BREAKING NEWS

အက်ိဳးတူလယ္ယာစနစ္လုပ္ထံုးလုပ္နည္း မူၾကမ္း ကို အမ်ား ျပည္သူထံခ်ျပသြားမည္

အက်ိဳးတူလယ္ယာစနစ္ ( Contract Farming) လုပ္ထံုးလုပ္နည္းမူၾကမ္းမ်ားျဖစ္တဲ့ (Stan dard  Operation Procedure)ကို အမ်ားျပည္သူထံ ခ်ျပသြားမွာျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါး အသင္း ခ်ဳပ္မွသိရပါ တယ္။

အက်ိဳးတူလယ္ယာစနစ္ကို  ေဆြးေႏြးခဲ့ရာမူၾကမ္းထြက္ရွိလာတာေၾကာင့္  ျပန္လည္ျပင္ဆင္ အေခ်ာ သတ္ၿပီးပါက အခုလကုန္မွာ ျပည္သူ လူထုထံခ်ျပသြားမွာျဖစ္တယ္လို႕  ျမန္မာႏိုင္ငံဆန္စပါးအသင္း  ခ်ဳပ္မွ ရံုးအဖြဲ႕မွဴး ဦးျမင့္လြင္ကေျပာပါတယ္။

“ ဒီေဆာင္ရြက္ခ်က္ေတြနဲ႕ ပတ္သတ္ၿပီးမူၾကမ္း ထြက္တာ ေပါ့။မူၾကမ္းကို ျပန္ၿပီးအေခ်ာ သတ္ သြား မယ္။ လကုန္ေလာက္မွာ အမ်ားျပည္သူကိုခ်ျပမယ္။ အၾကံျပဳခ်က္ေတြျပန္ေတာင္းမယ္။ ၿပီးရင္အ ေကာင္အထည္ေဖာ္ရင္ လုပ္ငန္းစလို႕ရၿပီ ”

အက်ိဳးတူလယ္ယာစနစ္ေဖာ္ေဆာင္ေရးအတြက္ ႏိုင္ငံေတာ္အစိုးရပိုင္းမွ ေဆာင္ရြက္ရမည့္ အခ်က္အ လက္မ်ား ၊ ေတာင္သူလယ္သမားဘက္မွ ေဆာင္ရြက္ရမည့္အခ်က္အလက္မ်ား နဲ႕ ကုမၸဏီ (သို႕မ ဟုတ္) ပုဂၢလိကလုပ္ငန္းရွင္မ်ား မွ ေဆာင္ရြက္ရမည့္အခ်က္အလက္မ်ားကို ေဆြးေႏြးညိွႏိႈင္းခဲ့ တာ ျဖစ္ေၾကာင္းလည္းျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွသိရပါတယ္။

အဆိုပါမူၾကမ္းထြက္ရွိလာေရးအတြက္ တိုင္းႏွင့္ျပည္နယ္မွ ေတာင္သူမ်ား ၊ ကုမၸဏီမ်ား ၊ ပညာရွင္မ်ား နဲ႕ ဝန္ထမ္းမ်ားပါ ပါဝင္ေဆြးေႏြးခဲ့တာျဖစ္ေၾကာင္းအဆိုပါအသင္းခ်ဳပ္မွသိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

အကျိုးတူလယ်ယာစနစ်လုပ်ထုံးလုပ်နည်း မူကြမ်း ကို အများ ပြည်သူထံချပြသွားမည်
အကျိုးတူလယ်ယာစနစ် ( Contract Farming) လုပ်ထုံးလုပ်နည်းမူကြမ်းများဖြစ်တဲ့ (Standard Operation Procedure)ကို အများပြည်သူထံ ချပြသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်း ချုပ်မှသိရပါ တယ်။
အကျိုးတူလယ်ယာစနစ်ကို ဆွေးနွေးခဲ့ရာမူကြမ်းထွက်ရှိလာတာကြောင့် ပြန်လည်ပြင်ဆင် အချော သတ်ပြီးပါက အခုလကုန်မှာ ပြည်သူ လူထုထံချပြသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်မှ ရုံးအဖွဲ့မှူး ဦးမြင့်လွင်ကပြောပါတယ်။
“ ဒီဆောင်ရွက်ချက်တွေနဲ့ ပတ်သတ်ပြီးမူကြမ်း ထွက်တာ ပေါ့။မူကြမ်းကို ပြန်ပြီးအချော သတ် သွား မယ်။ လကုန်လောက်မှာ အများပြည်သူကိုချပြမယ်။ အကြံပြုချက်တွေပြန်တောင်းမယ်။ ပြီးရင်အ ကောင်အထည်ဖော်ရင် လုပ်ငန်းစလို့ရပြီ ”
အကျိုးတူလယ်ယာစနစ်ဖော်ဆောင်ရေးအတွက် နိုင်ငံတော်အစိုးရပိုင်းမှ ဆောင်ရွက်ရမည့် အချက်အ လက်များ ၊ တောင်သူလယ်သမားဘက်မှ ဆောင်ရွက်ရမည့်အချက်အလက်များ နဲ့ ကုမ္ပဏီ (သို့မ ဟုတ်) ပုဂ္ဂလိကလုပ်ငန်းရှင်များ မှ ဆောင်ရွက်ရမည့်အချက်အလက်များကို ဆွေးနွေးညှိနှိုင်းခဲ့ တာ ဖြစ်ကြောင်းလည်းမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရပါတယ်။
အဆိုပါမူကြမ်းထွက်ရှိလာရေးအတွက် တိုင်းနှင့်ပြည်နယ်မှ တောင်သူများ ၊ ကုမ္ပဏီများ ၊ ပညာရှင်များ နဲ့ ဝန်ထမ်းများပါ ပါဝင်ဆွေးနွေးခဲ့တာဖြစ်ကြောင်းအဆိုပါအသင်းချုပ်မှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *