BREAKING NEWS
Unicode ဖြင့်ဖတ်ရန်
================
ပဲဈေးနှုန်းများတည်ငြိမ်နေ
ယခုရက်ပိုင်းအတွင်း မြန်မာ့ပဲဈေးနှုန်းများမှာ တည်ငြိမ်နေကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည် များအသင်းမှသိရပါတယ်။
မြန်မာ့ပဲတွေဖြစ်တဲ့ မတ်ပဲ နဲ့ ပဲစဉ်းငုံဈေးနှုန်းများမှာ အခုရက်ပိုင်းအတွင်း ပြောင်းလဲမှုမရှိပဲ တည်ငြိမ်နေ ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးကပြောပါတယ်။
“ မတ်ပဲဈေးနှုန်းရော ပဲစဉ်းငုံဈေးနှုန်းရောတည်ငြိမ်နေတယ်။ အရင်လကပဲဈေး နှုန်းတွေက ဝယ်လို အားကြောင့် ဈေးနှုန်းတက်လာခဲ့ပေမယ့် ဒီရက်ပိုင်းအတွင်းမှာပဲဈေးနှုန်းတွေက အပြောင်းအလဲမရှိ ပါဘူး။အခုလ ဆန်းပိုင်းမှာပဲ ဈေးနှုန်းတွေကအပြောင်းအလဲမရှိပဲတည်ငြိမ်နေတယ်”
မတ်ပဲ ၈၅၀၀၀၀ ကျပ်မှ ၈၅၅၀၀၀ ကျပ်ရှိနေပြီး ပဲစဉ်းငုံအဟောင်းတစ်တန်ကို၉၄၀၀၀၀ ကျပ် နဲ့ ပဲစဉ်းငုံ အသစ်တစ်တန်ကို ၁၀၀,၃၀၀၀ ကျပ် ရှိနေကြောင်း အဆိုပါအသင်းမှ သိရပါတယ်။
မြန်မာ့ပဲကို အိန္ဒိယနိုင်ငံကို အဓိကထားတင်ပို့နေပြီး ပါကစ္စတန်စတဲ့နိုင်ငံများကိုလည်း တင်ပို့နေ ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှသိရပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *