(၇)ရက္သားသမီးမ်ားရဲ႕ တစ္ပတ္အတြင္းေဗဒင္ေဟာစာတမ္း

တနဂၤေႏြ

==========

ဒီကာလအတြင္း မိမိအတြက္လုပ္ငန္းခြင္အတြင္းဖြဲ႔စည္းပံုေတြ၊သီအိုရီေတြေျပာင္းလဲသင့္ပါတယ္။ meeting ေတြျ ပဳလုပ္ၿပီး ပိုမိုတိုး တတ္ေစမဲ့လမ္းေၾကာင္းကို ရွာေဖြပါ။ ဒီကာလဟာ အလုပ္နဲ႔ပက္သက္ၿပီး လ က္ရွိအေနအ ထားထက္ပိုမိုေကာင္းတဲ့ရလဒ္ကို ရရွိပါ လိမ့္ မယ္။ staff level ေတာင္မွ မိမိ အ တြက္အခြင့္အလမ္းေကာင္းေတြေပၚ လာနိုင္ပါတယ္။ ကိုယ္ပိုင္စီးပြားမ်ား လုပ္ငန္းခ်ဲ႕ ထြင္ႏိုင္ သ လုိ နား လည္တတ္ကၽြမ္းသူေတြကိုေမးျမန္းအၾကံယူသင့္ တဲ့ေန႔ရက္ပါပဲ။ က်န္းမာေရး ကေတာ့ အထူးေကာင္းေနပါလိမ့္မယ္။ မိမိျဖစ္ခ်င္တာေ တြကိုလဲအားစိုက္လုပ္နိုင္ပါလိမ့္ မယ္။အိမ္၀ယ္ ခ်င္သူမ်ား ၊တိုက္ခန္း၀ယ္ခ်င္သူမ်ား ဒီကာလမွာေဆာင္ရြက္လို႔အထူးေကာင္းပါတယ္။ သားသမီး အတြက္ပူပန္ရတာမ်ိဳးေတြေငြသံုးရတာမ်ိဳးေတြႀကံဳရတတ္ပါတယ္။ လူမႈေရးကိစၥမ်ား၊ သာေရး နာေရးကိစၥေတြ ေၾကာင့္လဲ အခ်ိန္ကုန္လူပန္းရတတ္ပါတယ္။ အခ်စ္ေရးကိစၥေတြမွာေတာ့မိမိ ကုိယ္တုိင္ကခ်စ္သူအေပၚစိတ္ကုန္ လြယ္ပါလိမ့္မယ္။ အိမ္ေထာင္ေရး နဲ႔ပက္သက္ၿပီးေတာ့လဲ အဆင္ေျပစိတ္ခ်မ္းသာရမဲ့ေန႔ရက္ေတြပါပဲ။ စီးပြားေရး နဲ႕ပက္သက္ေသာသင္တန္းမ်ား တက္ေ ရာက္လုိ႔ အထူးေ ကာင္းတဲ့ကာလပါပဲ။

အက်ိဳးေပးဂဏန္း ၁၊၄၊၅
အထူးေဟာ လုပ္ငန္းေတြေကာင္းစြာစီမံႏုိင္ပါလိမ့္မယ္။
ယၾတာ ေပါင္မုန္႔ေထာပတ္သုပ္ဘုရားကပ္လွဴလုိက္ပါ။

တနလၤာ

==========

ဒီကာလအတြင္း အလုပ္နဲ႔ပက္သက္တဲ့ခရီးေတြသြားေနရတတ္ပါတယ္။ ေငြေနာက္လိုက္ရင္ေ တာ့ လုိက္ေလေ၀းေလျဖစ္ရတတ္ပါတယ္။ ေလာဘတႀကီးေငြမရွာလုိက္ပါနဲ႔။ အလုပ္နဲ႔ပက္ သက္ရင္ေတာ့ ၀န္ထမ္းဆို အရာရာေရွ႕ထြက္လုပ္ေဆာင္ျခင္းမျပဳပါနဲ႔။ မိမိစလိုက္တဲ့ ကိစၥေတြ ကအဆံုးမသတ္ဘဲအခက္အခဲမ်ားသြားႏုိင္လုိ႔ ပါပဲ။အလုပ္နဲ႔ပက္သက္ၿပီး ဒီအတိုင္းအေန အ ထားေလးကိုပဲ တိုးတတ္ေအာင္လုပ္ လုိက္ပါ။ အလုပ္သစ္ဆိုတာမ်ိဳး ေတာ့တတ္ႏိုင္သေ လာက္ေရွာင္လုိက္ေစခ်င္ပါတယ္။ က်န္းမာေရးႏွင့္ပက္သက္ၿပီး အညံ့အဆိုးသိပ္မမ်ား ပါဘူး။ က်န္းမာေရးေကာင္းတဲ့သူမ်ားပါလိမ့္မယ္။ ေလာင္းကစားလုပ္ျခင္းမ်ိဳးအထူးေရွာင္ပါ။ ရွိတာေလး ကုန္သြားပါလိမ့္ မယ္။စိတ္ကူး အယူအဆအသစ္ေတြရရွိရင္ေတာင္မွ ဒီကာလမွာအေကာင္ အထည္မေဖာ္လိုက္ပါနဲ႔။ စက္ပစၥည္း အေဟာင္း၀ယ္တာ၊ တစ္ပတ္ရစ္၀ယ္ တာဆိုရင္ေတာ့ ေသခ်ာစစ္ေဆးၿပီးမွ၀ယ္ယူပါ။ အခ်စ္ေရးကံေကာင္းပါတယ္။ ဒါေပမဲ့ ခ်စ္သူနဲ႔အေနေ၀းေ နရ တတ္ပါတယ္။ အိမ္ေထာင္ေ ရးသာယာအဆင္ေျပပါလိမ့္မယ္။ပညာေရးနဲ႔ပက္သက္ ရင္ေတာ့ ဆရာသင္ျပတာကိုနားလည္ရခက္ခဲေနတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၅၊၆၊၉
အထူးေဟာ အထိုင္မေနရတတ္၊အလုပ္မ်ားေနမည္။
ယၾတာ သေျပပန္းဘုရားကပ္လွဴလိုက္ပါ။

အဂၤါ

=======

ဒီကာလအတြင္းစိတ္ရႈပ္ေထြးစရာေလးေတြမ်ားေနတတ္ပါတယ္။ ေတြေ၀ဒိြဟျဖစ္စရာေ လးေတြ ႀကံဳေနရ တတ္ပါတယ္။ အလုပ္နဲ႔ ပက္ သက္ၿပီး အပိုကိစၥေတြတတ္ႏိုင္သေလာက္ေရွာင္ပါ။ အ ပိုေတြလုပ္ၿပီး အခ်ိန္ကုန္တာ ေၾကာင့္ တကယ္လုပ္ရမဲ့အလုပ္ေတြမၿပီး ဘဲျဖစ္ရ တတ္ပါတယ္။ social media သံုးတာကိုလဲတတ္ႏိုင္သေလာက္ ေလ်ာ့ခ်လိုက္ပါ။က်န္းမာေရးနဲ႔ ပက္သက္ၿပီးေ တာ့လဲ အလြန္အားနည္း ခ်က္မ်ားပါတယ္။ ရာသီအကူးအေျပာင္း ေၾကာင့္ျဖစ္တဲ့ေရာဂါေတြ ႀကံဳရတတ္သလုိ၊ အစားမွားေဆးမွားဆိုတာမ်ိဳးလဲျဖစ္ရတတ္ပါတယ္။ ခရီးကိစၥမ်ား အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ပ်က္ရတတ္ပါတယ္။ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား၊စက္မႈလုပ္ငန္းမ်ား အထူးတိုး တတ္ လာႏုိင္ ပါတယ္။ လုပ္ငန္းခြင္အနည္းငယ္အလုပ္မ်ားၿပီးပင္ပန္းရတတ္ပါတယ္။ အရင္ေ န႔ေတြ ကတည္းကအလုပ္ အေၾကြးေတြမ တင္ေအာင္ လုပ္ တတ္ဖို႔လုိပါတယ္။ ေငြလက္ထဲ မထားပါနဲ႔။ ေငြစုစာအုပ္ထဲထည့္ထားပါ။ လက္ထဲ ေငြထားရင္ကုန္စရာေပၚလာတတ္ပါတယ္။ အခ်စ္ေရး ကံကေတာ့ ဒီကာလမွာ အဆင္ေျပတတ္ပါတယ္။အိမ္ေထာ င္ေရးမွာလဲ စိတ္ခ်မ္း သာရမဲ့ကာလလို႔သိရပါတယ္။ ပညာေရးမွာ ထင္သေ လာက္မထြန္းေပါက္သလိုျဖစ္ရမည္။

အက်ိဳးေပးဂဏန္း ၆၊၇၊၈
အထူးေဟာ အခ်ိန္မျဖဳန္းပါနဲ႔လို႔မွာခ်င္ပါတယ္။
ယၾတာ ႏွင္းဆီ၇ပြင့္ဘုရားကပ္လွဴဆုေတာင္းပါ။

ဗုဒၶဟူး/ရာဟု

============

ဒီကာလအတြင္း အဆင္ေျပတိုးတတ္လာပါလိမ့္မယ္။ မိမိလုပ္သမွ်ေအာင္ျမင္ အက်ိဳးေပးပါလိမ့္ မယ္။ မိမိဆိုင္ လူ၀င္ျခင္း၊ေဖာက္သည္ သစ္တုိးျခင္းမ်ားလဲ အထူးႀကံဳေနရတတ္ပါတယ္။ အလုပ္ နဲ႔႔ပက္သက္ရင္လဲ လူအမ်ားရဲ့အားေပးေထာက္ခံျခင္းကိုရရွိပါလိမ့္မယ္။ အလုပ္ ခြင္မွာမ်က္ႏွာေ ပးျခင္းခံရပါလိမ့္မယ္။ အက်ိဳးေဆာင္ ေပးျခင္းမ်ား၊၀န္ေဆာင္မႈေပးျခင္းမ်ား အထူးေဆာင္ရြက္ လုိ ႔ေကာင္း တဲ့ကာလ ပါပဲ။ အလုပ္နဲ႔ပက္သက္ၿပီးနဲ႔ အခ်ိတ္ အဆက္ေတြရလာတတ္ပါတယ္။ အႏု ပညာနွင့္ပက္သက္ေသာအလုပ္မ်ား၊စာေပေရးသားျခင္းမ်ားကို အားစို္က္လုပ္ လို႔အထူးေ ကာင္း ပါတယ္။ က်န္းမာေရးကေတာ့ အေကာင္းဘက္ကိုမ်ားေနတတ္ပါတယ္။ ခံစားေနရတဲ့ေ ၀ဒနာေ တြ တျဖည္းျဖည္းနဲ႔သက္သာခြင့္ေတြရလာပါလိမ့္မယ္။ အသင္းဖြဲ႔ႏွင့္လုပ္ရေသာ၊groupနဲ႔လုပ္ ရေသာအလုပ္မ်ားလဲ အထူးအဆင္ေျပႏိုင္ တာကိုေတြ႔ပါတယ္။ အခ်စ္ေရးမွာေတာ့ ရလဒ္ေ ကာင္းေတြရလာတတ္ပါတယ္။ ခ်စ္ခြင့္ပန္ထား သူမ်ားရလဒ္ေကာင္းေတြရလာတတ္ ပါ တယ္။ အိမ္ေထာင္ေရးအညံ့အဆိုးကင္းေနပါလိမ့္မယ္။ ပညာေရးနဲ႔ပက္ သက္ရင္ေတာ့ မိမိႀကိဳးစား ထားသမွ်အရာ ထင္တိုးတတ္ပါလိမ့္ မယ္။

အက်ိဳးေပးဂဏန္း၁၊၀၊၄
အထူးေဟာ ကံျမင့္မားေနမည္။
ယၾတာ ဘုရားေဆာင္ကိုသန္႔ရွင္းေရးျပဳလုပ္ေပးပါ။

ၾကာသပေတး

=================

ဒီကာလအတြင္းေငြေၾကးနဲ႔ အစုလိုက္၀င္တာမ်ိဳးေတြႀကံဳေနရတတ္ပါတယ္။ ၾကန္႔ၾကာေနတဲ့ေ ငြေၾကးရွိရင္ ေတာ့ျပန္လည္ရရွိ လာပါလိမ့္ မယ္။ မိမိေရာင္းစရာရွိတဲ့ အေရာင္းပစၥည္းမ်ားေ ရာင္းထြက္ပါလိမ့္မယ္။ စိတ္ထဲလိုခ်င္ တာေလးေတြအျပင္ လက္ေတြ႔မွာရလာတတ္ ပါ တယ္။ မိမိေတာင္းတတာေလးေတြျပည့္၀ရႏိုင္ပါတယ္။ လုပ္ငန္းႀကီး မ်ားသိသိသာသာတိုး တတ္လာႏို င္ပါတယ္။ ေၾကာ္ျငာျခင္း၊ promo tion ေပးျခင္းျဖင့္ ဒီကာလမွာမိမိလုပ္ငန္းကို လူ သိမ်ားေ အာင္လုပ္ေဆာင္သင့္ပါတယ္။ ဘာသာေရးနဲ႔ပက္သက္ရင္လဲ မိမိလွဴခ်င္တဲ့ အ လွဴအတန္းေ တြ လွဴခြင့္ရ လာတတ္ပါတယ္။ စိတ္ခ်မ္းသာစရာအေတြးေတြကိုေတြးပါ။ လူအမ်ားကိုတတ္ႏိုင္ သ၍ ကူညီလိုက္ပါ။ အက်ိဳး ဆက္ အေနနဲ႔ မိမိလဲအဆင္ေျပ တိုးတတ္သြားပါလိမ့္မယ္။ က်နး္မာေရး ကေတာ့ ဂရုစိုက္ရလိမ့္မယ္။ အေအးပတ္တတ္ တယ္။ ေျခေအး ၀မ္းေရာင္ ဆိုသလုိျဖစ္ရလိမ့္ မယ္။ အေအးမခံပါနဲ႔။ အခ်စ္ေရးမွာေတာ့ အထူးအဆင္ေျပမယ္။ ေမတၱာေတာင္းခံလုိ႔ေ ကာင္းပါ တယ္။ မေျပလည္တာေတြကို ေျပလည္ႏိုင္ေအာင္စြမ္းေဆာင္ခြင့္ရပါလိမ့္မယ္။ အိမ္ ေထာင္ေရး ကေတာ့ အိမ္ေထာင္ဘက္ခရီးမ်ားေ နတာေ တြ႔ရတယ္။ ပညာေရးအထူးေကာင္းတဲ့ကာလပါပဲ။

အက်ိဳးေပးဂဏန္း ၁၊၂၊၅
အထူးေဟာ စိတ္ခ်မ္းသာေပ်ာ္ရႊင္ရမည္
ယၾတာ ဘယာေၾကာ္ဘုရားကပ္လွဴၿပီးလိုရာဆုေတာင္းပါ။

ေသာၾကာ

==========

ေရွ႕တိုးေဆာင္ရြက္စရာကိစၥေတြကို လွ်ိဳ႕၀ွက္ၿပီးလုပ္ပါ။ သူမ်ားကိုေျပာျပလုိက္ရင္ မိမိအၾကံကို ဦးၿပီးလုပ္ သြားတတ္ပါတယ္။ အခ်စ္ေရး နဲ႔ ပက္သက္တဲ့ အတြင္းေရးေတြေပါက္ၾကား တတ္ပါ တယ္။ အလုပ္နဲ႔ပက္သက္တဲ့ အေရးႀကီးတဲ့သတင္းအခ်က္ အလက္ေတြေရာင္းစားခံ ရႏုိင္ပါ တယ္။ အဲဒါေတြကိုအထူးသတိထားပါ။ ဘာလုပ္လုပ္ အက်ိဳးဆက္ကိုၾကည့္ၿပီး လုပ္ေစခ်င္ပါ တယ္။ ခရီးကိစၥေတြကိုေတာ့ အစီအ စဥ္ဆြဲလို႔မေကာင္းေသးပါဘူး၊ရက္ေရႊ႕ လိုရမယ္ဆိုေတာ့ ရက္ေရႊ႕ပါ။ အေပ်ာ္ခရီးမ်ား၊ အပန္းေျဖခရီးမ်ားမထြက္သင့္ပါဘူး။ တတ္ႏုိင္ သ မ်ွေရလမ္းခရီး မ်ိဳး တတ္နို္င္သေလာက္ေရွာင္လိုက္ေစခ်င္ပါတယ္။ က်န္းမာေရးကေတာ့ ထိုင္ေနရင္အေကာင္း ထသြားမွက်ိဳးမွန္းသိ ဆို သလို တစ္ေနရာရာကိုခရီးထြက္လုိက္ရင္ ေျမေျပာင္း၊ေရေျ ပာင္းေၾကာင့္က်န္းမာေရးညံ့သြားနိုင္ပါတယ္။ အေရး ႀကီးတဲ့ကိစၥေတြကို နႈတ္ ကတိနဲ႔ မလုပ္ဘဲ စာခ်ဳပ္စာတန္းနဲ႔လုပ္တာအေကာင္းဆံုးပါပဲ။ အခ်စ္ေရးမွာေတာ့ စိတ္ခ်မ္း သာရပါလိမ့္မယ္။ အိမ္ေထာင္ေရးကေတာ့ အထူးညံ့ေနပါလိမ့္မယ္။စီးပြားေရးေၾကာင့္ အိမ္ေထာင္ေရးအေပၚဂရု မစိုက္နိုင္ျဖစ္ရပါလိမ့္မယ္။ ပညာေရးမွာေတာ့ အနည္းငယ္စိတ္မပါသလုိျဖစ္ေနရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၃၊၆၊၉
အထူးေဟာ ကံညံ့ေနတတ္ပါတယ္။
ယၾတာ ခရီးသြားမဲ့ရဟန္းတစ္ပါးကို၀တၳဳေငြကပ္လွဴလုိက္ပါ။

စေန

========

မိမိအယူအဆေတြကအမ်ားနဲ႔မတူကြဲထြက္ေနတတ္ပါတယ္။ ဒါကလဲေကာင္းတဲ့လကၡဏာ တစ္ခ်က္ပါ ပဲ။ အေတြးအျမင္မတူတဲ့ စိတ္ကူးေ တြရလာတတ္ပါတယ္။ သူတစ္ပါးကို ကူညီခ်င္ စိတ္ေတြမ်ားေနတတ္ပါတယ္။ အရာ ရာအမ်ားအတြက္စဥ္စားေပးတတ္တာေၾကာင့္ မိမိကို အထင္မၾကီးသူေတြေတာင္ အထင္ႀကီးေလးစားျခင္းကိုခံရပါ လိမ့္မယ္။ တရားအားထုတ္တာကို စိတ္ပါသူမ်ား ဒီကာလေတြမွာ တရား အရသာကုိေကာင္းစြာခံစားမိပါလိမ့္မယ္။ အလုပ္နဲ႔ပက္ သက္ရင္ေတာ့ မိမိကအမွန္အတိုင္းေျပာဆိုလုပ္ကိုင္တတ္တာေၾကာင့္ အခ်ိဳ႕ လူေ တြမၾကိဳက္ တာမ်ိဳး ေတြႀကံဳရတတ္ပါတယ္။ ခရီးသြားလုပ္ငန္းမ်ား၊ ကုန္သည္အလုပ္မ်ားလဲ အက်ိဳးအျမတ္  နည္းႏိုင္ပါတယ္။ ဆရာအလု ပ္ မ်ား၊သင္ၾကားေရးႏွင့္ပက္သက္ေသာ လုပ္ငန္းမ်ားအထူးတိုး တတ္ မဲ့ကာလပါပဲ။ က်န္းမာေရးလဲ အမ်ား အားျဖင့္ ေနေကာင္းက်န္း မာေန တာကိုေတြ႔ရ ပါ တယ္။ တစ္ခုသတိထားရမွာက လည္ေခ်ာင္းနာတာ၊ အာသီေရာင္ တာ၊ေလျပႊန္ေရာင္ တာမ်ိဳးေတြျဖစ္ လြယ္ပါတယ္။ အခ်စ္ေရးမွာ အထင္လြဲေနတာေတြေျပလည္ သြားမည္။ အိမ္ေ ထာင္ ေရးမွာလဲ အေပးအယူတည့္တည့္နဲ႔ စိတ္ခ်မ္းသာရပါလိမ့္မယ္။ ပညာေရးကံလဲေ ကာင္းေ နမည္။

အက်ိဳးေပးဂဏန္း ၃၊၈၊၀
အထူးေဟာ ကံသင့္ပါတယ္။
ယၾတာ လက္ဖက္ရည္ေဖ်ာ္ၿပီးဘုရားကပ္လွဴလုိက္ပါ။

Unicode ျဖင့္ဖတ္ရန္

=================

တနင်္ဂနွေ

==========

ဒီကာလအတွင်း မိမိအတွက်လုပ်ငန်းခွင်အတွင်းဖွဲ့စည်းပုံတွေ၊သီအိုရီတွေပြောင်းလဲသင့်ပါတယ်။ meeting တွေပြုလုပ်ပြီး ပိုမိုတိုး တတ်စေမဲ့လမ်းကြောင်းကို ရှာဖွေပါ။ ဒီကာလဟာ အလုပ်နဲ့ပက်သက်ပြီး လက်ရှိအနေအ ထားထက်ပိုမိုကောင်းတဲ့ရလဒ်ကို ရရှိပါ လိမ့် မယ်။ staff level တောင်မှမိမိအတွက်အခွင့်အလမ်းကောင်းတွေပေါ် လာနိုင်ပါတယ်။ ကိုယ်ပိုင်စီးပွားများ လုပ်ငန်းချဲ့ထွင်နိုင်သလို နား လည်တတ်ကျွမ်းသူတွေကိုမေးမြန်းအကြံယူသင့် တဲ့နေ့ရက်ပါပဲ။ ကျန်းမာရေးကတော့အထူးကောင်းနေပါလိမ့်မယ်။ မိမိဖြစ်ချင်တာေ တွကိုလဲအားစိုက်လုပ်နိုင်ပါလိမ့် မယ်။အိမ်ဝယ်ချင်သူများ ၊တိုက်ခန်းဝယ်ချင်သူများ ဒီကာလမှာဆောင်ရွက်လို့အထူးကောင်းပါတယ်။ သားသမီး အတွက်ပူပန်ရတာမျိုးတွေငွေသုံးရတာမျိုးတွေကြုံရတတ်ပါတယ်။ လူမှုရေးကိစ္စများ၊သာရေးနာရေးကိစ္စတွေ ကြောင့်လဲ အချိန်ကုန်လူပန်းရတတ်ပါတယ်။ အချစ်ရေးကိစ္စတွေမှာတော့မိမိကိုယ်တိုင်ကချစ်သူအပေါ်စိတ်ကုန် လွယ်ပါလိမ့်မယ်။ အိမ်ထောင်ရေး နဲ့ပက်သက်ပြီးတော့လဲအဆင်ပြေစိတ်ချမ်းသာရမဲ့နေ့ရက်တွေပါပဲ။ စီးပွားရေး နဲ့ပက်သက်သောသင်တန်းများ တက်ရောက်လို့ အထူးေ ကာင်းတဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း ၁၊၄၊၅
အထူးဟော လုပ်ငန်းတွေကောင်းစွာစီမံနိုင်ပါလိမ့်မယ်။
ယတြာ ပေါင်မုန့်ထောပတ်သုပ်ဘုရားကပ်လှူလိုက်ပါ။

တနင်္လာ

==========

ဒီကာလအတွင်း အလုပ်နဲ့ပက်သက်တဲ့ခရီးတွေသွားနေရတတ်ပါတယ်။ ငွေနောက်လိုက်ရင်တော့ လိုက်လေဝေးလေဖြစ်ရတတ်ပါတယ်။ လောဘတကြီးငွေမရှာလိုက်ပါနဲ့။ အလုပ်နဲ့ပက်သက်ရင်တော့ ဝန်ထမ်းဆို အရာရာရှေ့ထွက်လုပ်ဆောင်ခြင်းမပြုပါနဲ့။ မိမိစလိုက်တဲ့ ကိစ္စတွေကအဆုံးမသတ်ဘဲအခက်အခဲများသွားနိုင်လို့ ပါပဲ။အလုပ်နဲ့ပက်သက်ပြီး ဒီအတိုင်းအနေအထားလေးကိုပဲ တိုးတတ်အောင်လုပ် လိုက်ပါ။ အလုပ်သစ်ဆိုတာမျိုး တော့တတ်နိုင်သလောက်ရှောင်လိုက်စေချင်ပါတယ်။ ကျန်းမာရေးနှင့်ပက်သက်ပြီး အညံ့အဆိုးသိပ်မများ ပါဘူး။ ကျန်းမာရေးကောင်းတဲ့သူများပါလိမ့်မယ်။ လောင်းကစားလုပ်ခြင်းမျိုးအထူးရှောင်ပါ။ ရှိတာလေးကုန်သွားပါလိမ့် မယ်။စိတ်ကူး အယူအဆအသစ်တွေရရှိရင်တောင်မှ ဒီကာလမှာအကောင်အထည်မဖော်လိုက်ပါနဲ့။ စက်ပစ္စည်း အဟောင်းဝယ်တာ၊ တစ်ပတ်ရစ်ဝယ် တာဆိုရင်တော့ သေချာစစ်ဆေးပြီးမှဝယ်ယူပါ။ အချစ်ရေးကံကောင်းပါတယ်။ ဒါပေမဲ့ ချစ်သူနဲ့အနေဝေးနေရတတ်ပါတယ်။ အိမ်ထောင်ေ ရးသာယာအဆင်ပြေပါလိမ့်မယ်။ပညာရေးနဲ့ပက်သက် ရင်တော့ ဆရာသင်ပြတာကိုနားလည်ရခက်ခဲနေတတ်ပါတယ်။

အကျိုးပေးဂဏန်း ၅၊၆၊၉
အထူးဟော အထိုင်မနေရတတ်၊အလုပ်များနေမည်။
ယတြာ သပြေပန်းဘုရားကပ်လှူလိုက်ပါ။

အင်္ဂါ

=======

ဒီကာလအတွင်းစိတ်ရှုပ်ထွေးစရာလေးတွေများနေတတ်ပါတယ်။ တွေဝေဒွိဟဖြစ်စရာလေးတွေကြုံနေရ တတ်ပါတယ်။ အလုပ်နဲ့ ပက် သက်ပြီး အပိုကိစ္စတွေတတ်နိုင်သလောက်ရှောင်ပါ။ အပိုတွေလုပ်ပြီး အချိန်ကုန်တာ ကြောင့် တကယ်လုပ်ရမဲ့အလုပ်တွေမပြီး ဘဲဖြစ်ရ တတ်ပါတယ်။ social media သုံးတာကိုလဲတတ်နိုင်သလောက် လျော့ချလိုက်ပါ။ကျန်းမာရေးနဲ့ပက်သက်ပြီးတော့လဲ အလွန်အားနည်း ချက်များပါတယ်။ ရာသီအကူးအပြောင်း ကြောင့်ဖြစ်တဲ့ရောဂါတွေကြုံရတတ်သလို၊ အစားမှားဆေးမှားဆိုတာမျိုးလဲဖြစ်ရတတ်ပါတယ်။ ခရီးကိစ္စများ အကြောင်းအမျိုးမျိုးကြောင့်ပျက်ရတတ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းများ၊စက်မှုလုပ်ငန်းများ အထူးတိုးတတ် လာနိုင် ပါတယ်။ လုပ်ငန်းခွင်အနည်းငယ်အလုပ်များပြီးပင်ပန်းရတတ်ပါတယ်။ အရင်နေ့တွေကတည်းကအလုပ် အကြွေးတွေမ တင်အောင် လုပ် တတ်ဖို့လိုပါတယ်။ ငွေလက်ထဲမထားပါနဲ့။ ငွေစုစာအုပ်ထဲထည့်ထားပါ။ လက်ထဲ ငွေထားရင်ကုန်စရာပေါ်လာတတ်ပါတယ်။ အချစ်ရေး ကံကတော့ ဒီကာလမှာ အဆင်ပြေတတ်ပါတယ်။အိမ်ထော င်ရေးမှာလဲ စိတ်ချမ်းသာရမဲ့ကာလလို့သိရပါတယ်။ ပညာရေးမှာ ထင်သေ လာက်မထွန်းပေါက်သလိုဖြစ်ရမည်။

အကျိုးပေးဂဏန်း ၆၊၇၊၈
အထူးဟော အချိန်မဖြုန်းပါနဲ့လို့မှာချင်ပါတယ်။
ယတြာ နှင်းဆီ၇ပွင့်ဘုရားကပ်လှူဆုတောင်းပါ။

ဗုဒ္ဓဟူး/ရာဟု

============

ဒီကာလအတွင်း အဆင်ပြေတိုးတတ်လာပါလိမ့်မယ်။ မိမိလုပ်သမျှအောင်မြင်အကျိုးပေးပါလိမ့်မယ်။ မိမိဆိုင် လူဝင်ခြင်း၊ဖောက်သည် သစ်တိုးခြင်းများလဲ အထူးကြုံနေရတတ်ပါတယ်။ အလုပ်နဲ့ပက်သက်ရင်လဲ လူအများရဲ့အားပေးထောက်ခံခြင်းကိုရရှိပါလိမ့်မယ်။ အလုပ် ခွင်မှာမျက်နှာပေးခြင်းခံရပါလိမ့်မယ်။ အကျိုးဆောင် ပေးခြင်းများ၊ဝန်ဆောင်မှုပေးခြင်းများ အထူးဆောင်ရွက်လို့ကောင်း တဲ့ကာလ ပါပဲ။ အလုပ်နဲ့ပက်သက်ပြီးနဲ့ အချိတ် အဆက်တွေရလာတတ်ပါတယ်။ အနုပညာနှင့်ပက်သက်သောအလုပ်များ၊စာပေရေးသားခြင်းများကို အားစိုက်လုပ် လို့အထူးကောင်းပါတယ်။ ကျန်းမာရေးကတော့ အကောင်းဘက်ကိုများနေတတ်ပါတယ်။ ခံစားနေရတဲ့ဝေဒနာတွေ တဖြည်းဖြည်းနဲ့သက်သာခွင့်တွေရလာပါလိမ့်မယ်။ အသင်းဖွဲ့နှင့်လုပ်ရသော၊groupနဲ့လုပ်ရသောအလုပ်များလဲ အထူးအဆင်ပြေနိုင် တာကိုတွေ့ပါတယ်။ အချစ်ရေးမှာတော့ ရလဒ်ကောင်းတွေရလာတတ်ပါတယ်။ ချစ်ခွင့်ပန်ထား သူများရလဒ်ကောင်းတွေရလာတတ် ပါ တယ်။ အိမ်ထောင်ရေးအညံ့အဆိုးကင်းနေပါလိမ့်မယ်။ ပညာရေးနဲ့ပက် သက်ရင်တော့ မိမိကြိုးစားထားသမျှအရာ ထင်တိုးတတ်ပါလိမ့် မယ်။

အကျိုးပေးဂဏန်း၁၊ဝ၊၄
အထူးဟော ကံမြင့်မားနေမည်။
ယတြာ ဘုရားဆောင်ကိုသန့်ရှင်းရေးပြုလုပ်ပေးပါ။

ကြာသပတေး

=================

ဒီကာလအတွင်းငွေကြေးနဲ့ အစုလိုက်ဝင်တာမျိုးတွေကြုံနေရတတ်ပါတယ်။ ကြန့်ကြာနေတဲ့ငွေကြေးရှိရင် တော့ပြန်လည်ရရှိ လာပါလိမ့် မယ်။ မိမိရောင်းစရာရှိတဲ့ အရောင်းပစ္စည်းများရောင်းထွက်ပါလိမ့်မယ်။ စိတ်ထဲလိုချင် တာလေးတွေအပြင် လက်တွေ့မှာရလာတတ် ပါ တယ်။ မိမိတောင်းတတာလေးတွေပြည့်ဝရနိုင်ပါတယ်။ လုပ်ငန်းကြီး များသိသိသာသာတိုးတတ်လာနိုင်ပါတယ်။ ကြော်ငြာခြင်း၊ promo tion ပေးခြင်းဖြင့် ဒီကာလမှာမိမိလုပ်ငန်းကို လူ သိများအောင်လုပ်ဆောင်သင့်ပါတယ်။ ဘာသာရေးနဲ့ပက်သက်ရင်လဲ မိမိလှူချင်တဲ့ အ လှူအတန်းတွေလှူခွင့်ရ လာတတ်ပါတယ်။ စိတ်ချမ်းသာစရာအတွေးတွေကိုတွေးပါ။ လူအများကိုတတ်နိုင်သ၍ကူညီလိုက်ပါ။ အကျိုး ဆက် အနေနဲ့ မိမိလဲအဆင်ပြေ တိုးတတ်သွားပါလိမ့်မယ်။ကျန်းမာရေးကတော့ ဂရုစိုက်ရလိမ့်မယ်။ အအေးပတ်တတ် တယ်။ ခြေအေး ဝမ်းရောင် ဆိုသလိုဖြစ်ရလိမ့်မယ်။ အအေးမခံပါနဲ့။ အချစ်ရေးမှာတော့ အထူးအဆင်ပြေမယ်။ မေတ္တာတောင်းခံလို့ကောင်းပါတယ်။ မပြေလည်တာတွေကို ပြေလည်နိုင်အောင်စွမ်းဆောင်ခွင့်ရပါလိမ့်မယ်။ အိမ် ထောင်ရေးကတော့ အိမ်ထောင်ဘက်ခရီးများေ နတာေ တွ့ရတယ်။ ပညာရေးအထူးကောင်းတဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း ၁၊၂၊၅
အထူးဟော စိတ်ချမ်းသာပျော်ရွှင်ရမည်
ယတြာ ဘယာကြော်ဘုရားကပ်လှူပြီးလိုရာဆုတောင်းပါ။

သောကြာ

==========

ရှေ့တိုးဆောင်ရွက်စရာကိစ္စတွေကို လျှို့ဝှက်ပြီးလုပ်ပါ။ သူများကိုပြောပြလိုက်ရင် မိမိအကြံကိုဦးပြီးလုပ် သွားတတ်ပါတယ်။ အချစ်ရေး နဲ့ ပက်သက်တဲ့ အတွင်းရေးတွေပေါက်ကြားတတ်ပါတယ်။ အလုပ်နဲ့ပက်သက်တဲ့ အရေးကြီးတဲ့သတင်းအချက် အလက်တွေရောင်းစားခံ ရနိုင်ပါတယ်။ အဲဒါတွေကိုအထူးသတိထားပါ။ ဘာလုပ်လုပ် အကျိုးဆက်ကိုကြည့်ပြီးလုပ်စေချင်ပါတယ်။ ခရီးကိစ္စတွေကိုတော့ အစီအ စဉ်ဆွဲလို့မကောင်းသေးပါဘူး၊ရက်ရွှေ့ လိုရမယ်ဆိုတော့ ရက်ရွှေ့ပါ။ အပျော်ခရီးများ၊ အပန်းဖြေခရီးများမထွက်သင့်ပါဘူး။ တတ်နိုင် သ မျှရေလမ်းခရီး မျိုး တတ်နိုင်သလောက်ရှောင်လိုက်စေချင်ပါတယ်။ ကျန်းမာရေးကတော့ ထိုင်နေရင်အကောင်း ထသွားမှကျိုးမှန်းသိ ဆို သလို တစ်နေရာရာကိုခရီးထွက်လိုက်ရင် မြေပြောင်း၊ရေပြောင်းကြောင့်ကျန်းမာရေးညံ့သွားနိုင်ပါတယ်။ အရေး ကြီးတဲ့ကိစ္စတွေကို နှုတ် ကတိနဲ့ မလုပ်ဘဲ စာချုပ်စာတန်းနဲ့လုပ်တာအကောင်းဆုံးပါပဲ။ အချစ်ရေးမှာတော့ စိတ်ချမ်း သာရပါလိမ့်မယ်။ အိမ်ထောင်ရေးကတော့ အထူးညံ့နေပါလိမ့်မယ်။စီးပွားရေးကြောင့် အိမ်ထောင်ရေးအပေါ်ဂရု မစိုက်နိုင်ဖြစ်ရပါလိမ့်မယ်။ ပညာရေးမှာတော့ အနည်းငယ်စိတ်မပါသလိုဖြစ်နေရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၃၊၆၊၉
အထူးဟော ကံညံ့နေတတ်ပါတယ်။
ယတြာ ခရီးသွားမဲ့ရဟန်းတစ်ပါးကိုဝတ္ထုငွေကပ်လှူလိုက်ပါ။

စနေ

========

မိမိအယူအဆတွေကအများနဲ့မတူကွဲထွက်နေတတ်ပါတယ်။ ဒါကလဲကောင်းတဲ့လက္ခဏာတစ်ချက်ပါပဲ။ အတွေးအမြင်မတူတဲ့ စိတ်ကူးေ တွရလာတတ်ပါတယ်။ သူတစ်ပါးကိုကူညီချင်စိတ်တွေများနေတတ်ပါတယ်။ အရာ ရာအများအတွက်စဉ်စားပေးတတ်တာကြောင့် မိမိကို အထင်မကြီးသူတွေတောင် အထင်ကြီးလေးစားခြင်းကိုခံရပါ လိမ့်မယ်။ တရားအားထုတ်တာကို စိတ်ပါသူများ ဒီကာလတွေမှာ တရား အရသာကိုကောင်းစွာခံစားမိပါလိမ့်မယ်။ အလုပ်နဲ့ပက်သက်ရင်တော့ မိမိကအမှန်အတိုင်းပြောဆိုလုပ်ကိုင်တတ်တာကြောင့် အချို့ လူေ တွမကြိုက်တာမျိုး တွေကြုံရတတ်ပါတယ်။ ခရီးသွားလုပ်ငန်းများ၊ ကုန်သည်အလုပ်များလဲ အကျိုးအမြတ်နည်းနိုင်ပါတယ်။ ဆရာအလု ပ် များ၊သင်ကြားရေးနှင့်ပက်သက်သောလုပ်ငန်းများအထူးတိုးတတ်မဲ့ကာလပါပဲ။ ကျန်းမာရေးလဲ အများ အားဖြင့် နေကောင်းကျန်း မာနေ တာကိုတွေ့ရပါတယ်။ တစ်ခုသတိထားရမှာက လည်ချောင်းနာတာ၊ အာသီရောင် တာ၊လေပြွှန်ရောင်တာမျိုးတွေဖြစ် လွယ်ပါတယ်။ အချစ်ရေးမှာ အထင်လွဲနေတာတွေပြေလည်သွားမည်။အိမ်ထောင် ရေးမှာလဲ အပေးအယူတည့်တည့်နဲ့ စိတ်ချမ်းသာရပါလိမ့်မယ်။ ပညာရေးကံလဲကောင်းနေမည်။

အကျိုးပေးဂဏန်း ၃၊၈၊ဝ
အထူးဟော ကံသင့်ပါတယ်။
ယတြာ လက်ဖက်ရည်ဖျော်ပြီးဘုရားကပ်လှူလိုက်ပါ။





Leave a Reply

Your email address will not be published. Required fields are marked *