BREAKING NEWS

 စပါး-ငါးဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္း ေနျပည္ေတာ္မွာ လုပ္ေဆာင္ရန္ ေဆြးေႏြး

ယခုႏွစ္အတြင္း စပါး – ငါးဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္းကိုေနျပည္ေတာ္မွာ လုပ္ေဆာင္ သြားႏိုင္ ရန္အတြက္ ေဆြးေႏြးညိွႏိႈင္းေနေၾကာင္း စိုက္ပ်ိဳးေရးသုေတသနဦးစီးဌာနမွသိရပါတယ္။

အခုလက္ရွိ မိုးရာသီကာလမွာ စပါး-ငါးဖြ႕ံၿဖိဳးတိုးတက္ေရးစီမံကိန္းကို ေနျပည္ေတာ္မွာ လုပ္ေဆာင္ သြားႏုိင္ရန္အတြက္ ေဆြးေႏြးညိွနႈိင္းေနၿပီး သင့္ေတာ္တဲ့ စပါးမ်ိဳးမ်ားကို ဌာနအေနနဲ႕ ပူးေပါင္းေဆာင္ ရြက္ေပးသြားမွာျဖစ္တယ္လို႕ စိုက္ပ်ိဳးေရးသုေတသနဦးစီးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးသန္႔ လြင္ဦးက ေျပာပါတယ္။

“စိုက္ပ်ိဳးေရးသုေတသနဦးစီးဌာနကအဲဒီပေရာဂ်က္မွာ စပါးကိုသုေတသနလုပ္ေပးဖို႕အတြက္ သီးႏွံအေနနဲ႕ပူးေပါင္းေပးတာ။ စိုက္ပ်ိဳးေရးသုေတသနဦးစီးဌာနအေနနဲ႕ သင့္ေတာ္တဲ့မ်ိဳးေတြကို ေဆာင္ရြက္ေပးတယ္။ နည္းပညာေတြေပးတယ္။ ဒီႏွစ္မွာ ညိွႏိႈင္းခ်က္အရ ေနျပည္ေတာ္မွာ ငါး-စပါးနဲ႕ပတ္သတ္ၿပီး လုပ္ဖို႕အတြက္ ေဆြးေႏြးညိွႏိႈင္းေနပါတယ္”

အဆိုပါစပါး- ငါးဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္းကို ၾသစေၾတးလ်ႏိုင္ငံ မွကူညီေထာက္ပံ့ေပး ထားျခင္း ျဖစ္ ၿပီး စိုက္ပ်ိဴးေရးဦးစီးဌာန  နဲ႕ စိုက္ပ်ိဴးေရးသုေတသနဦးစီးဌာနတို႕မွ ပူးေပါင္းေဆာင္ရြက္သြားမွာျဖစ္ ေၾကာင္းလည္းသိရပါတယ္။

အဆိုပါစီမံကိန္းကို ယခင္ႏွစ္မ်ားက ေျမာင္းျမ ၊ မအူပင္ နဲ႕ လက္ပံတန္းတို႕မွာ သုေတသနျပဳလုပ္ ေဆာင္ရြက္ခဲ့တာျဖစ္ေၾကာင္းလည္း စိုက္ပ်ိဳးေရးသုေတသနဦးစီးဌာနမွသိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

===================

စပါး-ငါးဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း နေပြည်တော်မှာ လုပ်ဆောင်ရန် ဆွေးနွေး
ယခုနှစ်အတွင်း စပါး – ငါးဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကိုနေပြည်တော်မှာ လုပ်ဆောင် သွားနိုင် ရန်အတွက် ဆွေးနွေးညှိနှိုင်းနေကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှသိရပါတယ်။
အခုလက်ရှိ မိုးရာသီကာလမှာ စပါး-ငါးဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို နေပြည်တော်မှာ လုပ်ဆောင် သွားနိုင်ရန်အတွက် ဆွေးနွေးညှိနှိုင်းနေပြီး သင့်တော်တဲ့ စပါးမျိုးများကို ဌာနအနေနဲ့ ပူးပေါင်းဆောင် ရွက်ပေးသွားမှာဖြစ်တယ်လို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့် လွင်ဦးက ပြောပါတယ်။
“စိုက်ပျိုးရေးသုတေသနဦးစီးဌာနကအဲဒီပရောဂျက်မှာ စပါးကိုသုတေသနလုပ်ပေးဖို့အတွက် သီးနှံအနေနဲ့ပူးပေါင်းပေးတာ။ စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေနဲ့ သင့်တော်တဲ့မျိုးတွေကို ဆောင်ရွက်ပေးတယ်။ နည်းပညာတွေပေးတယ်။ ဒီနှစ်မှာ ညှိနှိုင်းချက်အရ နေပြည်တော်မှာ ငါး-စပါးနဲ့ပတ်သတ်ပြီး လုပ်ဖို့အတွက် ဆွေးနွေးညှိနှိုင်းနေပါတယ်”
အဆိုပါစပါး- ငါးဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို သြစတြေးလျနိုင်ငံ မှကူညီထောက်ပံ့ပေး ထားခြင်း ဖြစ် ပြီး စိုက်ပျိူးရေးဦးစီးဌာန နဲ့ စိုက်ပျိူးရေးသုတေသနဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ် ကြောင်းလည်းသိရပါတယ်။
အဆိုပါစီမံကိန်းကို ယခင်နှစ်များက မြောင်းမြ ၊ မအူပင် နဲ့ လက်ပံတန်းတို့မှာ သုတေသနပြုလုပ် ဆောင်ရွက်ခဲ့တာဖြစ်ကြောင်းလည်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *