BREAKING NEWS





စိုက်ပျိုးထုတ်လုပ်နေသူများ ၊  သြဂဲနစ်သီးနှံများရောင်းဝယ်လိုသူများနဲ့ စိတ်ပါဝင်စားသူ များတက် ရောက်နိုင်ရန်ဖွင့်လှစ်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက် ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။



Unicode ဖြင့်ဖတ်ရန်

=================

ဒုတိယကြိမ်မြောက်သြဂဲနစ်လမ်းညွှန်သင်တန်း ဖွင့်လှစ်သွားမည်
ဒုတိယကြိမ်မြောက် သြဂဲနစ်လမ်းညွှန်သင်တန်း ကို ၂၀၁၉ခုနှစ် ဇွန်လ (၆)ရက်နေ့မှ (၈)ရက်နေ့ အထိ ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ ၊ ပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်း ချသူများအသင်းမှသိရပါတယ်။
သြဂဲနစ်အကြောင်းကိုပိုမိုသိရှိနားလည်စေနိုင်ရန်အတွက် ရည်ရွယ်ကာ သင်တန်း ဖွင့်လှစ် သွားမှာ ဖြစ်တယ် လို့ မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်း ချငသူများအသင်းမှ သြဂဲနစ်ရေးရာ အတွင်းရေးမှူး ဦးသက်ကြိုင်ကပြောပါတယ်။
“ သြဂဲနစ်က ဓာတုဆေးဝါးမသုံးရုံတင်မဟုတ်ပါဘူး။ လူတွေစားသုံးတဲ့ အစားအစာမှ အနုဇီဝပိုးမွှား တွေရဲ့ အန္တရာယ်တွေပါကင်းရှင်းရမယ်၊သြဂဲနစ်ဆိုတာဟာ ဘယ်လိုခြံမျိုးကိုခေါ်တာလဲ ၊ ဘယ်လို ပြုစု ပျိုးထောင်ရမလဲ ၊ လိုအပ်တဲ့စည်းမျဉ်း စည်းကမ်းတွေနဲ့ လူတွေဟာဘာကြောင့် သြဂဲနစ်အစားအစာ တွေကိုရွေးချယ်စားသုံးတာလဲဆိုတာတွေကိုသိရှိစေဖို့ ဖွင့်တာပါ”
စိုက်ပျိုးထုတ်လုပ်နေသူများ ၊ သြဂဲနစ်သီးနှံများရောင်းဝယ်လိုသူများနဲ့ စိတ်ပါဝင်စားသူ များတက် ရောက်နိုင်ရန်ဖွင့်လှစ်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက် ပျိူးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။
အဆိုပါသင်တန်းကို မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (၅)လွှာမှာ နံနံက်(၉)နာရီမှ ညနေ (၄)နာရီခွဲထိ သင်ကြားပို့ချသွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှသိရပါတယ်။
သြဂဲနစ်လမ်းညွှန်သင်တန်းကို စိတ်ပါဝင်စားသူများအနေနဲ့ ဖုန်းနံပါတ် ၀၁- ၂၁၈၃၆၇ နဲ့ ၀၉- ၅၄၀၂၈၉၅ ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *