BREAKING NEWS





အဆိုပါဌက်ပျောစိုက်တောင်သူများနှီးနှောဖလှယ်ပွဲကို စိုက်ပျိုးရေးဦးစီးဌာန ၊ ဂရုဏာ လူမှုစည်းလုံး ညီညွတ်ရေးအသင်း  ၊ မြန်မာနိုင်ငံ ဌက်ပျောစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူအစုအဖွ္ပဲ့  နဲ့ သက်ဆိုင်ရာ ဒေသများမှ တောင်သူများတက်ရောက်မှာဖြစ်ကြောင်းလည်းသိရပါတယ်။


Unicode ဖြင့်ဖတ်ရန်

ဌက်ပျောစိုက်တောင်သူများ နှီးနှောဖလှယ်ပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ Ruby Hall ခန်းမမှာ ဌက်ပျောစိုက်တောင်သူများ နှီးနှော ဖလှယ် ပွဲကို မေလ၂၀ရက်နေ့ မှ ၂၁ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။
တောင်သူများရဲ့အခက်အခဲများကို ရှင်းလင်းတင်ပြစေနိုင်ရန်ရည်ရွယ်ကာပြုလုပ်တာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဌက်ပျောစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့မှသိရပါတယ်။
“ ဌက်ပျောစိုက်တောင်သူတွေရဲ့ အခက်အခဲတွေကို ရှင်းလင်းတင်ပြဖို့အတွက်ရယ်။ ပြီးတော့ ဌက် ပျောကို (GAP) ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့် လက်မှတ် ရရှိအောင်ရယ်နဲ့ ဌက်ပျော မျိုးစိတ်အစစ်အမှန်တွေ ရရှိအောင်ရယ် ပြီးတော့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကို ဆွေးနွေး သွားမှာပါ”
အဆိုပါဌက်ပျောစိုက်တောင်သူများနှီးနှောဖလှယ်ပွဲကို စိုက်ပျိုးရေးဦးစီးဌာန ၊ ဂရုဏာ လူမှုစည်းလုံး ညီညွတ်ရေးအသင်း ၊ မြန်မာနိုင်ငံ ဌက်ပျောစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူအစုအဖွဲ္ပဲ့ နဲ့ သက်ဆိုင်ရာ ဒေသများမှ တောင်သူများတက်ရောက်မှာဖြစ်ကြောင်းလည်းသိရပါတယ်။
မြန်မာ့ဌက်ပျောကို ဧရာဝတီတိုင်းဒေသကြီး ၊ ကျောက်ဆည် နဲ့ မြန်မာနိုင်ငံ အထက်ပိုင်းတို့မှာ အများ ဆုံးစိုက်ပျိုးနေကြောင်း မြန်မာနိုင်ငံ ဌက်ပျောစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်း ချသူအစုအဖွဲ့ မှသိရပါ တယ်။





Leave a Reply

Your email address will not be published. Required fields are marked *