BREAKING NEWS

ေအာ္ဂဲနစ္ေစ်းတန္း (Consumer Green Market )ဖြင့္လွစ္သြားမည္

ေအာ္ဂဲနစ္ေစ်းတန္း ( Consumer Green Market ) ေစ်းကို အပတ္စဥ္ ေသာၾကာေန႕တိုင္း ဖြင့္လွစ္ သြားမွာျဖစ္ေၾကာင္း စားသံုးသူကာကြယ္ေရးအသင္းမွသိရပါတယ္။

ပိုးသတ္ေဆးမပါတဲ့ ဓါတုကင္းလြတ္ေအာ္ဂဲနစ္မ်ားစားသံုးေစႏိုင္ရန္အတြက္ ရည္ရြယ္ဖြင့္လွစ္တာ ျဖစ္တယ္လို႕ စားသံုးသူကာကြယ္ေရးအသင္းမွ အတြင္းေရးမွဴး ေဒၚစိုးကလ်ာထိုက္ကေျပာပါတယ္။

“ ပိုးသတ္ေဆးမပါတဲ့ ဓါတ္ေျမၾသဇာမပါတဲ့ ဓါတုလြတ္ေတြ ေအာ္ဂဲနစ္ေတြစားသံုးျခင္းျဖင့္  ေရာဂါေတြ ကင္းေဝေစရန္ အတြက္ေဘးကင္းလံုျခံဳစိတ္ခ်ရတဲ့ အစားအစာေတြကို စားသံုးေစႏိုင္ရန္ရည္ရြယ္ခ်က္ ေတြနဲ႕ ဖြင့္လွစ္တာပါ။ ေအာ္ဂဲနစ္ေစ်းႏႈန္းေတြကို ေစ်းႏႈန္းသင့္တင့္ေလ်ာက္ပတ္ေအာင္ေရာင္းခ်ဖို႕ လည္းစီစဥ္ထားပါတယ္”

အဆိုပါေစ်းကို ၂၀၁၉ခုႏွစ္ ဇြန္လ (၆)ရက္ေန႕မွစတင္ကာ အပတ္စဥ္ေသာၾကာေန႔တိုင္း  နံနက္ (၈)နာရီမွ  (၅)နာရီအတြင္းဆူးေလပန္းျခံေဘး ၊ ဧမာေႏြလအနီးမွာ ဖြင့္လွစ္သြား မွာျဖစ္ေၾကာင္း သိရပါတယ္။

စိုက္ပ်ိဳးေရးဦးစီးဌာနေညာင္ႏွစ္ပင္ေအာ္ဂဲနစ္စိုက္ခင္းမွ ဓါတုကင္းလြတ္သီးႏွံမ်ား ၊ ျမန္မာႏိုင္ငံေအာ္ဂဲ နစ္အဖြဲ႕စိုက္ခင္းမွ ေအာ္ဂဲနစ္သီးႏွံမ်ား ၊ ဟင္းသီးဟင္းရြက္၊ သစ္သီးဝလံမ်ား ၊ သဘာဝသီးႏွံမ်ားမွထု တ္လုပ္ထားတဲ့ ေခါင္းေလွ်ာ္ရည္ ၊ မ်က္ႏွာသစ္ဆပ္ျပာရည္ နဲ႕သဘာဝေဆးဝါးပစၥည္းမ်ားစတာေတြကို ေရာင္းခ်ေပးသြားမွာျဖစ္ေၾကာင္း သိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

===================

အော်ဂဲနစ်ဈေးတန်း (Consumer Green Market )ဖွင့်လှစ်သွားမည်
အော်ဂဲနစ်ဈေးတန်း ( Consumer Green Market ) ဈေးကို အပတ်စဉ် သောကြာနေ့တိုင်း ဖွင့်လှစ် သွားမှာဖြစ်ကြောင်း စားသုံးသူကာကွယ်ရေးအသင်းမှသိရပါတယ်။
ပိုးသတ်ဆေးမပါတဲ့ ဓါတုကင်းလွတ်အော်ဂဲနစ်များစားသုံးစေနိုင်ရန်အတွက် ရည်ရွယ်ဖွင့်လှစ်တာ ဖြစ်တယ်လို့ စားသုံးသူကာကွယ်ရေးအသင်းမှ အတွင်းရေးမှူး ဒေါ်စိုးကလျာထိုက်ကပြောပါတယ်။
“ ပိုးသတ်ဆေးမပါတဲ့ ဓါတ်မြေသြဇာမပါတဲ့ ဓါတုလွတ်တွေ အော်ဂဲနစ်တွေစားသုံးခြင်းဖြင့် ရောဂါတွေ ကင်းဝေစေရန် အတွက်ဘေးကင်းလုံခြုံစိတ်ချရတဲ့ အစားအစာတွေကို စားသုံးစေနိုင်ရန်ရည်ရွယ်ချက် တွေနဲ့ ဖွင့်လှစ်တာပါ။ အော်ဂဲနစ်ဈေးနှုန်းတွေကို ဈေးနှုန်းသင့်တင့်လျောက်ပတ်အောင်ရောင်းချဖို့ လည်းစီစဉ်ထားပါတယ်”
အဆိုပါဈေးကို ၂၀၁၉ခုနှစ် ဇွန်လ (၆)ရက်နေ့မှစတင်ကာ အပတ်စဉ်သောကြာနေ့တိုင်း နံနက် (၈)နာရီမှ (၅)နာရီအတွင်းဆူးလေပန်းခြံဘေး ၊ ဧမာနွေလအနီးမှာ ဖွင့်လှစ်သွား မှာဖြစ်ကြောင်း သိရပါတယ်။
စိုက်ပျိုးရေးဦးစီးဌာနညောင်နှစ်ပင်အော်ဂဲနစ်စိုက်ခင်းမှ ဓါတုကင်းလွတ်သီးနှံများ ၊ မြန်မာနိုင်ငံအော်ဂဲ နစ်အဖွဲ့စိုက်ခင်းမှ အော်ဂဲနစ်သီးနှံများ ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ ၊ သဘာဝသီးနှံများမှထု တ်လုပ်ထားတဲ့ ခေါင်းလျှော်ရည် ၊ မျက်နှာသစ်ဆပ်ပြာရည် နဲ့သဘာဝဆေးဝါးပစ္စည်းများစတာတွေကို ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *