BREAKING NEWS







Unicode ဖြင့်ဖတ်ရန်

စတုတ္ထကြိမ်မြောက် မန္တလေးနိုင်ငံတကာ မွေးမြူရေးနှင့်စိုက်ပျိုးရေးပြပွဲ ၂၀၁၉ ကျင်းပပြုလုပ်သွား မည်
စတုတ္ထကြိမ်မြောက် မန္တလေးနိုင်ငံတကာ မွေးမြူရေးနှင့်စိုက်ပျိုးရေးပြပွဲ ၂၀၁၉( Mandalay International Livestock and Agriculture Show 2019)ကို မန္တလေး ကွန်ဗင်းရှင်းစင်တာမှာ ကျင်း ပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
မန္တလေးအထက်မြန်မာပြည်မှာရှိတဲ့ တောင်သူများအတွက် စက်ပစ္စည်းများ သိရှိစေနိုင်ရန်အတွက် ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့ ပွဲစီစဉ်သူ ဦးဇာနည်ကပြောပါတယ်။
“ စိုက်ပျိုးရေးတောင်သူတွေအတွက် မန္တလေးနဲ့တကွ အထက်မြန်မာပြည်မှာ ရှိတဲ့တောင်သူတွေ အ တွက်ကို နည်းပညာအသစ်တွေ နဲ့စက်ပစ္စည်းအသစ်တွေမိတ်ဆက်လို့ရအောင် ပြုလုပ် တာဖြစ်ပ ါ တယ်”
အဆိုပါပြပွဲကို ၂၀၁၉ ခုနှစ် ဇွန်လ ၁၆ရက်နေ့ မှစတင်ကာ(၃)ရက်ကြာကျင်းပသွားမှာဖြစ်ပြီး နံနက် ( ၉)နာရီမှ ညနေ(၆)နာရီထိပြုလုပ်ကျင်းပသွားမှာဖြစ်ကြောင်းသိရပါတယ်။
စတုတ္ထကြိမ်မြောက် မန္တလေးနိုင်ငံတကာ မွေးမြူရေးနှင့်စိုက်ပျိုးရေးပြပွဲ ၂၀၁၉( Mandalay Inter national Livestock and Agriculture Show 2019) မှာ တောင်သူများအတွက် မိုးရာသီ အထူး ပရိုမိုးရှင်းအနေဖြင့် လယ်ယာသုံးစက်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်မယ့် အစီအ စဉ်လည်း ပါဝင်သွားမှာဖြစ်ကြောင်း သိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *