BREAKING NEWS





မြေဆီလွှာ ၊ မျိုး ၊သီးနှံ ကာကွယ်ရေးဆိုင်ရာအခက်အခဲများကို တောင်သူလယ်သမားများကြုံတွေ့ လာပါက အချိန်နဲ့တစ်ပြေးညီဆက်သွယ်အကြောင်းကြားနိုင်မယ့် အသိပေးဆိုင်းဘုတ်များ စိုက်ထူ ပေးသွားမှာဖြစ်ကြောင်း အဆိုပါရုံးမှသိရပါတယ်။


Unicode ဖြင့်ဖတ်ရန်

=======================

သီးနှံ ပိုးမွှား ကာကွယ်ရေးဆိုင်ရာ အခက်အခဲများ ကြုံတွေ့လာပါက ဆက်သွယ်နိုင်
ကရင်ပြည်နယ်ရှိတောင်သူများအနေဖြင့် သီးနှံ ကာကွယ်ရေးဆိုင်ရာ အခက်အခဲများ ကြုံတွေ့ လာ ပါ က ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း ကရင်ပြည်နယ် ပြည်နယ်ဦးစီးမှူးရုံးမှ သိရ ပါတယ်။
တောင်သူများ အတွက် စိုက်ပျိုး နည်းပညာသင်တန်းပေးပို့ချနေသော်လည်း အခက်အခဲပြဿနာ များပေါ်လာပါက မေးမြန်းဆက်သွယ်နိုင်တယ်လို့ ကရင်ပြည်နယ် ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ် ဦးစီးမှူး ဦးသန်းထိုက်ကပြောပါတယ်။
“ နည်းပညာပေးသင်တန်းတွေပို့ချပေးနေတယ်။တောင်သူတွေအနေနဲ့ လာမတက်ဖြစ်တဲ့ အခြေ အ နေမျိုးမှာ မြေဆီလွှာပြဿာနာတွေ ၊ စိုက်နည်းပျိုးနည်းတွေ ၊ မျိုးပြဿနာတွေ ၊ သီးနှံကာကွယ်ရေး ပြဿာနာတွေပေါ်လာခဲ့ရင်ချိတ်ဆက်ပြီးတော့ မေးမြန်းနိုင်ဖို့အတွက် ရည်ရွယ်တာပါ”
မြေဆီလွှာ ၊ မျိူး ၊သီးနှံ ကာကွယ်ရေးဆိုင်ရာအခက်အခဲများကို တောင်သူလယ်သမားများကြုံတွေ့ လာပါက အချိန်နဲ့တစ်ပြေးညီဆက်သွယ်အကြောင်းကြားနိုင်မယ့် အသိပေးဆိုင်းဘုတ်များ စိုက်ထူ ပေးသွားမှာဖြစ်ကြောင်း အဆိုပါရုံးမှသိရပါတယ်။
ကရင်ပြည်နယ်ရှိတောင်သူများအနေနဲ့ စိုက်ပျိုးနည်းအခက်အခဲများ ကြုံလာပါက ဖုန်းနံပါတ် ၀၉-၆၉၉၈၉၈၀၀၀ ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း ကရင်ပြည်နယ်ပြည်နယ်ဦးစီးမှူးရုံးမှသိရ ပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *