BREAKING NEWS

ျမန္မာႏိုင္ငံမွ လုပ္ကြက္ငယ္ေတာင္သူ (၄၀၀၀)ကို ေနာ္ေဝအစိုးရမွ ကူညီေထာက္ပ့ံသြားမည္

ျမန္မာႏိုင္ငံမွ လုပ္ကြက္ငယ္ေတာင္သူ (၄၀၀၀)ကို ေနာ္ေဝအစိုးရမွ ကူညီေထာက္ပ့ံသြားမွာ ျဖစ္ေၾကာင္းစိုက္ပ်ိဳးေရး ၊ ေမြးျမဴေရးႏွင့္ေက်းလက္ေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာ လႊတ္ေတာ္ ေကာ္မတီအစည္းအေဝးမွသိရပါတယ္။

ရာသီဥတုဒဏ္ခံ စပါးမ်ိဳး ပိုမို စိုက္ပ်ိဳးထုတ္လုပ္ႏိုင္ေရး အတြက္ ရည္ရြယ္ကာ သံုးႏွစ္စီမံကိန္း ေဖာ္ေဆာင္သြားမွာျဖစ္ေၾကာင္း အဆိုပါအစည္းအေဝးမွသိရပါတယ္။

အဆိုပါစီမံကိန္းမွာ မႏၱေလးတိုင္းေဒသႀကီး ၊ ရွမ္းျပည္နယ္ေတာင္ပိုင္း ၊ မြန္ ႏွင့္ပဲခူးတို႔မွ လုပ္ကြက္ ငယ္ေတာင္သူလယ္သမား ( ၄၀၀၀)ကို ေရရွည္တည္တံ့သည့္စပါးစိုက္ပ်ိဳးထုတ္လုပ္မႈ မ်ားကို ပံ့ပိုး ကူညီေပးသြားမွာျဖစ္ေၾကာင္းလည္းသိရပါတယ္။

ရာသီဥတုဒဏ္ခံ စပါးမ်ိဳး ပိုမို စိုက္ပ်ိဳးထုတ္လုပ္ႏိုင္ေရး စီမံကိန္းကို ေနာ္ေဝးအစိုးရ ၊ ဖြံ႔ၿဖိဳးတိုးတက္ မႈႏွင့္ ပူးေပါင္းေဆာင္ရြက္မႈဆိုင္ရာ ဆြစ္ေအဂ်င္စီ ၊ ကုလသမဂၢ သဘာဝပတ္ဝန္းက်င္ အစီအစဥ္ ၊ ေရရွည္တည္တံ့မည့္ဆန္စပါးလုပ္ငန္းပလက္ေဖာင္း ၊ အစိုးရမဟုတ္ေသာ ဆြစ္ႏိုင္ငံတကာ အဖြဲ႕ အစည္း နဲ႕ PRIME Agri တို႕မွ ပူးေပါင္းအေကာင္အထည္ေဖာ္ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

မြန်မာနိုင်ငံမှ လုပ်ကွက်ငယ်တောင်သူ (၄၀၀၀)ကို နော်ဝေအစိုးရမှ ကူညီထောက်ပံ့သွားမည်
မြန်မာနိုင်ငံမှ လုပ်ကွက်ငယ်တောင်သူ (၄၀၀၀)ကို နော်ဝေအစိုးရမှ ကူညီထောက်ပံ့သွားမှာ ဖြစ်ကြောင်းစိုက်ပျိုးရေး ၊ မွေးမြူရေးနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လွှတ်တော် ကော်မတီအစည်းအဝေးမှသိရပါတယ်။
ရာသီဥတုဒဏ်ခံ စပါးမျိုး ပိုမို စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် ရည်ရွယ်ကာ သုံးနှစ်စီမံကိန်း ဖော်ဆောင်သွားမှာဖြစ်ကြောင်း အဆိုပါအစည်းအဝေးမှသိရပါတယ်။
အဆိုပါစီမံကိန်းမှာ မန္တလေးတိုင်းဒေသကြီး ၊ ရှမ်းပြည်နယ်တောင်ပိုင်း ၊ မွန် နှင့်ပဲခူးတို့မှ လုပ်ကွက် ငယ်တောင်သူလယ်သမား ( ၄၀၀၀)ကို ရေရှည်တည်တံ့သည့်စပါးစိုက်ပျိုးထုတ်လုပ်မှု များကို ပံ့ပိုး ကူညီပေးသွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။
ရာသီဥတုဒဏ်ခံ စပါးမျိုး ပိုမို စိုက်ပျိုးထုတ်လုပ်နိုင်ရေး စီမံကိန်းကို နော်ဝေးအစိုးရ ၊ ဖွံ့ဖြိုးတိုးတက် မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွစ်အေဂျင်စီ ၊ ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင် အစီအစဉ် ၊ ရေရှည်တည်တံ့မည့်ဆန်စပါးလုပ်ငန်းပလက်ဖောင်း ၊ အစိုးရမဟုတ်သော ဆွစ်နိုင်ငံတကာ အဖွဲ့ အစည်း နဲ့ PRIME Agri တို့မှ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *