ကပူးေပါင္းကာ တိုးျမွင့္ေဆာင္ရြက္ႏိုင္ေရး ေဆြးေႏြးေနေၾကာင္း စိုက္ပ်ိဳးေရး ၊ ေမြးျမဴေရး ႏွင့္ဆည္ ေျမာင္းဝန္ႀကီးဌာနမွသိရပါတယ္။
ဆန္စပါးေစ်းႏႈန္းသတ္မွတ္ေရးကိစၥနဲ႕သက္ဆိုင္ရာပုဂၢလိကဘက္မ်ားကေန အခုလက္ရွိ လုပ္ေဆာင္ ေနမႈမ်ားကို ေဆြးေႏြးခဲ့တာျဖစ္တယ္လုိ႕ စိုက္ပ်ိဳးေရး ၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနမွ လက္ေထာက္အတြင္းဝန္ဦးမ်ိဳးတင့္ထြန္းကေျပာပါတယ္။
“ေစ်းႏႈန္းသတ္မွတ္ေရးကိစၥပါတယ္။ဆန္စပါးအသင္းခ်ဳပ္တို႔ကုန္သည္တို႕စက္ပိုင္တို႔က အခက္အခဲ ေလးေတြတင္ျပတာေတြရွိတယ္။ အတိအက်ဆံုးျဖတ္ခ်က္ေတာ့မရေသးပါ ဘူး။ပုဂၢလိဂက႑ဘက္ မ်ားကလည္းသူတို႕လုပ္ေနတာေလးေတြေဆြးေႏြးတင္ျပတာေတြရွိေတာ့ သက္ဆိုင္ရာဝန္ႀကီးဌာန ေတြနဲ႕ ပါဝင္ပူးေပါင္းလုပ္ေဆာင္သြားမွာပါ”
စပါးေစ်းႏႈန္းမတည္မၿငိမ္ျဖစ္ေနတဲ့အေပၚ ေတာင္သူမ်ားထံမွ စပါးမ်ားဝယ္ယူႏိုင္ရန္အတြက္ ေဆြးေႏြးခဲ့တယ္လို႕ ျမန္မာႏိုုင္ငံဆန္စပါးကုန္သည္မ်ားအသင္း မွ အတြင္းေရးမွဴး ဦးေအာင္ျမင့္ ကေျပာပါတယ္။
“အခုလက္ရွိကေတာ့ ေဒသကထြက္တဲ့စပါးေပါက္ေစ်းနဲ႕ညိွႏိႈင္းၿပီးေတာင္သူေတြကို ဝယ္ေပးတယ္။ စပါးဝယ္ဖို႕အတြက္လည္း ေခ်းေငြကိစၥ ေဆြးေႏြးခဲ့ပါတယ္။ စပါးအရည္ အေသြး ျပည့္မွီေအာင္ လို႕ လည္းအေျခာက္ခံစက္နဲ႕ပတ္သတ္တဲ့အခက္အခဲေတြကိုလည္းေဆြးေႏြးခဲ့ပါတယ္”
ဆန္စပါးအေျခခံေစ်းႏႈန္း သတ္မွတ္ခ်က္အရအေကာင္အထည္ေဖာ္ေဆာင္ရြက္ေနမႈမ်ား ၊ ကြင္းဆင္း ဝယ္ယူမႈမ်ား ၊ အေျခာက္ခံစက္အခက္အခဲျဖစ္ေပၚေနမႈမ်ားနဲ႕ ရက္တိုေခ်းေငြရရွိေရးကိစၥမ်ားကို ေဆြး ေႏြးခဲ့ေၾကာင္း သိရပါတယ္။
Unicode ျဖင့္ဖတ္ရန္
==================

ဆန်စပါးဈေးနှုန်းတည်ငြိမ်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိကဆွေးနွေး
စပါးဈေးနှုန်းကျဆင်းခြင်းနဲ့ တောင်သူလယ်သမားများ အခက်အခဲဖြစ်နေခြင်းအပေါ် အစိုးရနှင့်ပုဂ္ဂလိ ကပူးပေါင်းကာ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးနေကြောင်း စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့်ဆည် မြောင်းဝန်ကြီးဌာနမှသိရပါတယ်။

ဆန်စပါးဈေးနှုန်းသတ်မှတ်ရေးကိစ္စနဲ့သက်ဆိုင်ရာပုဂ္ဂလိကဘက်များကနေ အခုလက်ရှိ လုပ်ဆောင် နေမှုများကို ဆွေးနွေးခဲ့တာဖြစ်တယ်လို့ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန်ဦးမျိုးတင့်ထွန်းကပြောပါတယ်။

“ဈေးနှုန်းသတ်မှတ်ရေးကိစ္စပါတယ်။ဆန်စပါးအသင်းချုပ်တို့ကုန်သည်တို့စက်ပိုင်တို့က အခက်အခဲ လေးတွေတင်ပြတာတွေရှိတယ်။ အတိအကျဆုံးဖြတ်ချက်တော့မရသေးပါ ဘူး။ပုဂ္ဂလိဂကဏ္ဍဘက် များကလည်းသူတို့လုပ်နေတာလေးတွေဆွေးနွေးတင်ပြတာတွေရှိတော့ သက်ဆိုင်ရာဝန်ကြီးဌာန တွေနဲ့ ပါဝင်ပူးပေါင်းလုပ်ဆောင်သွားမှာပါ”

စပါးဈေးနှုန်းမတည်မငြိမ်ဖြစ်နေတဲ့အပေါ် တောင်သူများထံမှ စပါးများဝယ်ယူနိုင်ရန်အတွက် ဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း မှ အတွင်းရေးမှူး ဦးအောင်မြင့် ကပြောပါတယ်။

“အခုလက်ရှိကတော့ ဒေသကထွက်တဲ့စပါးပေါက်ဈေးနဲ့ညှိနှိုင်းပြီးတောင်သူတွေကို ဝယ်ပေးတယ်။ စပါးဝယ်ဖို့အတွက်လည်း ချေးငွေကိစ္စ ဆွေးနွေးခဲ့ပါတယ်။ စပါးအရည် အသွေး ပြည့်မှီအောင် လို့ လည်းအခြောက်ခံစက်နဲ့ပတ်သတ်တဲ့အခက်အခဲတွေကိုလည်းဆွေးနွေးခဲ့ပါတယ်”

ဆန်စပါးအခြေခံဈေးနှုန်း သတ်မှတ်ချက်အရအကောင်အထည်ဖော်ဆောင်ရွက်နေမှုများ ၊ ကွင်းဆင်း ဝယ်ယူမှုများ ၊ အခြောက်ခံစက်အခက်အခဲဖြစ်ပေါ်နေမှုများနဲ့ ရက်တိုချေးငွေရရှိရေးကိစ္စများကို ဆွေး နွေးခဲ့ကြောင်း သိရပါတယ်။

Chat conversation end




Leave a Reply

Your email address will not be published. Required fields are marked *