BREAKING NEWS

စိုက္ပ်ိဳးနည္းစနစ္စမ္းသပ္ကြက္မ်ားသုေတသနျပဳလုပ္ေဆာင္သြားမည္

ေတာင္သူမ်ားအတြက္ စပါးအျပင္ အျခားသီးႏွံမ်ားကိုပါ မ်ိဳးသန္႕ပြားႏိုင္ဖို႔အတြက္ စိုက္ပ်ိဳဳးနည္း စနစ္စမ္း သပ္ကြက္မ်ား သုေတသနျပဳလုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း စိုက္ပ်ိဳးေရး သုေတသန ဦးစီးဌာနမွ သိရပါတယ္။

စိုက္ပ်ိဳးနည္းစနစ္စမ္းသပ္ကြက္မ်ားသုေတသနျပဳလုပ္ရာမွာ ေဒသဆိုင္ရာေတာင္ သူမ်ားႏွင့္ လည္း ပူးေပါင္းေဆာင္ရြက္သြားမွာ ျဖစ္ေၾကာင္းစိုက္ပ်ိဳးေရးသုေတသနဦးစီးဌာနမွ ဒုတိယညႊန္ ၾကားေရးမွဴးခ်ဳပ္ ဦးသန္႔လြင္ဦးကေျပာပါတယ္။

“ သုေတသနလုပ္မယ့္အကြက္ေတြမွာေတာင္သူေတြအတြက္ လိုအပ္တဲ့ အဓိကသီးႏွံေတြကို မ်ိဳးသန္႔ပြားတယ္။စပါးအျပင္   ပဲတီစိမ္း ၊ မတ္ပဲ ၊ေျမပဲ ၊ေနၾကာ ၊ႏွမ္း ၊ပဲစဥ္းငံုေတြပါတယ္။ သက္ ဆိုင္ရာေဒသကေတာင္သူေတြက စိုက္ပ်ိဳးေရးသုေတသနဦးစီးဌာနနဲ႕ေပါင္းၿပီးေတာ့ ေဆာင္ရြက္ ရမယ္”

စိုက္ပ်ိဴးေရးသုေတသနဦးစီးဌာနအေနနဲ႕ စိုက္ပ်ိဳးနည္းစနစ္စမ္းသပ္ကြက္မ်ားျဖစ္တဲ့  စိုက္ပ်ိဳးေရး သုတသနဦးစီးဌာနျခံ ၊ စည္ပင္စိုက္ပ်ိဳးေရးသုေတသနျခံ ၊ ေက်ာက္ဆည္စိုက္ပ်ိဳးေရး သုေတ သ နျခံ ၊ ဇလုပ္စိုက္ပ်ိဳးေရးသုေတသနျခံ ေရြးခ်ယ္ထားၿပီးစုစုေပါင္း ေျမဧရိယာ(၈၀)ကို သုေတသန ျပဳေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း အဆိုပါဌာနမွသိရပါတယ္။

အဆိုပါသုေတသနကို စိုက္ပ်ိဳးေရးသုေတသနဦးစီးဌာနနဲ႕ IRRI (အျပည္ျပည္ ဆိုင္ရာဆန္စပါး သုေတသနဌာန) တို႕မွ ပူးေပါင္းေဆာင္ရြက္သြားမွာျဖစ္ေၾကာင္းလည္း စိုက္ပ်ိဳးေရး သုေတသန ဦးစီး ဌာနမွ သိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

စိုက်ပျိုးနည်းစနစ်စမ်းသပ်ကွက်များသုတေသနပြုလုပ်ဆောင်သွားမည်
တောင်သူများအတွက် စပါးအပြင် အခြားသီးနှံများကိုပါ မျိုးသန့်ပွားနိုင်ဖို့အတွက် စိုက်ပျိုုးနည်းစနစ်စမ်း သပ်ကွက်များ သုတေသနပြုလုပ်ဆောင်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှသိရပါတယ်။
စိုက်ပျိုးနည်းစနစ်စမ်းသပ်ကွက်များသုတေသနပြုလုပ်ရာမှာ ဒေသဆိုင်ရာတောင်သူများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်လွင်ဦးကပြောပါတယ်။
“ သုတေသနလုပ်မယ့်အကွက်တွေမှာတောင်သူတွေအတွက် လိုအပ်တဲ့ အဓိကသီးနှံတွေကို မျိုးသန့်ပွားတယ်။စပါးအပြင် ပဲတီစိမ်း ၊ မတ်ပဲ ၊မြေပဲ ၊နေကြာ ၊နှမ်း ၊ပဲစဉ်းငုံတွေပါတယ်။ သက်ဆိုင်ရာဒေသကတောင်သူတွေက စိုက်ပျိုးရေးသုတေသနဦးစီးဌာနနဲ့ပေါင်းပြီးတော့ ဆောင်ရွက် ရမယ်”
စိုက်ပျိူးရေးသုတေသနဦးစီးဌာနအနေနဲ့ စိုက်ပျိုးနည်းစနစ်စမ်းသပ်ကွက်များဖြစ်တဲ့ စိုက်ပျိုးရေး သုတသနဦးစီးဌာနခြံ ၊ စည်ပင်စိုက်ပျိုးရေးသုတေသနခြံ ၊ ကျောက်ဆည်စိုက်ပျိုးရေးသုတေသနခြံ ၊ ဇလုပ်စိုက်ပျိုးရေးသုတေသနခြံ ရွေးချယ်ထားပြီးစုစုပေါင်း မြေဧရိယာ(၈၀)ကို သုတေသန ပြုဆောင်ရွက်သွားမှာဖြစ်ကြောင်း အဆိုပါဌာနမှသိရပါတယ်။
အဆိုပါသုတေသနကို စိုက်ပျိုးရေးသုတေသနဦးစီးဌာနနဲ့ IRRI (အပြည်ပြည် ဆိုင်ရာဆန်စပါး သုတေသနဌာန) တို့မှ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း စိုက်ပျိုးရေးသုတေသနဦးစီး ဌာနမှ သိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *