BREAKING NEWS

ယူရီးယား ⁠ႏွင့္ လက္ခ်ားအသံုး⁠ျပဳ၍ ကုန္က်စရိတ္နည္းသည့္ ပဲမ်ိဳးစံု အထြက္တိုး⁠ေအာင္ စိုက္ပ်ိဳးနည္း

ကုန္က်စရိတ္နည္းၿပီး ပဲမ်ိဳးစံု အထြက္တိုးေအာင္စိုက္ပ်ိဳးနည္း

ပဲမ်ိဳးစံုအတြက္ ႏိုက္ထရိုဂ်င္ ႏွင့္ တိုရြန္လိုအပ္သည္

ပဲတီစိမ္း၊ မတ္ပဲ၊ ပဲပုပ္ စသည့္ ပဲမ်ိဳးစံုသီးႏွံတို႔တြင္ ပန္းပြင့္ခ်ိန္၌ အေစ့မ်ားျပည္ၿဖိဳးေစရန္ ႏွင့့္ အေစ့တြင္ ပရိုတိန္းဓာတ္ျဖည့္တင္းေပးရန္အတြက္ ႏုိက္ထရိုဂ်င္ဓာတ္သည္ အလိုအပ္ဆံုးအခ်ိန္ျဖစ္သည္။ ၄င္းအျပင္ အပြင့္မ်ား ေၾကြက်ျခင္းအား ကာကြယ္ရန္ ပန္းပြင့္၏ ၀တ္မႈန္ၿပြန္ ေကာင္းစြာရွည္ထြက္ၿပီး  မ်ိဳးေအာင္မႈ ေကာင္းေစရန္ႏွင့္ အပင္အတြင္းရွိ ႏိုက္ထရိုဂ်င္ဓာတ္၏ ဇီ၀ကမၼဆိုင္ရာလုုပ္ငန္းမ်ားကို အေထာက္အကူေပးႏိုင္ရန္ အတြက္ ဘိုရြန္ဓာတ္ (လက္ခ်ား) သည္ ပန္းပြင့္ခ်ိန္တြင္ အထူးလိုအပ္သည္။

ပဲမ်ိဳးစံုသီးႏွံပင္သည္ ေယဘုယ်အားျဖင့္ ပန္းပြင့္သည္မွ ပဲေတာင့္မ်ားရင့္သည္အထိ ၂၀ – ၃၀ ရက္အထိၾကာျမင့္တတ္ၿပီး အပင္အတြင္း ႏိုင္ထရိုဂ်င္ မလံုေလာက္ပါက ယင္းကာလ တိုေတာင္းလာၿပီး ပဲအတြက္ နည္းတတ္သည္။ အကယ္၍ နိုင္ထရိုဂ်င္ လံုေလာက္စြာ ေပးထားပါက ပန္းပြင့္ခ်ိန္မွ ပဲေတာင့္မ်ား ရင့္မွည့္သည္အထိ ၾကာခ်ိန္ပိုရွည္လာၿပီး ပဲအထြက္လည္း ေကာင္းေစသည္။

သီးႏွံပင္မ်ား၏ ႏိုက္ထရိုဂ်င္လိုအပ္မႈႏိႈင္းယွဥ္ခ်က္

စပါး၊ ေျပာင္းဖူး စသည့္ ႏွံစားသီးႏွံပင္ႏွင့္ ပဲမ်ိဳးစံုပင္မ်ား၏ ႏိုက္ထရိုဂ်င္ လုိအပ္ခ်က္ကို ႏႈိင္းယွဥ္ ၾကည့္ပါက စပါးႏွင့္ ေျပာင္းဖူးတြင္ အေစ့တစ္ဂရမ္ ထုတ္လုပ္ေပးရန္အတြက္ ႏိုက္ထရိုဂ်င္ ၁၅ မီလီဂရမ္ခန္႔ လိုအပ္ေသာ္လည္း ပဲမ်ိဳးစံုတြင္ အေစ့တစ္ဂရမ္ ထုတ္လုပ္ရန္အတြက္ ႏိုက္ထရိုဂ်င္ ၃၉ မီလီဂရမ္ခန္႔ လိုအပ္သျဖင့္ ပဲမ်ိဳးစံုသည္ ႏွံစားသီးႏွံမ်ားထက္ ႏိုက္ထရိုဂ်င္ လိုအပ္မႈမ်ား သည္။ စပါးသီးႏွံ စိုက္ပ်ိဳးရာတြင္ အမ်ားအားျဖင့္ သဘာ၀ေျမၾသဇာ၊ ဓာတ္ေျမၾသဇာ တစ္မ်ိဳးမ်ိဳး ကို ေတာင္သူမ်ားတတ္ႏိုင္သမွ် ထည့္သြင္းၿပီးမွ စိုက္ပ်ိဳးၾကသည္။

စပါးပင္ မိႈ႕ကပ္ခ်ိန္တြင္ ႏိုက္ထရိုဂ်င္ အလိုအပ္ဆံုးျဖစ္ၿပီး  ေျမဆီလႊာအတြင္းရွိေသာ ႏိုင္ထ ရိုဂ်င္ကို စုပ္ယူ၍ ပန္းပြင့္ျခင္း၊ မ်ိဳးေအာင္ျခင္း၊ ႏို႔ရည္ခဲျခင္း စသည္လုပ္ငန္းမ်ား ေဆာင္ရြက္ၿပီး အေစ့ ရင့္မွည့္ခ်ိန္ ေရာက္၇ွိသည္။ စပါးေစ့အတြင္း ကစီဓာတ္ျဖည့္တင္းခ်ိန္ ပရိုတင္းဓာတ္ ၈ – ၁၀ ရာခိုင္နႈန္းခန္႔ ျဖည့္တင္းေပးပါက စပါးပင္၏ တာ၀န္ၿပီးဆံုးပါသည္။

သို႔ေသာ္ ပဲမ်ိဳးစံုသီးႏွံတြင္ ပန္းပြင့္ၿပီး ေနာက္ပိုင္း အေစ့အဆံတည္ျခင္း၊ အေစ့ျပည့္ၿဖိဳးေစရန္ ကစီဓာတ္ျဖည့္တင္းျခင္းလုပ္ငန္းမ်ားအျပင္ေယဘုယ်အားျဖင့္ ၂၅ – ၃၅ ရာခိုင္ႏႈန္းအထိ ရွိေသာ ပရိုတိန္းဓာတ္မ်ားကိုပါ ျဖည့္ေပးၿပီးမွသာ ပဲပင္၏ တာ၀န္ၿပီးဆံုးပါသည္။ ထုိ႔ေၾကာင့္ ႏွံစား ပင္မ်ားႏွင့္ ႏႈိင္းယွဥ္ပါက ပရိုတိန္း ပါ၀င္မႈမ်ားသျဖင့္ ပဲသီးႏွံ မ်ားသည္ ႏိုက္ထရိုဂ်င္ လိုအပ္ခ်က္ လည္း ပိုမ်ားေနရျခင္း ျဖစ္သည္။

ရိုင္ဇိုဘီယမ္၏ လုပ္ေဆာင္ခ်က္

ပဲမ်ိဳးစံုသီးႏွံမ်ားအတြက္ လိုအပ္ေသာ ႏိုင္ထရိုဂ်င္ဓာတ္ကို ေျမဆီလႊာမွ စုတ္ယူရရွိသည့္ အျပင္ ပဲပင္ အျမစ္တြင္ ရွိေနေသာ ရိုင္ဇိုဘီယမ္ဘက္တီးရီးယားမ်ား၏ ပံ့ပိုးမႈမွလည္း ရယူသံုးစြဲၾက သည္။ ျမန္မာႏိုင္ငံ ပဲစိုက္ေျမမ်ားတြင္ စမ္းသပ္ခ်က္အရ ပဲပင္အျမစ္တြင္ ရွိေနေသာ ရိုင္ဇိုဘီယမ္၊ ဘက္တီးရီးယားတို႔သည္ ပဲမ်ိဳးစံုသက္တမ္းတစ္ေလွ်ာက္ တစ္ဧကတြင္ ႏိုက္ထရိုဂ်င္ ၂ ကီလိုဂရမ္အထိျဖည့္တင္းေပးသည္။ သို႔ေသာ္ ယင္းဘတ္တီးရီးယား၊ မိုကၠရုပ္တို႔၏ သဘာ၀မွာ ပဲပင္မွ အစာသခ်က္လုပ္ၿပီး ရရွိေသာ ကာဘိုဟိုက္ဒရိတ္ကို ရယူစားသံုးရွင္သန္ၿပီး ယင္းမိုကၠရုပ္ တို႔ ေလထဲမွ ဖမ္းယူရေသာ ႏိုက္ထရိုဂ်င္ ဓာတ္ကို ပဲပင္အားရရွိေစကာ အျပန္အလွန္ အက်ိဳးျပဳေန ထိုင္ၾကပါသည္။ သို႔ေသာ္ ယင္းအျပန္အလွန္အက်ိဳးျပဳမႈသည္  အခ်ိန္ထိသာျဖစ္ၿပီး ပန္းပြင့္ၿပီး ေနာက္ပိုင္းတြင္ပဲမ်ိဳးစံုအပင္သည္ သီးကင္းမ်ား၊ အေစ့အဆံမ်ားအတြက္ အပင္အေပၚပိုင္းသို႔ အဓိကထား၍ အစာ ပို႔ေပးရသျဖင့္ ခ်က္လုပ္ၿပီး အစာမ်ားကို ရိုင္ဇိုဘီယမ္ မိုကၠရုပ္မ်ားရွိရာ အပင္၏ ေအာက္ပိုင္းသို႔ အနည္းငယ္သာ ပို႔ေပးေတာ့သျဖင့္ ပန္းပြင့္ၿပီး ေနာက္ပိုင္းတြင္ ရိုင္ဇိုဘီယမ္ ဘက္တီးရီးယားတို႔၏ ပဲပင္အတြက္ ႏိုက္ထရိုဂ်င္ဓာတ္ ပံ့ပိုးမႈကို အားကိုးရန္ မရႏိုင္ေတာ့ပါ။ ၄င္းအျပင္ ပဲပင္၏ ေအာက္ပိုင္းတြင္ အရြက္အိုမ်ားသည္လည္း အစာရရွိမႈနည္းလာကာ ပန္းပြင့္ခ်ိန္ ေနာက္ပိုင္းတြင္ အ၀ါေရာင္ေျပာင္းၿပီး ေႀကြက်ကုန္သည္။ ေအာက္ရြက္မ်ား ေၾကြက်မႈေၾကာင့္လည္း တစ္ဖက္တြင္ စုစုေပါင္း ခ်က္လုပ္ႏိုင္ေသာ အစာပမာဏမွာလည္း ေလ်ာ့နည္းလာရသည္။

ႏိုက္ထရိုဂ်င္ လိုအပ္ေသာအခ်ိန္

ပဲမ်ိဳးစံုသီးႏွံပင္မ်ား၏  အေစ့ထုတ္လုပ္ႏိုင္မႈ အျမင့္ဆံုးစြမ္းရည္မွာ ပတ္၀န္းက်င္ အေျခအေနေပး မႈ အေပၚ မူတည္၍  တစ္ဧကလွ်င္  တစ္ရက္အတြင္း အေစ့ ၅၀ ကီလိုဂရမ္အထိ ထုတ္လုပ္ေပးႏိုင္ပါသည္။ အေစ့အဆံ ျပည့္ၿဖိဳးေပးေနရေသာ ကာလအတြင္း ခ်က္လုပ္ၿပီး အစာအဟာရမ်ားကို အက်ိဳးရွိစြာ အသံုးျပဳ၍ အျမင့္မားဆံုး အေစ့ ထုတ္လုပ္ေပးႏိုင္ရန္ တစ္ဧကေျမေပၚတြင္ တစ္ရက္လွ်င္ ႏိုင္ထရိုဂ်င္ (၃) ကီလိုဂရမ္ အထိ လိုအပ္ပါသည္။ သို႔ေသာ္ ေျမဆီလႊာတြင္ မည္မွ်ပင္ ႏိုင္ထရိုဂ်င္ လံုေလာက္စြာ ရွိေနေသာ္လည္း တစ္ဧက ကြက္တြင္ ေျမဆီလႊာမွ ပဲမ်ိဳးစံု အပင္သို႔ အျမင့္ဆံုး ပံ့ပိုးႏိုင္ေသာ ႏိုင္ထရိုဂ်င္ ပမာဏမွာ တစ္ရက္လွ်င္ ၁ဒသမ ၃ ကီလိုဂရမ္ခန္႔သာ ရွိသည္။ ထို႔ေၾကာင့္ ပဲမ်ိဳးစံုပင္မ်ား၏ ပန္းပြင့္ခ်ိန္မွ အေစ့အဆံ ရင့္မွည့္သည္အထိ ကာလအတြင္း အေစ့ ထုတ္လုပ္မႈ အမ်ားဆံုး ရရွိေစရန္ လိုအပ္ေသာ ႏိုက္ထရိုဂ်င္ကို ကာမိေစရန္ အရြက္ေပၚမွ ႏိုင္ထရိုဂ်င္ကို ကူညီျဖည့္တင္းရန္ လိုအပ္ေနေၾကာင္း ထင္၇ွားလွပါသည္။

ဘိုရြန္လိုအပ္ေသာ အခ်ိန္

၄င္းအျပင္ ပဲမ်ိဳးစံုတြင္ အေရးႀကီးေသာ အနည္းလို အာဟာရဓာတ္ တစ္မ်ိဳးမွာ ဘိုရြန္ (ေခၚ) လက္ခ်ားဓာတ္ျဖစ္သည္။ ဘိုရြန္ဓာတ္သည္ ေျမဆီလႊာအတြင္း မူလကတည္းက ပါ၀င္မႈနည္းေနတတ္ၿပီး အမ်ားဆံုးရွိလွ်င္ ေျမႀကီး တစ္ကီလိုလွ်င္ ဘိုရြန္ ၅ မီလီ ဂ၇န္ခန္႔ဟာ ပါ၀င္တတ္သည္။ ေျမအခ်ဥ္ အငန္ဓာတ္ (ပီအိတ္ခ်္) နိမ့္ေသာ ေျမတြင္ ေရစီးလွ်င္ အလြယ္တကူ ပါ၀င္ဆံုးရႈံးတတ္ၿပီး  ေျမအခ်ဥ္၊ အငန္ဓာတ္ ျမင့္ပါက ေျမတြင္ တြဲကပ္ေနၿပီး အပင္မွ စုပ္ယူ၍ မရႏိုင္ေတာ့ပါ။ ထို႔ေၾကာင့္ ပဲစိုက္ေျမ၊ အမ်ားစုတြင္ ဘိုရြန္ဓာတ္ေလ်ာ့နည္းခ်ိဳ ႔တတ္ေနတတ္သည္။ ဘိုရြန္ ခ်ိဳ႕တဲ့ေနပါက အပင္၏ထိပ္ပိုင္း ဆဲလ္ပြားမ်ားမႈနည္းျခင္း၊ ပရိုတိန္း တည္ေဆာက္မႈေႏွးေကြးေစျခင္း၊ အပြင့္၊ အသီးမ်ား ေၾကြျခင္း ႏွင့္ ပန္းပြင့္၏ ၀တ္မႈန္မ်ား ရွင္သန္မႈကာလ တိုလာျခင္းတို႔ေၾကာင့္ ပဲအထြက္ကို ေလ်ာ့နည္းေစႏိုင္သည့္အတြက္ ပန္းပြင့္ခ်ိန္တြင္ ဘိုရြန္ဓာတ္ျဖည့္တင္းေပးရန္ လိုအပ္ပါသည္။

ယူရီးယား ႏွင့္ လက္ခ်ားအသံုးျပဳနည္း

ပါ၀င္သည့္ပစၥည္း

ယူရီးယား

လက္ခ်ား (မိမိေဒသ ပရေဆးဆိုင္မ်ားတြင္ ၀ယ္ယူႏိုင္ပါသည္။)

တစ္ဧက တစ္ႀကိမ္ဖ်န္းရန္အတြက္ ယူ၇ီးယား (၄) ေပါင္ခန္႔ ႏွင့္ လက္ခ်ား ၀ ဒသမ ၅ ေပါင္ခန္႔ လိုအပ္ပါသည္။

 ေဖ်ာ္စပ္နည္း

ေရတစ္ဂါလန္လွ်င္ ယူရီးယား ဟင္းစားဇြန္း ေလးဇြန္းခြဲ ႏွင့္ လက္ခ်ားမႈန္႔ ဟင္းစားဇြန္း တစ္ဇြန္း ကို ေပ်ာ္ေအာင္ေဖ်ာ္ပါ။

မွတ္ခ်က္

ပရေဆးဆိုင္မွ လက္ခ်ားအား အပူေပးၿပီး၊ ေပါက္ေပါက္ကဲ့သို႔ ျဖစ္လာခ်ိန္ ပုလင္းဒလွိမ့္တံုးျဖင့္ အမႈန္႔ျပဳလုပ္ၿပီးမွ အသံုးျပဳပါ။ (သို႔မဟုတ္) လက္ခ်ား အမႈန္႔ကို၀ယ္ယူအသံုးျပဳပါ။

ဖ်န္းရန္ အႀကိမ္ – ပန္းၿဖိဳင္ၿဖိဳင္ပြင့္ခ်ိန္ (၁) ႀကိမ္

ဖ်န္းရန္ပမာဏ – တစ္ဧကလွ်င္ ၂၀ ဂါလန္ႏႈန္း

ဖ်န္းရန္ အခ်ိန္ – နံနက္ေစာ၊ ညေနေစာင္း၊ ေနေအးေသာအခ်ိ္န္

ပဲမ်ိဳးစံုသီးႏွံအေပၚအက်ိဳးသက္ေရာက္မႈ

ကုလားပဲ – ၂၀%၊ ပဲတီစိမ္း – ၂၅%၊ မတ္ပဲ – ၃၀%၊ ပဲပုပ္ – ၄၀% ပိုမိုထြက္ရွိႏိုင္ပါသည္။

အက်ိဳးေက်းဇူးမ်ား

ကုန္က်စရိတ္ ႏွင့္ လုပ္အားခ သက္သာျခင္း၊ အာဟာရဓာတ္ပါ၀င္မႈ ေသခ်ာျခင္း၊ ပန္းပြင့္မ်ား၍ ပန္းပြင့္ကာလရွည္ျခင္း၊ သီးေတာင့္မ်ား၍ အေစ့ အရည္အေသြးေကာင္းျခင္း၊ ပိုးမႊားေရာဂါဒဏ္ ခံႏိုင္ရည္ရွိျခင္း။

ေဖာ္ျပပါနည္းလမ္းမ်ားသည္ ကုန္က်စရိတ္ သက္သာၿပီး အလြန္လြယ္ကူေသာ နည္းလမ္းျဖစ္သည့္အျပင္ ပဲမ်ိဳးစံုအထြက္တုိးေရးအတြက္ ေတာင္သူကိုယ္တိုင္ ေဖ်ာ္စပ္အသံံုးျပဳႏိုင္ေသာ နည္းလမ္းေကာင္း တစ္ခုျဖစ္၍ အျခားသီးႏွံမ်ားအတြက္လည္း အသံုးျပဳႏိုင္ပါသည္။

စိုက္ပ်ိဳးေရးဦးစီးဌာန

Unicode ျဖင့္ဖတ္ရန္

ယူရီးယား နှင့် လက်ချားအသုံးပြု၍ ကုန်ကျစရိတ်နည်းသည့် ပဲမျိုးစုံ အထွက်တိုးအောင် စိုက်ပျိုးနည်း

====================================

ကုန်ကျစရိတ်နည်းပြီး ပဲမျိုးစုံ အထွက်တိုးအောင်စိုက်ပျိုးနည်း

ပဲမျိုးစုံအတွက် နိုက်ထရိုဂျင် နှင့် တိုရွန်လိုအပ်သည်

ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုပ် စသည့် ပဲမျိုးစုံသီးနှံတို့တွင် ပန်းပွင့်ချိန်၌ အစေ့များပြည်ဖြိုးစေရန် နှင့် အစေ့တွင် ပရိုတိန်းဓာတ်ဖြည့်တင်းပေးရန်အတွက် နိုက်ထရိုဂျင်ဓာတ်သည် အလိုအပ်ဆုံးအချိန်ဖြစ်သည်။ ၎င်းအပြင် အပွင့်များ ကြွေကျခြင်းအား ကာကွယ်ရန် ပန်းပွင့်၏ ဝတ်မှုန်ပြွန် ကောင်းစွာရှည်ထွက်ပြီး မျိုးအောင်မှု ကောင်းစေရန်နှင့် အပင်အတွင်းရှိ နိုက်ထရိုဂျင်ဓာတ်၏ ဇီဝကမ္မဆိုင်ရာလုပ်ငန်းများကို အထောက်အကူပေးနိုင်ရန် အတွက် ဘိုရွန်ဓာတ် (လက်ချား) သည် ပန်းပွင့်ချိန်တွင် အထူးလိုအပ်သည်။

ပဲမျိုးစုံသီးနှံပင်သည် ယေဘုယျအားဖြင့် ပန်းပွင့်သည်မှ ပဲတောင့်များရင့်သည်အထိ ၂၀ – ၃၀ ရက်အထိကြာမြင့်တတ်ပြီး အပင်အတွင်း နိုင်ထရိုဂျင် မလုံလောက်ပါက ယင်းကာလ တိုတောင်းလာပြီး ပဲအတွက် နည်းတတ်သည်။ အကယ်၍ နိုင်ထရိုဂျင် လုံလောက်စွာ ပေးထားပါက ပန်းပွင့်ချိန်မှ ပဲတောင့်များ ရင့်မှည့်သည်အထိ ကြာချိန်ပိုရှည်လာပြီး ပဲအထွက်လည်း ကောင်းစေသည်။

သီးနှံပင်များ၏ နိုက်ထရိုဂျင်လိုအပ်မှုနှိုင်းယှဉ်ချက်

စပါး၊ ပြောင်းဖူး စသည့် နှံစားသီးနှံပင်နှင့် ပဲမျိုးစုံပင်များ၏ နိုက်ထရိုဂျင် လိုအပ်ချက်ကို နှိုင်းယှဉ် ကြည့်ပါက စပါးနှင့် ပြောင်းဖူးတွင် အစေ့တစ်ဂရမ် ထုတ်လုပ်ပေးရန်အတွက် နိုက်ထရိုဂျင် ၁၅ မီလီဂရမ်ခန့် လိုအပ်သော်လည်း ပဲမျိုးစုံတွင် အစေ့တစ်ဂရမ် ထုတ်လုပ်ရန်အတွက် နိုက်ထရိုဂျင် ၃၉ မီလီဂရမ်ခန့် လိုအပ်သဖြင့် ပဲမျိုးစုံသည် နှံစားသီးနှံများထက် နိုက်ထရိုဂျင် လိုအပ်မှုများ သည်။ စပါးသီးနှံ စိုက်ပျိုးရာတွင် အများအားဖြင့် သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာ တစ်မျိုးမျိုး ကို တောင်သူများတတ်နိုင်သမျှ ထည့်သွင်းပြီးမှ စိုက်ပျိုးကြသည်။

စပါးပင် မှို့ကပ်ချိန်တွင် နိုက်ထရိုဂျင် အလိုအပ်ဆုံးဖြစ်ပြီး မြေဆီလွှာအတွင်းရှိသော နိုင်ထ ရိုဂျင်ကို စုပ်ယူ၍ ပန်းပွင့်ခြင်း၊ မျိုးအောင်ခြင်း၊ နို့ရည်ခဲခြင်း စသည်လုပ်ငန်းများ ဆောင်ရွက်ပြီး အစေ့ ရင့်မှည့်ချိန် ရောက်၇ှိသည်။ စပါးစေ့အတွင်း ကစီဓာတ်ဖြည့်တင်းချိန် ပရိုတင်းဓာတ် ၈ – ၁၀ ရာခိုင်နှုန်းခန့် ဖြည့်တင်းပေးပါက စပါးပင်၏ တာဝန်ပြီးဆုံးပါသည်။

သို့သော် ပဲမျိုးစုံသီးနှံတွင် ပန်းပွင့်ပြီး နောက်ပိုင်း အစေ့အဆံတည်ခြင်း၊ အစေ့ပြည့်ဖြိုးစေရန် ကစီဓာတ်ဖြည့်တင်းခြင်းလုပ်ငန်းများအပြင်ယေဘုယျအားဖြင့် ၂၅ – ၃၅ ရာခိုင်နှုန်းအထိ ရှိသော ပရိုတိန်းဓာတ်များကိုပါ ဖြည့်ပေးပြီးမှသာ ပဲပင်၏ တာဝန်ပြီးဆုံးပါသည်။ ထို့ကြောင့် နှံစား ပင်များနှင့် နှိုင်းယှဉ်ပါက ပရိုတိန်း ပါဝင်မှုများသဖြင့် ပဲသီးနှံ များသည် နိုက်ထရိုဂျင် လိုအပ်ချက် လည်း ပိုများနေရခြင်း ဖြစ်သည်။

ရိုင်ဇိုဘီယမ်၏ လုပ်ဆောင်ချက်

ပဲမျိုးစုံသီးနှံများအတွက် လိုအပ်သော နိုင်ထရိုဂျင်ဓာတ်ကို မြေဆီလွှာမှ စုတ်ယူရရှိသည့် အပြင် ပဲပင် အမြစ်တွင် ရှိနေသော ရိုင်ဇိုဘီယမ်ဘက်တီးရီးယားများ၏ ပံ့ပိုးမှုမှလည်း ရယူသုံးစွဲကြ သည်။ မြန်မာနိုင်ငံ ပဲစိုက်မြေများတွင် စမ်းသပ်ချက်အရ ပဲပင်အမြစ်တွင် ရှိနေသော ရိုင်ဇိုဘီယမ်၊ ဘက်တီးရီးယားတို့သည် ပဲမျိုးစုံသက်တမ်းတစ်လျှောက် တစ်ဧကတွင် နိုက်ထရိုဂျင် ၂ ကီလိုဂရမ်အထိဖြည့်တင်းပေးသည်။ သို့သော် ယင်းဘတ်တီးရီးယား၊ မိုက္ကရုပ်တို့၏ သဘာဝမှာ ပဲပင်မှ အစာသချက်လုပ်ပြီး ရရှိသော ကာဘိုဟိုက်ဒရိတ်ကို ရယူစားသုံးရှင်သန်ပြီး ယင်းမိုက္ကရုပ် တို့ လေထဲမှ ဖမ်းယူရသော နိုက်ထရိုဂျင် ဓာတ်ကို ပဲပင်အားရရှိစေကာ အပြန်အလှန် အကျိုးပြုနေ ထိုင်ကြပါသည်။ သို့သော် ယင်းအပြန်အလှန်အကျိုးပြုမှုသည် အချိန်ထိသာဖြစ်ပြီး ပန်းပွင့်ပြီး နောက်ပိုင်းတွင်ပဲမျိုးစုံအပင်သည် သီးကင်းများ၊ အစေ့အဆံများအတွက် အပင်အပေါ်ပိုင်းသို့ အဓိကထား၍ အစာ ပို့ပေးရသဖြင့် ချက်လုပ်ပြီး အစာများကို ရိုင်ဇိုဘီယမ် မိုက္ကရုပ်များရှိရာ အပင်၏ အောက်ပိုင်းသို့ အနည်းငယ်သာ ပို့ပေးတော့သဖြင့် ပန်းပွင့်ပြီး နောက်ပိုင်းတွင် ရိုင်ဇိုဘီယမ် ဘက်တီးရီးယားတို့၏ ပဲပင်အတွက် နိုက်ထရိုဂျင်ဓာတ် ပံ့ပိုးမှုကို အားကိုးရန် မရနိုင်တော့ပါ။ ၎င်းအပြင် ပဲပင်၏ အောက်ပိုင်းတွင် အရွက်အိုများသည်လည်း အစာရရှိမှုနည်းလာကာ ပန်းပွင့်ချိန် နောက်ပိုင်းတွင် အဝါရောင်ပြောင်းပြီး ကြွေကျကုန်သည်။ အောက်ရွက်များ ကြွေကျမှုကြောင့်လည်း တစ်ဖက်တွင် စုစုပေါင်း ချက်လုပ်နိုင်သော အစာပမာဏမှာလည်း လျော့နည်းလာရသည်။

နိုက်ထရိုဂျင် လိုအပ်သောအချိန်

ပဲမျိုးစုံသီးနှံပင်များ၏ အစေ့ထုတ်လုပ်နိုင်မှု အမြင့်ဆုံးစွမ်းရည်မှာ ပတ်ဝန်းကျင် အခြေအနေပေး မှု အပေါ် မူတည်၍ တစ်ဧကလျှင် တစ်ရက်အတွင်း အစေ့ ၅၀ ကီလိုဂရမ်အထိ ထုတ်လုပ်ပေးနိုင်ပါသည်။ အစေ့အဆံ ပြည့်ဖြိုးပေးနေရသော ကာလအတွင်း ချက်လုပ်ပြီး အစာအဟာရများကို အကျိုးရှိစွာ အသုံးပြု၍ အမြင့်မားဆုံး အစေ့ ထုတ်လုပ်ပေးနိုင်ရန် တစ်ဧကမြေပေါ်တွင် တစ်ရက်လျှင် နိုင်ထရိုဂျင် (၃) ကီလိုဂရမ် အထိ လိုအပ်ပါသည်။ သို့သော် မြေဆီလွှာတွင် မည်မျှပင် နိုင်ထရိုဂျင် လုံလောက်စွာ ရှိနေသော်လည်း တစ်ဧက ကွက်တွင် မြေဆီလွှာမှ ပဲမျိုးစုံ အပင်သို့ အမြင့်ဆုံး ပံ့ပိုးနိုင်သော နိုင်ထရိုဂျင် ပမာဏမှာ တစ်ရက်လျှင် ၁ဒသမ ၃ ကီလိုဂရမ်ခန့်သာ ရှိသည်။ ထို့ကြောင့် ပဲမျိုးစုံပင်များ၏ ပန်းပွင့်ချိန်မှ အစေ့အဆံ ရင့်မှည့်သည်အထိ ကာလအတွင်း အစေ့ ထုတ်လုပ်မှု အများဆုံး ရရှိစေရန် လိုအပ်သော နိုက်ထရိုဂျင်ကို ကာမိစေရန် အရွက်ပေါ်မှ နိုင်ထရိုဂျင်ကို ကူညီဖြည့်တင်းရန် လိုအပ်နေကြောင်း ထင်၇ှားလှပါသည်။

ဘိုရွန်လိုအပ်သော အချိန်

၎င်းအပြင် ပဲမျိုးစုံတွင် အရေးကြီးသော အနည်းလို အာဟာရဓာတ် တစ်မျိုးမှာ ဘိုရွန် (ခေါ်) လက်ချားဓာတ်ဖြစ်သည်။ ဘိုရွန်ဓာတ်သည် မြေဆီလွှာအတွင်း မူလကတည်းက ပါဝင်မှုနည်းနေတတ်ပြီး အများဆုံးရှိလျှင် မြေကြီး တစ်ကီလိုလျှင် ဘိုရွန် ၅ မီလီ ဂ၇န်ခန့်ဟာ ပါဝင်တတ်သည်။ မြေအချဉ် အငန်ဓာတ် (ပီအိတ်ချ်) နိမ့်သော မြေတွင် ရေစီးလျှင် အလွယ်တကူ ပါဝင်ဆုံးရှုံးတတ်ပြီး မြေအချဉ်၊ အငန်ဓာတ် မြင့်ပါက မြေတွင် တွဲကပ်နေပြီး အပင်မှ စုပ်ယူ၍ မရနိုင်တော့ပါ။ ထို့ကြောင့် ပဲစိုက်မြေ၊ အများစုတွင် ဘိုရွန်ဓာတ်လျော့နည်းချို့တတ်နေတတ်သည်။ ဘိုရွန် ချို့တဲ့နေပါက အပင်၏ထိပ်ပိုင်း ဆဲလ်ပွားများမှုနည်းခြင်း၊ ပရိုတိန်း တည်ဆောက်မှုနှေးကွေးစေခြင်း၊ အပွင့်၊ အသီးများ ကြွေခြင်း နှင့် ပန်းပွင့်၏ ဝတ်မှုန်များ ရှင်သန်မှုကာလ တိုလာခြင်းတို့ကြောင့် ပဲအထွက်ကို လျော့နည်းစေနိုင်သည့်အတွက် ပန်းပွင့်ချိန်တွင် ဘိုရွန်ဓာတ်ဖြည့်တင်းပေးရန် လိုအပ်ပါသည်။

ယူရီးယား နှင့် လက်ချားအသုံးပြုနည်း

ပါဝင်သည့်ပစ္စည်း

ယူရီးယား

လက်ချား (မိမိဒေသ ပရဆေးဆိုင်များတွင် ဝယ်ယူနိုင်ပါသည်။)

တစ်ဧက တစ်ကြိမ်ဖျန်းရန်အတွက် ယူရီးယား (၄) ပေါင်ခန့် နှင့် လက်ချား ၀ ဒသမ ၅ ပေါင်ခန့် လိုအပ်ပါသည်။

ဖျော်စပ်နည်း

ရေတစ်ဂါလန်လျှင် ယူရီးယား ဟင်းစားဇွန်း လေးဇွန်းခွဲ နှင့် လက်ချားမှုန့် ဟင်းစားဇွန်း တစ်ဇွန်း ကို ပျော်အောင်ဖျော်ပါ။

မှတ်ချက်

ပရဆေးဆိုင်မှ လက်ချားအား အပူပေးပြီး၊ ပေါက်ပေါက်ကဲ့သို့ ဖြစ်လာချိန် ပုလင်းဒလှိမ့်တုံးဖြင့် အမှုန့်ပြုလုပ်ပြီးမှ အသုံးပြုပါ။ (သို့မဟုတ်) လက်ချား အမှုန့်ကိုဝယ်ယူအသုံးပြုပါ။

ဖျန်းရန် အကြိမ် – ပန်းဖြိုင်ဖြိုင်ပွင့်ချိန် (၁) ကြိမ်

ဖျန်းရန်ပမာဏ – တစ်ဧကလျှင် ၂၀ ဂါလန်နှုန်း

ဖျန်းရန် အချိန် – နံနက်စော၊ ညနေစောင်း၊ နေအေးသောအချိန်

ပဲမျိုးစုံသီးနှံအပေါ်အကျိုးသက်ရောက်မှု

ကုလားပဲ – ၂၀%၊ ပဲတီစိမ်း – ၂၅%၊ မတ်ပဲ – ၃၀%၊ ပဲပုပ် – ၄၀% ပိုမိုထွက်ရှိနိုင်ပါသည်။

အကျိုးကျေးဇူးများ

ကုန်ကျစရိတ် နှင့် လုပ်အားခ သက်သာခြင်း၊ အာဟာရဓာတ်ပါဝင်မှု သေချာခြင်း၊ ပန်းပွင့်များ၍ ပန်းပွင့်ကာလရှည်ခြင်း၊ သီးတောင့်များ၍ အစေ့ အရည်အသွေးကောင်းခြင်း၊ ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်ရှိခြင်း။

ဖော်ပြပါနည်းလမ်းများသည် ကုန်ကျစရိတ် သက်သာပြီး အလွန်လွယ်ကူသော နည်းလမ်းဖြစ်သည့်အပြင် ပဲမျိုးစုံအထွက်တိုးရေးအတွက် တောင်သူကိုယ်တိုင် ဖျော်စပ်အသံုံးပြုနိုင်သော နည်းလမ်းကောင်း တစ်ခုဖြစ်၍ အခြားသီးနှံများအတွက်လည်း အသုံးပြုနိုင်ပါသည်။

စိုက်ပျိုးရေးဦးစီးဌာန





Leave a Reply

Your email address will not be published. Required fields are marked *