BREAKING NEWS

⁠ျမန္မာ့သရက္သီးမ်ားဝယ္လိုအားတက္လာ

ယခုႏွစ္အတြင္း ျမန္မာ့သရက္သီးမ်ားမွာ ဝယ္လိုအားတက္လာေၾကာင္း ျမန္မာ့သရက္ေစ်း ကြက္ႏွင့္နည္းပ ညာဖြံ႕ၿဖိဳးတိုးတက္ေရး အသင္းမွ သိရပါတယ္။

ျမန္မာ့သရက္သီးမ်ားမွာ တရုတ္မွအျခားသရက္သီးမ်ိဳးမ်ားပါအဝယ္လိုက္လာတဲ့အတြက္ ယခင္ႏွစ္ ထက္ဝယ္လိုအားတက္လာ တာျဖစ္တယ္လို႕ ျမန္မာ့သရက္ေစ်းကြက္ ႏွင့္နည္းပညာဖြံ႕ၿဖိဳး တိုး တက္ ေရးအသင္းမွ အလုပ္အမႈ ေဆာင္ဦးေက်ာ္စြာဟိန္း ကေျပာပါတယ္။

“ ဝယ္လိုအားေကာင္းတယ္။တရုတ္ျပည္ထဲမွာလည္း ဒီႏွစ္သရက္အထြက္ႏႈန္းက မႏွစ္ ကေလာက္မ မ်ားဘူး။ အရင္ႏွစ္ကဆို ဒီလိုအခ်ိန္မ်ိဳးမွာ သရက္သီးေတြ ေန႕ခ်င္းေရာင္း မကုန္ဘူး။ ျပံဳေန တာေတြ ရွိတယ္။ ဒီႏွစ္ကေတာ့မူဆယ္ (၁၀၅)မိုင္ကိုေရာက္သြားတာ နဲ႕ကုန္ သြားတယ္”

တရုတ္ဘက္မွ စိန္တလံုး ၊ ေရြဟသၤာ ၊ ပတၱျမားငေမာက္ ၊ သံုးႏွစ္ ၊ မယ္သီ သရက္သီးမ်ိဳးမ်ား မွာ လည္းအခုႏွစ္အတြင္း ေစ်းကြက္ရွိလာကာ ဝယ္လိုအားလိုက္လာေၾကာင္း အဆိုပါ အသင္းမွ သိရ ပါတယ္။ အခုႏွစ္အတြင္း ျမန္မာ့သရက္မ်ားမွာ ဝယ္လိုအားတက္လာခဲ့ေသာ္လည္း သရက္ထြက္ႏႈန္းမွာနည္းေန ေၾကာင္းျမန္မာ့သရက္ေစ်းကြက္ႏွင့္ နည္းပညာဖြံ႕ၿဖိဳးတိုးတက္ေရး အသင္းမွသိရပါတယ္။

Agro_News

Pissaya_Info (ေအးေအးေက်ာ္)

Unicode ျဖင့္ဖတ္ရန္

⁠မြန်မာ့သရက်သီးများဝယ်လိုအားတက်လာ

=============================

ယခုနှစ်အတွင်း မြန်မာ့သရက်သီးများမှာ ဝယ်လိုအားတက်လာကြောင်း မြန်မာ့သရက်ဈေး ကွက်နှင့်နည်းပ ညာဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ သိရပါတယ်။

မြန်မာ့သရက်သီးများမှာ တရုတ်မှအခြားသရက်သီးမျိုးများပါအဝယ်လိုက်လာတဲ့အတွက် ယခင်နှစ် ထက်ဝယ်လိုအားတက်လာ တာဖြစ်တယ်လို့ မြန်မာ့သရက်ဈေးကွက် နှင့်နည်းပညာဖွံ့ဖြိုး တိုး တက် ရေးအသင်းမှ အလုပ်အမှု ဆောင်ဦးကျော်စွာဟိန်း ကပြောပါတယ်။

“ ဝယ်လိုအားကောင်းတယ်။တရုတ်ပြည်ထဲမှာလည်း ဒီနှစ်သရက်အထွက်နှုန်းက မနှစ် ကလောက်မ များဘူး။ အရင်နှစ်ကဆို ဒီလိုအချိန်မျိုးမှာ သရက်သီးတွေ နေ့ချင်းရောင်း မကုန်ဘူး။ ပြုံနေ တာတွေ ရှိတယ်။ ဒီနှစ်ကတော့မူဆယ် (၁၀၅)မိုင်ကိုရောက်သွားတာ နဲ့ကုန် သွားတယ်”

တရုတ်ဘက်မှ စိန်တလုံး ၊ ရွေဟင်္သာ ၊ ပတ္တမြားငမောက် ၊ သုံးနှစ် ၊ မယ်သီ သရက်သီးမျိုးများ မှာ လည်းအခုနှစ်အတွင်း ဈေးကွက်ရှိလာကာ ဝယ်လိုအားလိုက်လာကြောင်း အဆိုပါ အသင်းမှ သိရ ပါတယ်။ အခုနှစ်အတွင်း မြန်မာ့သရက်များမှာ ဝယ်လိုအားတက်လာခဲ့သော်လည်း သရက်ထွက်နှုန်းမှာနည်းနေ ကြောင်းမြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အသင်းမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *