BREAKING NEWS

တရုတ်ကို မြန်မာ့ဆန် တင်ပို့နိုင်ရေး အတွက် MoU ရေးထိုးနိုင်ရေးေ ဆာင်ရွက်နေ

အစိုးရအချင်းချင်း ( G to G) စနစ်ဖြင့် တရုတ်ကို  မြန်မာ့ဆန်တင်ပို့နိုင်ရေးအတွက်  MoU ရေးထိုး နိုင် ရန် စီစဉ် ဆောင်ရွက်နေကြောင်း  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရပါတယ်။

ယခုလထဲမှာ ဒုတိယအဆင့်အနေနဲ့တရုတ်ကို မြန်မာ့ဆန်တင်ပို့နိုင်ရေးကို နှစ်နိုင်ငံသဘောတူ လက် မှတ် MoU ရေးထိုးနိုင်ရန်စီစဉ်ဆောင်ရွက်နေတာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ရုံးအ ဖွဲ့မှူး ဦးမြင့် လွင်ကပြောပါတယ်။

“ မြန်မာ့ဆန်တင်ပို့ဖိုအတွက် ခွင့်ပြုချက်ကတော့ကျပြီးပြီ။MoU ကတော့ရေးမထိုးရသေးဘူး။  ပထမ အဆင့်ကတော့ ပြီးသွားပြီ။ဒုတိယအဆင့်ကတော့ မေလ ထဲမှာ ထိုးဖို့အတွက် လုပ်နေ တာပေါ့။ ဘယ် လမှာ ဘယ်လောက်ဝင်မယ်။ ဘယ် လောက်ရောင်းမယ်ဆိုတာထိုးရမှာ”

ပြည်ပနိုင်ငံများကို ဆန်၊ဆန်ကွဲများ ပို့ကုန်တင်ပို့ရောင်းချမှုလုပ်ငန်းစဉ်များကို မြန်မာနိုင်ငံ ဆန် စပါးအ သင်းချုပ်စီစဉ်မှုဖြင့် ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။

အစိုးရအချင်းချင်း (G to G)စနစ်ဖြင့် ဆန်၊ဆန်ကွဲတင်ပို့နိုင်ရေးအတွက် ပါဝင်လျှောက်ထား သည့် ကုမ္ပဏီများမှာ ၆၀ ဝန်းကျင်ရှိကြောင်းလည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရ ပါတယ်။  





Leave a Reply

Your email address will not be published. Required fields are marked *