မြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဌ ဦးမင်းခိုင်နဲ့ဆက်သွယ်မေး မြန်းခြင်း

တရုတ်အစိုးရရဲ့ မှုဝါဒ ပေါ်လစီတွေကြောင့် တရုတ်နိုင်ငံသို့ မြန်မာပြောင်း တင်ပို့မှုဟာ အတော်ကြာရပ်တန့်နေပြီး ပြောင်းဈေးကွက်ဟာ ပျက်သလောက်ဖြစ်နေခဲ့ပါတယ်။ဒါေ ကြာင့် မြန်မာ့ပြောင်းဈေးကွက်ရဲ့ ပြည်ပတင်ပို့မှုလက်ရှိအခြေအနေနဲ့ ပြောင်းစိုက်တောင်သူတွေ အတွက် ဆောင်ရွက်ပေးသွားမယ့် အခြေအနေတွေအကြောင်းကို မြန်မာနိုင်ငံပြောင်းစိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းရဲ့  ဥက္ကဌ ဦးမင်းခိုင်ကိုဆက်သွယ်မေးမြန်းခဲ့တာေ တွကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

“တောင်သူတွေကိုအားနာပါတယ်။ပြောင်းအသင်းကြီးရှိရဲ့သားနဲ့ ခိုင်မာတဲ့ ဈေး ကွက်ကိုသူတို့ လိုချင် သလောက်ထိုက်သင့်သလောက်မရှာပေးနိုင်ဘုး။ လိုအပ်ချက်တွေရှိတာပေါ့။ ဒီနှစ်ဒီသီးနှံ ကဈေးနှုန်း ကောင်းတယ်နောက်နှစ်စိုက်ကြမယ်ဆိုတာထက် သီးနှံ အာမခံချက်က မလွယ်သေး ဘူး။သီးနှံ တစ်ခု ကိုစုပြုံစိုက်ချင်း တတ်နိုင်သလောက်တော့ဆင်ခြင်စွာလုပ်စေချင်တယ်။ အဆင်ပြေတဲ့ကိုယ့်မြေရာ သီဥတုနဲ့ ကိုက်ညီမယ့်ဟာကိုစိုက်စေချင်တယ်”

မေး။                    ။ ယခုလက်ရှိ မြန်မာနိုင်ငံပြောင်းစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအ သင်း အနေ နဲ့ ဆောင်ရွက်နေတဲ့အပိုင်းလေးတွေရှိရင်ပြောပြပေးပါဦး။

ဖြေ။                    ။တရုတ်ဈေးကွက်ကအခုလက်ရှိမရတဲ့အခါမှာထိုင်းဘက်ကိုခိုင်ခိုင်မာမာရဖို့ အတွက် ကြိုးစားနေတယ်။ထိုင်းဘက်ကလည်းတရားဝင်ဝယ်မယ်ပေါ့နော်။ သူတို့ဆီက အခွန် ဆောင်ပြီး ဝယ်လို့ရတယ်။မြဝတီမှာ မေလတတိယပတ်ထဲမှာ တွေ့ဖို့ချိန်း ထားတယ် ဆိုတာရှိ တယ်။ဈေးကွက်ကလည်းတည်ငြိမ်မှုမရှိတော့ ရနိုင်သလောက် အပြင်ကဈေးကွက် ကိုရှာဖို့ကြိုး စားနေတယ်။

မေး။                    ။ယခုလက်ရှိ တရုတ်ကို အစေ့ထုတ် ပြောင်းတင်ပို့မှုအခြေအနေလေးတွေကို လည်းပြောပြပေး ပါဦး။

ဖြေ။                    ။ အခုလက်ရှိအခြေအနေကတော့လုံးဝရပ်ထားတယ်။ တရုတ်ဘက်ကအ ဝင်မ ခံတာ။ဝယ်နေတယ်ဆိုလည်း သူဈေးနဲ့သူတော်သေးတာပေါ့။အခုက အရောင်းအဝယ် ကိုမရှိတာ။၂၀၁၉ နှစ်စထဲကဖြစ်နေတာဆိုတော့ ငါးလထဲရောက်သွားပြီပေါ့။

မေး။                     ။တရုတ်ကပြောင်းမဝယ်တော့တဲ့အခါ ပြောင်းစိုက်တောင်သူ အခြေအနေေ တွကို လည်း ပြောပြပေးပါဦး။

ဖြေ။                     ။ အဓိကက အဝယ်မရှိတဲ့ ပြဿာနာက မြန်မာနိုင်ငံမှာပြောင်းစိုက်ပျိုးမှု အများ ဆုံးဖြစ်တဲ့ ရှမ်းမြောက်က တရုတ်ကဝယ်နေရင်ဘယ်လိုဝယ်ဝယ် သူ့ဘာသာသူ ထိုက် သင့် တဲ့ဈေးပဲ ရရဈေးပဲနည်းနည်း အရောင်းအဝယ်ရှိရင်တော့ တောင်သူကစိုက်လို့ ရသေး တယ်ပေါ့နော်။ အသင်း သား တွေရောအသင်းသားမဟုတ်တဲ့တောင်သူတွေရော ပြောင်းဈေးက ဈေးကွက်ရှိတဲ့ရန်ကုန်ကို ပြန် ပို့တဲ့အခါကျတော့ စရိတ်က များတဲ့အခါ တောင်သူကအကြီး အကျယ်ရှုံးတဲ့ အနေအထားဖြစ် သွား ပြီ။ ဒီနှစ်ကတိုက်တိုက်ဆိုင်ဆိုင်ဖြစ်သွားတာက မနှစ်က ပဲတွေကဈေးမကောင်းဘူး ၊ မတ်ပဲကိုအစားထိုး တဲ့အနေနဲ့ အစိုးရကိုယ်တိုင်ကလည်း အတန် တန်တားတဲ့ကြားထဲကနေပြီးတော့ ပြောင်းကိုအစား ထိုးတဲ့ပုံစံနဲ့လုပ်ကြတယ်။ ပြောင်းကပုံမှန် ထွက်နေတာ ကိုက ၁၀ရာခိုင်နှုန်း ၁၅ ရာခိုင်နှုန်းလောက် ပိုထွက်လာတယ်။ အဲဒီမှာဈေးကွက်က ပျောက်သွားတယ်။မရောင်းရတဲ့အခြေအနေဖြစ်သွားပြီ။ တောင်သူကလည်း ရှုံးတဲ့အပြင်ကုန် သည်ကလည်းပြန်ရောင်းရတဲ့နေရာမှာ အခက်အခဲရှိ လို့မဝယ် တော့ဘူး။ လာမယ့်လဆို ပြန် စိုက်မယ့်ရာသီရောက်ပြီ။အခုချိန်မှာဘာဖြစ်နေလဲဆိုတော့ မျိုးစေ့ရော ဓါတ်မြေသြဇာရော မလှု ပ်နိုင်သေးဘူးဖြစ်နေတယ်။ ရှမ်းမြောက်မှာဆို ပြောင်းကစုစုပေါင်းထုတ်လုပ်မှုရဲ့ တစ်ဝက်ေ လာက် ကျန်နေသေးတယ်။

မေး။                    ။အခုလိုဖြစ်နေတဲ့အခြေအနေပေါ်မြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းအနေနဲ့ ဘာတွေဆောင်ရွက်ပေးနေတာတွေများရှိပါလဲ။

ဖြေ။                     ။ ပြည်တွင်းအစာစက်စက်ရုံလုပ်ငန်းတွေနဲ့ညှိနှိုင်းရတာပေါ့။ သူတို့သတ် မှတ် တဲ့ဈေးနဲ့ပဲဝယ်ကြမှာပေါ့။ ပူးပေါင်းဆောင်ရွက်နေတယ်။ ပြည်ပလမ်းကြောင်းတွေများများ ရှာေ နပါ တယ်။

မေး။                   ။ မြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းအနေနဲ့ နိုင်ငံတော်အစိုးရနဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေရှိရင်လည်းပြောပြပေးပါဦး။

ဖြေ။                    ။ နိုင်ငံတော်အစိုးရနဲ့လည်းချိတ်ဆက်ဆောင်ရွက်တာတွေရှိတယ်။အဓိကက ပြည်တွင်းဈေးနှုန်းတည်ငြိမ်ဖို့က နိုင်ငံခြားကိုထုတ်ရမယ့် ပြည်ပကိုပို့ရမယ့်ေ ဈးနှုန်းထိန်းညှိပေး ပါ။ ခဏခဏတင်ပြတယ်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနဲ့လည်းတွေ့ဖို့ရှိတယ်။ တကယ် လို့နောက်နှစ်လသာ ဒီတိုင်းဆက်သွားမယ်ဆိုရင် အခြေအနေကတော့ပိုဆိုး သွား မှာ။(၅)လအတွင်းမှာ စီးပွားကူးသန်းဝန်ကြီးဌာနနဲ့ နှစ်ကြိမ်တွေ့ပြီးပါပြီ။

မေး။                     ။ မြန်မာနိုင်ငံမှာ စုစုပေါင်းပြောင်းစိုက်ဧကရောဘယ်လောက်များရှိပါလဲ။

ဖြေ။                     ။ မြန်မာနိုင်ငံမှာ အခုနှစ်ထိဆို စုစုပေါင်းပြောင်းစိုက်ဧက (၁)သန်းကျော်ေ လာက် တော့ရှိပါတယ်။

မေး။                     ။ ပြောင်းစိုက်တောင်သူတွေကို ပေးချင်တဲ့အကြံညဏ်လေးများရှိရင် မျှဝြေေ ပာပြ ပေးပါဦး။

ဖြေ။                     ။ တောင်သူတွေကိုအားနာပါတယ်။ပြောင်းအသင်းကြီးရှိရဲ့သားနဲ့ ခိုင်မာတဲ့ ဈေး ကွက်ကိုသူတို့လိုချင်သလောက်ထိုက်သင့်သလောက်မရှာပေးနိုင်ဘုး။ လိုအပ်ချက်တွေ ရှိတာပေါ့။ ဒီနှစ်ဒီသီးနှံကဈေးနှုန်းကောင်းတယ်နောက်နှစ်စိုက်ကြမယ်ဆိုတာထက် သီးနှံ အာမ ခံချက်က မလွယ်သေးဘူး။သီးနှံတစ်ခုကိုစုပြုံစိုက်ချင်း တတ်နိုင်သလောက်တော့ ဆင်ခြင်စွာ လုပ်စေချင်တယ်။အဆင်ပြေတဲ့ကိုယ့်မြေရာသီဥတုနဲ့ကိုက်ညီမယ့်ဟာကိုစိုက်စေချင်တယ်။

မေး။                     ။ ဖြည့်စွက်ပြောချင်တာများရှိရင်ပြောပြပေးပါဦး။

ဖြေ။                     ။  ဒီထက်ပိုပြီးတော့တောင်သူတွေစိတ်ချရတဲ့စီးပွားရေးမူဝါဒတစ်ခု ပြည်တွင်း မှာ ပဲဖြစ်ဖြစ် ပြည်ပမှာပဲဖြစ်ဖြစ်လုပ်ဆောင်စေချင်တယ်။

ဖြေကြားမှုကိုကျေးဇူးတင်ပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *