BREAKING NEWS

မတ္ပဲေစ်းႏႈန္းမ်ားတက္လာ

ယခုရက္ပိုင္းအတြင္း ျပည္ပႏိုင္ငံမ်ားမွ ပဲအဝယ္လိုက္လာတာေၾကာင့္ မတ္ပဲေစ်းႏႈန္းမ်ားတက္လာတာ ျဖစ္ ေၾကာင္း ျမန္မာႏိုင္ငံပဲမ်ိဳးစံုႏွင့္ႏွမ္းကုန္သည္မ်ားအသင္းမွသိရပါတယ္။

အခုရက္ပုိင္းအတြင္း ျပည္ပႏိုင္ငံမ်ားျဖစ္တဲ့ ပါကစၥတန္ နဲဲ႔  အိႏိၵယႏိုင္ငံမ်ားမွ ဝယ္လိုအားတက္လာ တာျဖစ္တယ္လို႕ ျမန္မာႏိုင္ငံပဲမ်ိဳးစံုႏွင့္ႏွမ္းကုန္သည္မ်ားအသင္းမွ အတြင္းေရးမွဴး ဦးမင္းကိုဦးကေျပာ ပါတယ္။

“ အခုရက္ေတြကေတာ့ ပဲေစ်းေတြကျပန္တက္လာတယ္။ဒီရက္ပိုင္းအတြင္းမွာ ပါကစၥတန္ဘက္က  မတ္ပဲကို ျပန္ဝယ္တာေတြရွိလာတယ္။ အခုလက္ရွိ ေစ်းႏႈန္းပိုေပးၿပီး ဝယ္လာၾကတယ္။အိႏိၵယဘက္ ကလည္း အဝယ္အားလာေတြမ်ားလာတဲ့အတြက္ ျပန္တက္လာတာျဖစ္ပါတယ္”

ယခင္တစ္ပတ္က မတ္ပဲတစ္တန္ကို ၈၈၀,၀၀၀ က်ပ္ရွိရာမွ အခုလက္ရွိ မတ္ပဲတစ္တန္ကို ၁၄၀,၀၀၀ က်ပ္တက္လာေၾကာင္းျမန္မာႏိုင္ငံပဲမ်ိဳးစံုႏွင့္ႏွမ္းကုန္သည္မ်ားအသင္းမွသိရပါတယ္။

၂၀၁၉ ခုႏွစ္ မတ္လ(၂၉)ရက္ေန႔အိႏိၵယအစိုးရရဲ႕ ထုတ္ျပန္ခ်က္အရ  ပဲတီစိမ္း ၊ မတ္ပဲနဲ႕ ပဲစဥ္းငံုတန္ ခ်ိန္ စုစုေပါင္း ငါးသိန္းခန္႔ကို အခုဘ႑ာႏွစ္အတြင္း ဝယ္ယူသြားမွာျဖစ္ေၾကာင္းလည္းသိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

မတ်ပဲဈေးနှုန်းများတက်လာ
ပြည်ပနိုင်ငံများမှ ပဲအဝယ်လိုက်လာတာကြောင့် ယခုရက်ပိုင်းအတွင်း မတ်ပဲဈေးနှုန်းများတစ်တန် ကို ကျပ်ငါးသောင်းဝန်းကျင်ဈေးတက်လာတာ ဖြစ်ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်း မှသိရပါတယ်။
အခုရက်ပိုင်းအတွင်း ပြည်ပနိုင်ငံများဖြစ်တဲ့ ပါကစ္စတန် နဲ့ အိန္ဒိယနိုင်ငံများမှ မြန်မာ့ပဲ ဝယ်လိုအား တက်လာတဲ့အတွက် ဈေးနှုန်းတက်လာတာဖြစ်တယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်များ အသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးကပြော ပါတယ်။
“ အခုရက်တွေကတော့ ပဲဈေးတွေကပြန်တက်လာတယ်။ဒီရက်ပိုင်းအတွင်းမှာ ပါကစ္စတန်ဘက်က မတ်ပဲကို ပြန်ဝယ်တာတွေရှိလာတယ်။ အခုလက်ရှိ ဈေးနှုန်းပိုပေးပြီး ဝယ်လာကြတယ်။အိန္ဒိယဘက် ကလည်း အဝယ်အားလာတွေများလာတဲ့အတွက် ပြန်တက်လာတာဖြစ်ပါတယ်”
ယခင်တစ်ပတ်က မတ်ပဲတစ်တန်ကို ၈၈၀,၀၀၀ ကျပ်ရှိရာမှ အခုလက်ရှိ မတ်ပဲတစ်တန်ကို ၁၄၀,၀၀၀ ကျပ်တက်လာကြောင်းမြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှသိရပါတယ်။
၂၀၁၉ ခုနှစ် မတ်လ(၂၉)ရက်နေ့အိန္ဒိယအစိုးရရဲ့ ထုတ်ပြန်ချက်အရ ပဲတီစိမ်း ၊ မတ်ပဲနဲ့ ပဲစဉ်းငုံတန် ချိန် စုစုပေါင်း ငါးသိန်းခန့်ကို အခုဘဏ္ဍာနှစ်အတွင်း ဝယ်ယူသွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။

#Agro_News
#Pisssaya_Info





Leave a Reply

Your email address will not be published. Required fields are marked *