BREAKING NEWS

ခုံးကျော်တံတားများကြောင့် ယခုနှစ်ရန်ကုန်သင်္ကြန်ရေကစားမဏ္ဍပ်လျှော့ချ

ရန်ကုန်မြို့တွင်း သင်္ကြန်ရေကစားမဏ္ဍပ်များတည်ဆောက်ခွင့်ကို အရေအတွက်လျှော့ချလိုက်ခြင်းသည် ခုံးကျော်တံတား များနှင့် လူကူးခုံးကျော်တံတားများပို၍ များပြားလာခြင်းကြောင့်ဖြစ်ကြောင်းရန်ကုန် မြို့တော်စည်ပင် သာယာရေးကော်မတီ   ရေကစား မဏ္ဍပ်နေရာချထားရေးကော်မတီမှသတင်းရရှိသည်။

၂၀၁၅ကရန်ကုန်မြို့တွင် သင်္ကြန်ရေကစားမဏ္ဍပ်ပေါင်း၄၁ခုခွင့်ပြုပေးခဲ့ပြီးယခုနှစ်အတွက်၂၀ကျော်သာခွင့်ပြုပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကကြေညာထားသည်။ ထိုအရေအတွက်သည် ရန်ကုန်မြို့တွင်ငါးနှစ်အတွင်း မဏ္ဍပ်ပမာဏ အနည်းဆုံးဖြစ်သည်။

“မဏ္ဍပ်အဓိကဆောက်မယ့်ပြည်လမ်းနဲ့ကမ္ဘာအေးဘုရားလမ်းမှာကအများပြည်သူအတွက်ခုံးကျော် တံတားတွေရှိနေတယ် ။နေရာအခက်အခဲနဲ့ယာဉ်ပိတ်ဆို့မှုတွေဖြစ်မှာစိုးလို့မဏ္ဍပ်တွေကိုလျှော့ပြီးခွင့် ပြုပေးထားတာပါ။ပြီးတော့လူးကူးခုံးကျော် တံတားတွေနဲ့နီးတဲ့နေရာတွေမှာလည်း မဏ္ဍပ်ဆောက်ခွင့် ပေးမှာမဟုတ်ပါဘူး”ဟုမဏ္ဍပ်နေရာချထားရေးကော်မတီ စည်ပင်သာယာအင်ဂျင်နီယာဌာန(လမ်းတံတား)မှဒုတိယဌာနမှူးဦးစိုးသိန်းအောင်ကပြောသည်။

မဏ္ဍပ်တည်ဆောက်ခစပေါ်ငွေများကိုယမန်နှစ်ထက်နှစ်ဆတိုးမြှင့်ကောက်ခံထားပြီးမဏ္ဍပပ်များနေရာ ချထားပေးရန် ကြန့်ကြာနေခြင်းကြောင့်မဏ္ဍပ်စီစဉ်သူအချို့အခက်တွေ့နေသည်။

“မဏ္ဍပ်ကကန်ထရိုက်နဲ့ဆောက်တာကို သင်္ကြန်နားနီးမှကမန်းကတန်းဆောက်မယ် ဆိုရင်ဒီဇိုင်းတွေ နေရာချတာတွေ စိတ်တိုင်းကျပြင်ဆင်ဖို့ခက်ခဲသွားမယ်ထင်တယ်။အဓိကကတော့မဏ္ဍပ်ထိုင်ပြီး ရေကစားချင်တဲ့သူတွေအတွက်အဆင်မပြေမှာကိုစိုးရိမ်တာပါ”

ဟုရေကစားမဏ္ဍပ်စီစဉ်သူကိုဘိုညီက ပြောသည်။

ထို့အတူမဏ္ဍပ်အရေအတွက်နည်းပါးခြင်းနှင့်စပေါ်ငွေတိုးမြှင့်ကောက်ခံခြင်းကြောင့်မဏ္ဍပ်ခများဈေး တက်မည်ကိုလည်း မဏ္ဍပ်ထိုင်ရေကစားလိုသူများကမကျေမနပ်ဖြစ်နေသည်။

“မနှစ်ကမဏ္ဍပ်များပြီးလေးရက်လုံးထိုင်တာတောင်ငါးသောင်းကျော်လောက်ပေးရတယ်။ဒီနှစ်ကငါး ရက်ဆိုပြီးအားခဲဖို့ စဉ်းစား ထားတာအများကြီးပေးရမယ်ထင်တယ်”ဟုအလုံမြို့နယ်နေမစုစုမြတ်ဝေ ကပြောသည်။

၂၀၁၅အတွင်းကုက္ကိုင်းခုံးကျော်တံတား၊ရှစ်မိုင်ခုံးကျော်တံတား၊တာမွေလမ်းလေးခွဆုံခုံးကျော်တံတား များနှင့် ကားမှတ်တိုင် များအနီးတွင် လူကူးခုံးကျော်တံတားခြောက်ခုခန့်တည်ဆောက်ခဲ့သည်။

ဟိန်းသာ၊ဖြူဖွေးသန့်

အတွဲ(၁၅)၊အမှတ်(၂)





Leave a Reply

Your email address will not be published. Required fields are marked *