BREAKING NEWS

ျပည္ပႏိုင္ငံမ်ားသို႕ဝဥ တန္ခ်ိန္ (၁၀၀)တင္ပို႔ႏိုင္ခဲ့

ယခုႏွစ္အတြင္း ျပည္ပႏိုင္ငံမ်ားကို ဝဥတန္ခ်ိန္ (၁၀၀)တင္ပို႔ႏိုင္ခဲ့ေၾကာင္း ခ်င္းျပည္နယ္ ဝဥစိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ ေရာင္းခ်သူမ်ားအသင္းမွသိရပါတယ္။

အခုႏွစ္အတြင္း ျပည္ပႏိုင္ငံမ်ားမွ အဝယ္လိုက္လာတဲ့အတြက္  ဝဥတန္ခ်ိန္မွာ အရင္ႏွစ္ထက္ (၃၀) ရာခိုင္ႏႈန္း ပိုမိုတင္ပို႔ႏိုင္ခဲ့တယ္လို႕ ခ်င္းျပည္နယ္ဝဥစိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္း မွ အၾကံေပး ဦးေဖြးမနားကေျပာပါတယ္။

“ ဒီႏွစ္ကအဝယ္လိုက္လာတယ္။ ဝဥေစ်းကြက္ကလည္း ဝယ္လိုအားေကာင္းလာသလို ေစ်းႏႈန္းက လည္း တက္လာတယ္။ စိုက္တဲ့ေတာင္သူေတြကလည္းတိုးလာတယ္။ အရင္ႏွစ္ကထက္ ရာခိုင္ႏႈန္း (၃၀)ေလာက္ပိုမိုတင္ပို႔ႏိုင္တယ္”

ယခင္ႏွစ္ကဝဥတန္ခ်ိန္ (၇၀)သာတင္ပို႕ႏိုင္ခဲ့ၿပီး အခုႏွစ္အတြင္း ဝဥတန္ခ်ိန္ (၁၀၀)တင္ပို႔ႏိုင္ခဲ့ ေၾကာင္း အဆိုပါအသင္းရဲ႕ စာရင္းမ်ားအရသိရပါတယ္။

ဝဥကိုခ်င္းျပည္နယ္မွာ အဓိကစိုက္ပ်ိဳးလ်က္ရွိေနၿပီး အျခားျပည္နယ္ႏွင့္တိုင္းမ်ားမွာလည္း စမ္းသပ္စိုက္ပ်ိဳးလ်က္ရွိေနေၾကာင္း အဆိုပါအသင္းမွသိရပါတယ္။

ျပည္ပေစ်းကြက္အျဖစ္ ဝဥကို တရုတ္ ၊ ကိုရီးယား ႏွင့္ ဂ်ပန္ႏုိင္ငံမ်ားကို တင္ပို႔ေရာင္းခ်ေနေၾကာင္း ခ်င္းျပည္နယ္ဝဥစိုက္ပ်ိဳးထုတ္လုပ္တင္ပို႕ေရာင္းခ်သူမ်ားအသင္းမွသိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

ပြည်ပနိုင်ငံများကိုဝဥ တန်ချိန် (၁၀၀)တင်ပို့နိုင်ခဲ့
ယခုနှစ်အတွင်းပြည်ပနိုင်ငံများကို ဝဥတန်ချိန် (၁၀၀)တင်ပို့နိုင်ခဲ့ကြောင်း ချင်းပြည်နယ် ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှသိရပါတယ်။
အခုနှစ်အတွင်း ပြည်ပနိုင်ငံများမှ အဝယ်လိုက်လာတဲ့အတွက် ဝဥတန်ချိန်မှာ အရင်နှစ်ထက် (၃၀) ရာခိုင်နှုန်း ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ ချင်းပြည်နယ်ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း မှ အကြံပေး ဦးဖွေးမနားကပြောပါတယ်။
“ ဒီနှစ်ကအဝယ်လိုက်လာတယ်။ ဝဥဈေးကွက်ကလည်း ဝယ်လိုအားကောင်းလာသလို ဈေးနှုန်းက လည်း တက်လာတယ်။ စိုက်တဲ့တောင်သူတွေကလည်းတိုးလာတယ်။ အရင်နှစ်ကထက် ရာခိုင်နှုန်း (၃၀)လောက်ပိုမိုတင်ပို့နိုင်တယ်”
ယခင်နှစ်ကဝဥတန်ချိန် (၇၀)သာတင်ပို့နိုင်ခဲ့ပြီး အခုနှစ်အတွင်း ဝဥတန်ချိန် (၁၀၀)တင်ပို့နိုင်ခဲ့ ကြောင်း အဆိုပါအသင်းရဲ့ စာရင်းများအရသိရပါတယ်။
ဝဥကိုချင်းပြည်နယ်မှာ အဓိကစိုက်ပျိုးလျက်ရှိနေပြီး အခြားပြည်နယ်နှင့်တိုင်းများမှာလည်း စမ်းသပ်စိုက်ပျိုးလျက်ရှိနေကြောင်း အဆိုပါအသင်းမှသိရပါတယ်။
ပြည်ပဈေးကွက်အဖြစ် ဝဥကို တရုတ် ၊ ကိုရီးယား နှင့် ဂျပန်နိုင်ငံများကို တင်ပို့ရောင်းချနေကြောင်း ချင်းပြည်နယ်ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *