စိန္တလံုးသရက္ေစ်းႏႈန္းတက္လာ

ယခုႏွစ္အတြင္း စိန္တလံုးသရက္သီးေစ်းႏႈန္းမွာ အရင္ႏွစ္ထက္ တရုတ္ယြမ္ေငြ ၄၀ ဝန္းက်င္တက္ လာေၾကာင္း ျမန္မာသရက္ေစ်း ကြက္ႏွင့္ နည္းပညာဖြံ႕ၿဖိဳးတိုးတက္ေရးအသင္းမွသိရပါတယ္။

အခုႏွစ္မွာ ျမန္မာ့စိန္တလံုးသရက္ကို တရုတ္မွဝယ္လိုအားလိုက္လာတာေၾကာင့္ ေစ်းႏႈန္းတက္လာ တာျဖစ္တယ္လို႔ျမန္မာ့သရက္ေစ်းကြက္ႏွင့္နည္းပညာဖြံ႕ၿဖိဳးတိုးတက္ေရးအသင္းမွ အလုပ္အမႈေဆာင္ အဖြဲ႕ဝင္ ဦးေက်ာ္စြာဟိန္းကေျပာပါတယ္။

“ ဒီႏွစ္မွာ ေစ်းကြက္အေနအထားအရ တရုတ္ျပည္ကိုတင္ပို႕တဲ့ေတာင္ သူေတြအေနနဲ႕ ေစ်းပို ေကာင္းလာပါတယ္။ မႏွစ္ကေစ်းကေတာ္ေတာ္ေလးမေကာင္းတဲ့ အေနအထားရွိတယ္။ ဒီႏွစ္က ဝယ္ လိုအားလိုက္လာတယ္။  တရုတ္ျပည္ထဲမွာလည္း ဒီႏွစ္တြင္းမွာအထြက္နည္းတယ္။  သူတို႕ဆီက သရက္သီးေစ်းႏႈန္းေတြလည္းျမွင့္ေတာ့ ေစ်း ေပးၿပီးဝယ္ႏိုင္ၾကတယ္”

ယခင္ႏွစ္က စိန္တလုံးသရက္ (၁၅) ကီလိုတစ္ျခင္းကို တရုတ္ယြမ္ေငြ ၈၀ ရရွိခဲ့ၿပီး အခုႏွစ္အတြင္း စိန္တလံုးသရက္ (၁၅) ကီလိုတစ္ျခင္းကို တရုတ္ယြမ္ေငြ ၁၂၀ တက္လာေၾကာင္း အဆိုပါအသင္း မွသိရပါတယ္။

ယခုႏွစ္အတြင္းမွာ စိန္တလံုးသရက္အျပင္ အျခားသရက္မ်ားျဖစ္တဲ့ ေရႊဟသၤာ ၊ ပတၱျမားငေမာက္ နဲ႕ ရင္ကြဲသရက္မ်ားမွာလည္း အရင္ႏွစ္ထက္ ေစ်းႏႈန္းမ်ားရရွိေၾကာင္း ျမန္မာ့သရက္ေစ်းကြက္ႏွင့္ နည္း ပညာဖြံ႕ၿဖိဳးတိုးတက္ေရးအသင္းမွသိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

စိန်တလုံးသရက်ဈေးနှုန်းတက်လာ
ယခုနှစ်အတွင်း စိန်တလုံးသရက်သီးဈေးနှုန်းမှာ အရင်နှစ်ထက် တရုတ်ယွမ်ငွေ ၄၀ ဝန်းကျင်တက် လာကြောင်း မြန်မာသရက်ဈေး ကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှသိရပါတယ်။
အခုနှစ်မှာ မြန်မာ့စိန်တလုံးသရက်ကို တရုတ်မှဝယ်လိုအားလိုက်လာတာကြောင့် ဈေးနှုန်းတက်လာ တာဖြစ်တယ်လို့မြန်မာ့သရက်ဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးကျော်စွာဟိန်းကပြောပါတယ်။
“ ဒီနှစ်မှာ ဈေးကွက်အနေအထားအရ တရုတ်ပြည်ကိုတင်ပို့တဲ့တောင် သူတွေအနေနဲ့ ဈေးပို ကောင်းလာပါတယ်။ မနှစ်ကဈေးကတော်တော်လေးမကောင်းတဲ့ အနေအထားရှိတယ်။ ဒီနှစ်က ဝယ် လိုအားလိုက်လာတယ်။ တရုတ်ပြည်ထဲမှာလည်း ဒီနှစ်တွင်းမှာအထွက်နည်းတယ်။ သူတို့ဆီက သရက်သီးဈေးနှုန်းတွေလည်းမြှင့်တော့ ဈေး ပေးပြီးဝယ်နိုင်ကြတယ်”
ယခင်နှစ်က စိန်တလုံးသရက် (၁၅) ကီလိုတစ်ခြင်းကို တရုတ်ယွမ်ငွေ ၈၀ ရရှိခဲ့ပြီး အခုနှစ်အတွင်း စိန်တလုံးသရက် (၁၅) ကီလိုတစ်ခြင်းကို တရုတ်ယွမ်ငွေ ၁၂၀ တက်လာကြောင်း အဆိုပါအသင်း မှသိရပါတယ်။
ယခုနှစ်အတွင်းမှာ စိန်တလုံးသရက်အပြင် အခြားသရက်များဖြစ်တဲ့ ရွှေဟင်္သာ ၊ ပတ္တမြားငမောက် နဲ့ ရင်ကွဲသရက်များမှာလည်း အရင်နှစ်ထက် ဈေးနှုန်းများရရှိကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်း ပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *