BREAKING NEWS

⁠ေပြးကိုင္း စိုက္ပ်ိဳးနည္းအ⁠ေ⁠ၾကာင္းသိ⁠ေကာင္းစရာ

ျမန္မာအမည္               – ေပြးကိုင္း

အဂၤလိပ္အမည္            – INDIAN SANNA

  • TINNEVELLY SENNA

ရုကၡေဗဒအမည္           – CASSIA ANGUSTIFOLA VANL

မ်ိဳးရင္း                          – CAESALPINACEAE

မူရင္းေဒသ

ဆိုမာလီကၽြန္း၊ အာေရဗ်၊ ဆစ္၊ ပန္ဂ်ပ္ ႏွင့္အိႏၵိယျပည္ေတာင္ပိုင္း။

အမ်ိဳးအစား

ထင္ရွားေသာ မ်ိဳးမ်ားမွာ

(၁) CASSIA ANGUSTIFOLIA VAHL.

TINNEVELLY SENNA

(၂) CASSIA ACUTIFOLIA DELILE.

ALEXANDRIAN SENNA

ပံုသ႑ာန္

အကိုင္းအခက္မ်ားေသာ ပင္ေပ်ာ့၊ ပင္ငယ္မ်ိဳး ျဖစ္သည္။ အျမင့္ (၃) ေပ ခန္႔ရွိသည္။ အရြယ္မွာ ရြက္ေပါင္းျဖစ္ၿပီး လႊဲထြက္သည္။ ရြက္ျမြာမ်ားသည္။ ငွက္ေတာင္ပံုသ႑ာန္ျဖစ္ၿပီး အရင္းသြယ္၍ ထိပ္ခၽြန္သည္။မ်က္ႏွာခ်င္းဆိုင္ ထြက္၍ (၅)စံုမွ (၆)စံုထိပါရွိ၏။ ရြက္ျပားေခ်ာ၍ စိမ္းမႈိင္းေသာ အေရာင္ရွိၿပီး ရြက္နားညီသည္။ အပြင့္မွာအ၀ါေရာင္ရွိသည္။ အသီးမွာ သီးေတာင့္ရွည္ျဖစ္သည္။ ျပား၍ အနည္းငယ္ေကြးၿပီး ေခ်ာေမြ႔သည္။

စိုက္ပ်ိဳးသည့္ေဒသ

ေပြးကိုင္းသည္ ေျမၾသဇာအလြန္ ညံ့ဖ်င္းေသာ ေျမမ်ားတြင္ ေကာင္းစြာ ျဖစ္ထြန္းႏိုင္သည့္အျပင္ မ်ိဳးေစ့ခ်ခါစ အခ်ိန္တြင္သာ ေရအနည္းငယ္လိုသျဖင့္ ျမန္မာျပည္အလယ္ပိုင္း (အပူပိုင္း)ေဒသမ်ားတြင္ မ်ားစြာ စိုက္ပ်ိဳးသည္။

စိုက္ပ်ိဳးေပါက္ေရာက္ႏိုင္သည့္ ရာသီဥတု

အပူခ်ိန္အနည္းဆံုး (၅၀)ဒီဂရီဖာရင္ဟိုက္မွ အမ်ားဆံုး (၁၀၅) ဒီဂရီ ဖာရင္ဟိုက္ရွိ၍ တစ္ႏွစ္လွ်င္ မိုးေရခ်ိန္ လက္မ (၄၀)ထက္ မပိုေသာ အပူပိုင္းေဒသ ရာသီဥတုတြင္ စိုက္ပ်ိဳးေပါက္ေရာက္ႏိုင္သည္။ မိုးမ်ားလြန္းပါက အျမစ္ပုပ္ေရာဂါ ႏွင့္ အရြက္မ်ား ေပၚတြင္ မႈိေရာဂါ က်ေရာက္တတ္သည္။

ေျမအမ်ိဳးအစား

မည္သည့္ ေျမမ်ိဳးတြင္ မဆိုစိုက္ပ်ိဳးႏိုင္ေသာ္လည္း အေပၚယံလႊာသဲႏုန္းေျမျဖစ္ၿပီး ေအာက္မွ အမာခံေျမသားမ်ိဳးကို ႏွစ္သက္သည္။

ေျမျပဳျပင္နည္း

ေျမအေျခအေနေပၚမူတည္ၿပီး ျပဳျပင္ရန္ လိုသည္။ ေယဘုယ်အားျဖင့္ ထယ္ (၂)စပ္၊ ထြန္ (၃)စပ္ျဖင့္ ထြန္ယက္ၿပီး လိုအပ္ေသာ ဓာတ္ေျမၾသဇာ၊ ေျမေဆြးမ်ားႀကဲေပးရ၏။ ထို႔ေနာက္ ထြန္ျဖင့္ေမႊၿပီး ၾကမ္းတံုးျဖင့္ ေျမညွိေပးရသည္။

စိုက္ပ်ိဳးနည္း

ေပြးကိုင္းပင္သည္ တပင္ ႏွင့္ တပင္ (၃)ေပ ကြာ ေလးကြက္ၾကား စိုက္ပ်ိဴးရသည္။စိုက္ပ်ိဳးပံုမွာ ထြန္သြားကို (၃) ေပ ျခားၿပီး ေလးကြက္ၾကားေၾကာင္းဆြဲ၍ ကြက္ဆံုေနရာမ်ားတြင္ မ်ိဳးေစ့ (၃) ေစ့မွ (၅) ေစ့ ထိထည့္ၿပီး ၾကမ္းတံုးျဖင့္ ဖံုးေပးရသည္။

ေျမၾသဇာေကၽြးနည္း

တဧကလွ်င္ အမိုနီယမ္ေဖာ့(စ္)ဖိတ္ ေခၚ သာကူေစ့ ဓာတ္ေျမၾသဇာ (၃၀)  ပိႆာမွ (၅၀) ပိႆာ ထိ ေျမအေျခအေနကိုၾကည့္ၿပီး ထည့္ေပးရသည္။ သာကူေစ့ ဓာတ္ေျမၾသဇာ အရနိင္ပါက ႏြားေခ်းေျမေဆြး သို႔မဟုတ္ သစ္ရြက္ေဆြး ေျမကို တဧကလွ်င္ တင္း (၁၀၀)မွ (၂၀၀) ထိ ေျမ အေျခအေနကို ၾကည့္ၿပီး ထည့္ေပးရသည္။ ႏြားေခ်း ေျမေဆြးကို သံုးပါက ေပြးကိုင္းပင္ မ်ားတြင္ အျမစ္ေရာဂါ က်ေ၇ာက္တတ္သျဖင့္ သတိျပဳ၍ သံုးစြဲရန္ လိုပါသည္။

ေရသြင္းနည္း

မ်ိဳးေစ့ခ်ၿပီးေနာက္ မိုးလံုေလာက္စြာ မရြာသြန္းပါက ေရတႀကိမ္ သြင္းေပးရန္ လိုသည္။ အစိုဓာတ္ လံုေလာက္စြာ ရွိပါက  (၃) ရင္မွ (၇) ရက္အတြင္း အပင္မ်ား ေပါက္လာသည္။ အပင္ေပါက္စအခ်ိန္ ေရသြင္းပါက အပင္ငယ္ကေလးမ်ား ေသသြားတတ္သည္။ ေယဘုယ်အားျဖင့္ သက္တန္း (၆) လအတြင္း ေရ (၃) ႀကိမ္ သြင္းေပးပါက လံုေလာက္ၿပီ ျဖစ္သည္။ မိုးရြာသြန္းမႈ အေျခအေန ႏွင့္ ေျမအေျခအေနကို ၾကည့္၍ သင့္ေလ်ာ္သလို ေဆာင္ရြက္ေပးရသည္။

အပင္ျပဳစုနည္း

ေပြးကိုင္းသည္ စိုက္ၿပီးေနာက္ (၂) အတြင္း အပင္ေပါက္ကေလးမ်ားအား အျခားေပါင္းပင္မ်ားက အလြယ္တကူဖံုးလႊမ္းသြားႏိုင္သျဖင့္ အခ်ိန္မွီ ၾကားထြန္လိုက္ျခင္း၊ ပင္ေျခတြင္ ေပါင္းရွင္းေပးျခင္းမ်ား ေဆာင္ရြက္ရန္ လိုသည္။

မ်ိဳးပြားျခင္း

အေစ့မွ မ်ိဳးပြားသည္။

တဧကမ်ိဳးေစ့

တစ္ဧကလွ်င္ ေပြးကိုင္းမ်ိဳးေစ့ (၁) ၿပီခန္႔ လိုသည္။

သက္တန္း

သက္တန္း (၂) ႏွစ္ ေက်ာ္ခန္႔ ရွည္သည္။

က်ေရာက္တတ္ေသာ ပိုးမႊားမ်ား ႏွင့္ ကာကြယ္ႏွိမ္နင္းနည္းမ်ား

၁။ ပ် ႏွင့္ ျဖဳတ္စိမ္းမ်ား

၂။ က်ိဳင္းေကာင္မ်ား

၃။ ရြက္စားပိုး တီေကာင္မ်ား ျဖစ္သည္။

ကာကြယ္နည္း

၁။ ပိုးမ်ားသည္ ေပါင္းမ်ား ၾကားတြင္ ခိုေအာင္းေပါက္ပြား တတ္သျဖင့္ ေပါင္းျမက္မ်ားကို ေကာင္းစြာ ရွင္းလင္းေပးရန္ လိုသည္။

၂။ ပ် ႏွင့္ ျဖဳတ္စိမ္းေကာင္မ်ားအား မာလာသီယြန္ ေဆးရည္တဆကို ေရ (၂၀၀) မွ (၅၀၀) ထိ ေရာစပ္ ပက္ဖ်န္းေပးရသည္။

၃။က်ိဳးေကာင္ႏွင့္ ရြက္စားပိုး တီေကာင္မ်ားကို ဒီဒီတီ သို႔မဟုတ္ လင္ဒိန္း ပိုးသတ္ေဆး (၁) ဆ လွ်င္ ေရအဆ (၂၀၀) မွ (၅၀၀) အထိ ေရာစပ္ပက္ဖ်န္းေပးရသည္။

၄။ က်ိဳင္းေကာင္မ်ားသည္ ေပြးကိုင္းပင္ေျခေျမတြင္းတြင္ ခိုေအာင္းတက္သျဖင့္ ေအာ္ဒရင္း ေဆးမႈန္႔ကို ေျမေပၚတြင္ ပက္ဖ်န္းၿပီး ထြန္ျဖင့္ ေမႊေပးရသည္။

က်ေရာက္တတ္ေသာ ေရာဂါမ်ားႏွင့္ ကာကြယ္ႏွိမ္နင္းနည္းမ်ား

မႈိေရာဂါ က်ေရာက္တတ္ေသာ္လည္း အပင္မ်ားပ်က္စီးေလာက္ေအာင္ က်ေရာက္ျခင္းမရွိေသးေခ်။

အရြက္ဆြတ္ခူးျခင္း

စိုက္ၿပီး (၄၁/၂) လ အၾကာတြင္ အရြက္မ်ားကို စတင္ ဆြတ္ခူးႏိုင္သည္။ အပင္၏ေအာက္ေျခပိုင္းမွ အရြက္မ်ားကို စတင္ဆြတ္ခူးရသည္။ တႀကိမ္ဆြတ္ခူးၿပီးေနာက္ (၇) ရက္ (၁၅) ရက္ျခားပါက တၿကိ္မ္ ထပ္မံဆြတ္ခူးႏိုင္သည္။ ေပြးကိုင္းရြက္မ်ား အရင့္လြန္သြားပါက ေဆးအာနိသင္ ေလ်ာ့ပါးသြားႏိုင္သျဖင့္ မရင့္လြန္း မႏုလြန္းေသာ အရြက္မ်ားကို ခူးရသည္။

အေျခာက္လွန္းနည္း

ေနပူတြင္ တိုက္ရိုက္ အေျခာက္လွန္းလွ်င္ ေဆး အာနိသင္ ေလ်ာ့ပါးတတ္သျဖင့္ အ၇ိပ္ေအာက္တြင္ အေျခာက္လွန္းရ၏ အေကာင္းဆံုးအေျခာက္လွန္းနည္းမွာ အမိုး ႏွင့္ အကာပါေသာ တဲငယ္တစ္ခုထိုးၿပီး အကာကို လူေနအိမ္ကဲ့သို႔ ေလးဘက္ေလးတန္ အျပည့္ကာရန္မလိုဘဲ ေပြးကိုင္းရြက္မ်ား လြင့္မသြားရန္ သင့္ရံုကာေပးလွ်င္ လံုေလာက္သည္။ ၄င္းတဲအတြင္းတြင္ ေပြးကိုင္းရြက္မ်ား ခပ္ပါးပါး ျဖန္႔၍ ခင္းႏိုင္ရန္ စင္မ်ားကို အဆင့္ဆင့္ထိုးေပးရ၏။ ၄င္စင္မ်ားေပၚတြင္ ေပြးကိုင္းရြက္မ်ား ျဖန္႔ၿပီးေနာက္ ဖ်ာ သို႔မဟုတ္ ၀ါး ခပ္က်ဲက်ဲျဖင့္ ဖိေပးရသည္။ စင္ အဆင့္ဆင့္ျဖင့္  မျပဳလုပ္လိုပါက ေျမေပၚတြင္ ဖ်ာတစ္ခ်ပ္ခင္းၿပီး ေပြးကိုင္းရြက္မ်ားကို ျဖန္႔က်ဲကာ အေပၚမွ ဖ်ာတစ္ခ်ပ္ ဖိထားရသည္။  ေပြးကိုင္းသည္ ေနအပူရွိန္ ေကာင္းပါက (၃) ရက္အတြင္း ေျခာက္ႏိုင္သည္။ လက္ျဖင့္ ကိုင္ၾကည့္ပါက က်ိဳးသြားသည္အထိ ေျခာက္ေသြ႕လြန္းေသာ ေပြးကိုင္းရြက္မ်ားသည္ ေဆးအာနိသင္ ေလ်ာ့ပါးသြားတက္သျဖင့္ မေျခာက္လြန္း၊ မစိုလြန္းေသာ ေပြးကိုင္းရြက္မ်ားကို ရရွိေအာင္ အေျခာက္လွန္းရန္ လိုသည္။

အထြက္ႏႈန္း

တစ္ဧကလွ်င္ အရြက္ေျခာက္ (၅၀) မွ (၈၀) ပိႆာ။

မ်ိဳးေစ့  –  (၁) တင္း

အသီးခြံ – (၅) တင္း ခန္႔ ထြက္ရွိ၏။

မ်ိဳးခံယူနည္း

အသီးခြံ မည္းေျခာက္လာေသာ အခါမွ မ်ိဳးေစ့ရင့္သျဖင့္ ၄င္းအခ်ိန္တြင္ အသီးမ်ား မကြဲအပ္မီဆြတ္ခူးကာ မ်ိဳးေစ့မ်ား ထုတ္ယူ၍ အေျခာက္လွန္းၿပီး ေလလံုေသာ သံပံုးမ်ားတြင္ ထည့္သြင္း သိုေလွာင္ထားရ၏။

အသံုးျပဳနည္း

အရြက္ – (၁) ေပြးကိုင္းကို ၀မ္းသက္ေဆးအျဖစ္ အထူးေဖာ္စပ္ အသံုးျပဳ၏။ အေညာင္းပူ၊ ဆီးပူ၊ ေျခပူ၊ အခိုးပူ ႏွင့္ အပုပ္အခိုးတို႔ကို ႏွိမ္ရန္ ၀မ္းႏႈတ္ေဆး အျဖင့္ သံုးလိုေသာ္ ႏို႔  လက္ဖတ္ရည္ ပန္ကန္တလံုးတြင္ ေပြးကိုင္းျပဳတ္ရည္က်က် တဇြန္း၊ သို႔မဟုတ္ လိုအပ္သလို အေျခအေနၾကည့္၍ ေရာစပ္ၿပီး  ေသာက္ရသည္။

(၂) ဆီးရႊင္ ၀မ္းႏႈတ္ေဆး၊ အပုပ္ခ်ေဆး၊ မ်က္စိအတြင္း ေဆးမ်ားတြင္ ေပြးကိုင္းကို အေရးႀကီးေသာ ေဆးတမ်ိဳး အေနျဖင့္လည္း ထည့္သြင္းေဖာ္စပ္သည္။

မွတ္ခ်က္။         ။ ေဆးညႊန္းမ်ားကို သက္ဆိုင္ရာ သမားေတာ္ႀကီးမ်ား၏ ခြင့္ျပဳခ်က္ကို ယူၿပီးမွ အသံုးျပဳ သင့္ပါသည္။

စိုက္ပ်ိဳးေရးဦးစီးဌာန

ပွေးကိုင်း စိုက်ပျိုးနည်းအကြောင်းသိကောင်းစရာ

============================

မန်မာအမည် – ပွေးကိုင်း

အင်္ဂလိပ်အမည် – INDIAN SANNA

TINNEVELLY SENNA

ရုက္ခဗေဒအမည် – CASSIA ANGUSTIFOLA VANL

မျိုးရင်း – CAESALPINACEAE

မူရင်းဒေသ

ဆိုမာလီကျွန်း၊ အာရေဗျ၊ ဆစ်၊ ပန်ဂျပ် နှင့်အိန္ဒိယပြည်တောင်ပိုင်း။

အမျိုးအစား

ထင်ရှားသော မျိုးများမှာ

(၁) CASSIA ANGUSTIFOLIA VAHL.

TINNEVELLY SENNA

(၂) CASSIA ACUTIFOLIA DELILE.

ALEXANDRIAN SENNA

ပုံသဏ္ဍာန်

အကိုင်းအခက်များသော ပင်ပျော့၊ ပင်ငယ်မျိုး ဖြစ်သည်။ အမြင့် (၃) ပေ ခန့်ရှိသည်။ အရွယ်မှာ ရွက်ပေါင်းဖြစ်ပြီး လွှဲထွက်သည်။ ရွက်မြွာများသည်။ ငှက်တောင်ပုံသဏ္ဍာန်ဖြစ်ပြီး အရင်းသွယ်၍ ထိပ်ချွန်သည်။မျက်နှာချင်းဆိုင် ထွက်၍ (၅)စုံမှ (၆)စုံထိပါရှိ၏။ ရွက်ပြားချော၍ စိမ်းမှိုင်းသော အရောင်ရှိပြီး ရွက်နားညီသည်။ အပွင့်မှာအဝါရောင်ရှိသည်။ အသီးမှာ သီးတောင့်ရှည်ဖြစ်သည်။ ပြား၍ အနည်းငယ်ကွေးပြီး ချောမွေ့သည်။

စိုက်ပျိုးသည့်ဒေသ

ပွေးကိုင်းသည် မြေသြဇာအလွန် ညံ့ဖျင်းသော မြေများတွင် ကောင်းစွာ ဖြစ်ထွန်းနိုင်သည့်အပြင် မျိုးစေ့ချခါစ အချိန်တွင်သာ ရေအနည်းငယ်လိုသဖြင့် မြန်မာပြည်အလယ်ပိုင်း (အပူပိုင်း)ဒေသများတွင် များစွာ စိုက်ပျိုးသည်။

စိုက်ပျိုးပေါက်ရောက်နိုင်သည့် ရာသီဥတု

အပူချိန်အနည်းဆုံး (၅၀)ဒီဂရီဖာရင်ဟိုက်မှ အများဆုံး (၁၀၅) ဒီဂရီ ဖာရင်ဟိုက်ရှိ၍ တစ်နှစ်လျှင် မိုးရေချိန် လက်မ (၄၀)ထက် မပိုသော အပူပိုင်းဒေသ ရာသီဥတုတွင် စိုက်ပျိုးပေါက်ရောက်နိုင်သည်။ မိုးများလွန်းပါက အမြစ်ပုပ်ရောဂါ နှင့် အရွက်များ ပေါ်တွင် မှိုရောဂါ ကျရောက်တတ်သည်။

မြေအမျိုးအစား

မည်သည့် မြေမျိုးတွင် မဆိုစိုက်ပျိုးနိုင်သော်လည်း အပေါ်ယံလွှာသဲနုန်းမြေဖြစ်ပြီး အောက်မှ အမာခံမြေသားမျိုးကို နှစ်သက်သည်။

မြေပြုပြင်နည်း

မြေအခြေအနေပေါ်မူတည်ပြီး ပြုပြင်ရန် လိုသည်။ ယေဘုယျအားဖြင့် ထယ် (၂)စပ်၊ ထွန် (၃)စပ်ဖြင့် ထွန်ယက်ပြီး လိုအပ်သော ဓာတ်မြေသြဇာ၊ မြေဆွေးများကြဲပေးရ၏။ ထို့နောက် ထွန်ဖြင့်မွှေပြီး ကြမ်းတုံးဖြင့် မြေညှိပေးရသည်။

စိုက်ပျိုးနည်း

ပွေးကိုင်းပင်သည် တပင် နှင့် တပင် (၃)ပေ ကွာ လေးကွက်ကြား စိုက်ပျိူးရသည်။စိုက်ပျိုးပုံမှာ ထွန်သွားကို (၃) ပေ ခြားပြီး လေးကွက်ကြားကြောင်းဆွဲ၍ ကွက်ဆုံနေရာများတွင် မျိုးစေ့ (၃) စေ့မှ (၅) စေ့ ထိထည့်ပြီး ကြမ်းတုံးဖြင့် ဖုံးပေးရသည်။

မြေသြဇာကျွေးနည်း

တဧကလျှင် အမိုနီယမ်ဖော့(စ်)ဖိတ် ခေါ် သာကူစေ့ ဓာတ်မြေသြဇာ (၃၀) ပိဿာမှ (၅၀) ပိဿာ ထိ မြေအခြေအနေကိုကြည့်ပြီး ထည့်ပေးရသည်။ သာကူစေ့ ဓာတ်မြေသြဇာ အရနိင်ပါက နွားချေးမြေဆွေး သို့မဟုတ် သစ်ရွက်ဆွေး မြေကို တဧကလျှင် တင်း (၁၀၀)မှ (၂၀၀) ထိ မြေ အခြေအနေကို ကြည့်ပြီး ထည့်ပေးရသည်။ နွားချေး မြေဆွေးကို သုံးပါက ပွေးကိုင်းပင် များတွင် အမြစ်ရောဂါ ကျရောက်တတ်သဖြင့် သတိပြု၍ သုံးစွဲရန် လိုပါသည်။

ရေသွင်းနည်း

မျိုးစေ့ချပြီးနောက် မိုးလုံလောက်စွာ မရွာသွန်းပါက ရေတကြိမ် သွင်းပေးရန် လိုသည်။ အစိုဓာတ် လုံလောက်စွာ ရှိပါက (၃) ရင်မှ (၇) ရက်အတွင်း အပင်များ ပေါက်လာသည်။ အပင်ပေါက်စအချိန် ရေသွင်းပါက အပင်ငယ်ကလေးများ သေသွားတတ်သည်။ ယေဘုယျအားဖြင့် သက်တန်း (၆) လအတွင်း ရေ (၃) ကြိမ် သွင်းပေးပါက လုံလောက်ပြီ ဖြစ်သည်။ မိုးရွာသွန်းမှု အခြေအနေ နှင့် မြေအခြေအနေကို ကြည့်၍ သင့်လျော်သလို ဆောင်ရွက်ပေးရသည်။

အပင်ပြုစုနည်း

ပွေးကိုင်းသည် စိုက်ပြီးနောက် (၂) အတွင်း အပင်ပေါက်ကလေးများအား အခြားပေါင်းပင်များက အလွယ်တကူဖုံးလွှမ်းသွားနိုင်သဖြင့် အချိန်မှီ ကြားထွန်လိုက်ခြင်း၊ ပင်ခြေတွင် ပေါင်းရှင်းပေးခြင်းများ ဆောင်ရွက်ရန် လိုသည်။

မျိုးပွားခြင်း

အစေ့မှ မျိုးပွားသည်။

တဧကမျိုးစေ့

တစ်ဧကလျှင် ပွေးကိုင်းမျိုးစေ့ (၁) ပြီခန့် လိုသည်။

သက်တန်း

သက်တန်း (၂) နှစ် ကျော်ခန့် ရှည်သည်။

ကျရောက်တတ်သော ပိုးမွှားများ နှင့် ကာကွယ်နှိမ်နင်းနည်းများ

၁။ ပျ နှင့် ဖြုတ်စိမ်းများ

၂။ ကျိုင်းကောင်များ

၃။ ရွက်စားပိုး တီကောင်များ ဖြစ်သည်။

ကာကွယ်နည်း

၁။ ပိုးများသည် ပေါင်းများ ကြားတွင် ခိုအောင်းပေါက်ပွား တတ်သဖြင့် ပေါင်းမြက်များကို ကောင်းစွာ ရှင်းလင်းပေးရန် လိုသည်။

၂။ ပျ နှင့် ဖြုတ်စိမ်းကောင်များအား မာလာသီယွန် ဆေးရည်တဆကို ရေ (၂၀၀) မှ (၅၀၀) ထိ ရောစပ် ပက်ဖျန်းပေးရသည်။

၃။ကျိုးကောင်နှင့် ရွက်စားပိုး တီကောင်များကို ဒီဒီတီ သို့မဟုတ် လင်ဒိန်း ပိုးသတ်ဆေး (၁) ဆ လျှင် ရေအဆ (၂၀၀) မှ (၅၀၀) အထိ ရောစပ်ပက်ဖျန်းပေးရသည်။

၄။ ကျိုင်းကောင်များသည် ပွေးကိုင်းပင်ခြေမြေတွင်းတွင် ခိုအောင်းတက်သဖြင့် အော်ဒရင်း ဆေးမှုန့်ကို မြေပေါ်တွင် ပက်ဖျန်းပြီး ထွန်ဖြင့် မွှေပေးရသည်။

ကျရောက်တတ်သော ရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်းများ

မှိုရောဂါ ကျရောက်တတ်သော်လည်း အပင်များပျက်စီးလောက်အောင် ကျရောက်ခြင်းမရှိသေးချေ။

အရွက်ဆွတ်ခူးခြင်း

စိုက်ပြီး (၄၁/၂) လ အကြာတွင် အရွက်များကို စတင် ဆွတ်ခူးနိုင်သည်။ အပင်၏အောက်ခြေပိုင်းမှ အရွက်များကို စတင်ဆွတ်ခူးရသည်။ တကြိမ်ဆွတ်ခူးပြီးနောက် (၇) ရက် (၁၅) ရက်ခြားပါက တကြိမ် ထပ်မံဆွတ်ခူးနိုင်သည်။ ပွေးကိုင်းရွက်များ အရင့်လွန်သွားပါက ဆေးအာနိသင် လျော့ပါးသွားနိုင်သဖြင့် မရင့်လွန်း မနုလွန်းသော အရွက်များကို ခူးရသည်။

အခြောက်လှန်းနည်း

နေပူတွင် တိုက်ရိုက် အခြောက်လှန်းလျှင် ဆေး အာနိသင် လျော့ပါးတတ်သဖြင့် အရိပ်အောက်တွင် အခြောက်လှန်းရ၏ အကောင်းဆုံးအခြောက်လှန်းနည်းမှာ အမိုး နှင့် အကာပါသော တဲငယ်တစ်ခုထိုးပြီး အကာကို လူနေအိမ်ကဲ့သို့ လေးဘက်လေးတန် အပြည့်ကာရန်မလိုဘဲ ပွေးကိုင်းရွက်များ လွင့်မသွားရန် သင့်ရုံကာပေးလျှင် လုံလောက်သည်။ ၎င်းတဲအတွင်းတွင် ပွေးကိုင်းရွက်များ ခပ်ပါးပါး ဖြန့်၍ ခင်းနိုင်ရန် စင်များကို အဆင့်ဆင့်ထိုးပေးရ၏။ ၄င်စင်များပေါ်တွင် ပွေးကိုင်းရွက်များ ဖြန့်ပြီးနောက် ဖျာ သို့မဟုတ် ဝါး ခပ်ကျဲကျဲဖြင့် ဖိပေးရသည်။ စင် အဆင့်ဆင့်ဖြင့် မပြုလုပ်လိုပါက မြေပေါ်တွင် ဖျာတစ်ချပ်ခင်းပြီး ပွေးကိုင်းရွက်များကို ဖြန့်ကျဲကာ အပေါ်မှ ဖျာတစ်ချပ် ဖိထားရသည်။ ပွေးကိုင်းသည် နေအပူရှိန် ကောင်းပါက (၃) ရက်အတွင်း ခြောက်နိုင်သည်။ လက်ဖြင့် ကိုင်ကြည့်ပါက ကျိုးသွားသည်အထိ ခြောက်သွေ့လွန်းသော ပွေးကိုင်းရွက်များသည် ဆေးအာနိသင် လျော့ပါးသွားတက်သဖြင့် မခြောက်လွန်း၊ မစိုလွန်းသော ပွေးကိုင်းရွက်များကို ရရှိအောင် အခြောက်လှန်းရန် လိုသည်။

အထွက်နှုန်း

တစ်ဧကလျှင် အရွက်ခြောက် (၅၀) မှ (၈၀) ပိဿာ။

မျိုးစေ့ – (၁) တင်း

အသီးခွံ – (၅) တင်း ခန့် ထွက်ရှိ၏။

မျိုးခံယူနည်း

အသီးခွံ မည်းခြောက်လာသော အခါမှ မျိုးစေ့ရင့်သဖြင့် ၎င်းအချိန်တွင် အသီးများ မကွဲအပ်မီဆွတ်ခူးကာ မျိုးစေ့များ ထုတ်ယူ၍ အခြောက်လှန်းပြီး လေလုံသော သံပုံးများတွင် ထည့်သွင်း သိုလှောင်ထားရ၏။

အသုံးပြုနည်း

အရွက် – (၁) ပွေးကိုင်းကို ဝမ်းသက်ဆေးအဖြစ် အထူးဖော်စပ် အသုံးပြု၏။ အညောင်းပူ၊ ဆီးပူ၊ ခြေပူ၊ အခိုးပူ နှင့် အပုပ်အခိုးတို့ကို နှိမ်ရန် ဝမ်းနှုတ်ဆေး အဖြင့် သုံးလိုသော် နို့ လက်ဖတ်ရည် ပန်ကန်တလုံးတွင် ပွေးကိုင်းပြုတ်ရည်ကျကျ တဇွန်း၊ သို့မဟုတ် လိုအပ်သလို အခြေအနေကြည့်၍ ရောစပ်ပြီး သောက်ရသည်။

(၂) ဆီးရွှင် ဝမ်းနှုတ်ဆေး၊ အပုပ်ချဆေး၊ မျက်စိအတွင်း ဆေးများတွင် ပွေးကိုင်းကို အရေးကြီးသော ဆေးတမျိုး အနေဖြင့်လည်း ထည့်သွင်းဖော်စပ်သည်။

မှတ်ချက်။ ။ ဆေးညွှန်းများကို သက်ဆိုင်ရာ သမားတော်ကြီးများ၏ ခွင့်ပြုချက်ကို ယူပြီးမှ အသုံးပြု သင့်ပါသည်။

စိုက်ပျိုးရေးဦးစီးဌာန





Leave a Reply

Your email address will not be published. Required fields are marked *