BREAKING NEWS

မုန္လာဥနီတြင္က်⁠ေရာက္တတ္⁠ေသာ ⁠ေရာဂါမ်ားႏွင့္ ကာကြယ္ႏွိမ္နင္းနည္းမ်ား

သီးနွံ – မုန္လာဥနီ

သိပၸြံအမည္ – Beta Vulgaris

မ်ိဳးရင္း – Amaranthacea

၁။ ရြက္စက္ေျပာက္ေရာဂါ (Leaf Spot: Cercospora beticola)

ေရာဂါလကၡဏာမ်ား

– မုန္လာဥနီမ်ား၏ အရြက္ေပၚတြင္ အေတြ႕မ်ားေသာ ေရာဂါျဖစ္သည္။ ျမင့္မားေသာ စိုထိုင္းဆသည္ ေရာဂါပ်ံနွံမႈကို အားေပးသည္။

– ေျမာက္ျမားစြာေသာ စက္ဝိုင္းပံုအစက္ေလးမ်ား အရြက္မ်က္နွာျပင္ေပၚတြင္ ေပၚလာၾကသည္။ အစက္မ်ားသည္ အရြယ္အစားအားျဖင့္ ႀကီးလာၿပီး အေရာင္အားျဖင့္ အညိဳေရာင္ (သို႔မဟုတ္) ခရမ္းေရာင္သန္းလာသည္။

– အစက္တစ္စက္ခ်င္းစီသည္ အမ်ားအားျဖင့္ စက္ဝိုင္းပံုရွိေသာ္လည္း ေျမာက္ျမားစြာ ေပါင္းစည္းသြားၾကၿပီး တစ္သွ်ဴးေသမ်ားအျဖစ္ ဧရယာအႀကီးႀကီးကို ေတြ႕ရသည္။

– အစက္မ်ားသည္ အရြက္မ်ားအား အေပါက္ပံုစံျဖစ္ေစကာ ေျခာက္ေသြ႕သြားသည္။ ဆိုးရြားစြာ က်ေရာက္ပါက ေရာဂါက်အစက္မ်ားသည္ အရြက္မတိုင္မီ ေသသြားၿပီး အရြက္မ်ား ေၾကြက် သြားၾကသည္။

– အရြက္မ်ားေၾကြက်သြားသျဖင့္ ျမစ္ဆံုသည္ ထုလံုးခၽြန္ပံုျဖစ္ကာ အေျခတြင္ ခ်ဥ္ေပါင္ဖူးပံုစံ ျဖစ္သြားသည္။

– စိုက္ပ်ိဳးရာသီးတစ္ေလွ်ာက္လံုး အရြက္ေၾကြျခင္းကို ေတြ႕ရကာ အျမစ္အရြယ္ အစာကို ေသးေစကာ အထြက္ႏႈန္းက်ေစသည္။ ရြက္အိုမ်ားကို အမ်ားဆံုးထိခိုက္နုိင္ေစသည္။

ကာကြယ္နွိမ္နင္းျခင္း

– ေရာဂါက်အပင္မ်ားကို ဖယ္ရွားပါ။

– သီးလွည့္စိုက္ပ်ိဳးပါ

– ေကာ့ပါးေအာ္ဇီကလိုရိုဒ္ (Copper oxychloride) 0.3% ကို (၁၅) ရက္ျခား တစ္ခါ (၃) ႀကိမ္ ပက္ဖ်န္းပါ။

စိုက္ပ်ိဳးေရးဦးစီးဌာန

Unicode ျဖင့္ဖတ္ရန္

မုန်လာဥနီတွင်ကျရောက်တတ်သော ရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်းများ

======================================================

သီးနှံ – မုန်လာဥနီ

သိပ္ပွံအမည် – Beta Vulgaris

မျိုးရင်း – Amaranthacea

၁။ ရွက်စက်ပြောက်ရောဂါ (Leaf Spot: Cercospora beticola)

ရောဂါလက္ခဏာများ

– မုန်လာဥနီများ၏ အရွက်ပေါ်တွင် အတွေ့များသော ရောဂါဖြစ်သည်။ မြင့်မားသော စိုထိုင်းဆသည် ရောဂါပျံနှံမှုကို အားပေးသည်။

– မြောက်မြားစွာသော စက်ဝိုင်းပုံအစက်လေးများ အရွက်မျက်နှာပြင်ပေါ်တွင် ပေါ်လာကြသည်။ အစက်များသည် အရွယ်အစားအားဖြင့် ကြီးလာပြီး အရောင်အားဖြင့် အညိုရောင် (သို့မဟုတ်) ခရမ်းရောင်သန်းလာသည်။

– အစက်တစ်စက်ချင်းစီသည် အများအားဖြင့် စက်ဝိုင်းပုံရှိသော်လည်း မြောက်မြားစွာ ပေါင်းစည်းသွားကြပြီး တစ်သျှူးသေများအဖြစ် ဧရယာအကြီးကြီးကို တွေ့ရသည်။

– အစက်များသည် အရွက်များအား အပေါက်ပုံစံဖြစ်စေကာ ခြောက်သွေ့သွားသည်။ ဆိုးရွားစွာ ကျရောက်ပါက ရောဂါကျအစက်များသည် အရွက်မတိုင်မီ သေသွားပြီး အရွက်များ ကြွေကျ သွားကြသည်။

– အရွက်များကြွေကျသွားသဖြင့် မြစ်ဆုံသည် ထုလုံးချွန်ပုံဖြစ်ကာ အခြေတွင် ချဉ်ပေါင်ဖူးပုံစံ ဖြစ်သွားသည်။

– စိုက်ပျိုးရာသီးတစ်လျှောက်လုံး အရွက်ကြွေခြင်းကို တွေ့ရကာ အမြစ်အရွယ် အစာကို သေးစေကာ အထွက်နှုန်းကျစေသည်။ ရွက်အိုများကို အများဆုံးထိခိုက်နိုင်စေသည်။

ကာကွယ်နှိမ်နင်းခြင်း

– ရောဂါကျအပင်များကို ဖယ်ရှားပါ။

– သီးလှည့်စိုက်ပျိုးပါ

– ကော့ပါးအော်ဇီကလိုရိုဒ် (Copper oxychloride) 0.3% ကို (၁၅) ရက်ခြား တစ်ခါ (၃) ကြိမ် ပက်ဖျန်းပါ။

စိုက်ပျိုးရေးဦးစီးဌာန





Leave a Reply

Your email address will not be published. Required fields are marked *