BREAKING NEWS

ဖရဲ စုိက္ပ်ဳိးနည္း

ျမန္မာအမည္ – ဖရဲ

အဂၤလိပ္အမည္္ – WATERMELON

႐ုကၡေဗဒအမည္ – Citrullus vulgaris

မ်ဳိးရင္းအမည္ – CUCURBITACEAE


၁။ မူရင္းေဒသ

ဖရဲ၏မူရင္းေဒသမွာ အာဖရိကတုိက္ျဖစ္သည္။ (၁၆) ရာစုႏွစ္မွစ၍ အာဖရိကတုိက္မွ ဥေရာပတုိက္၊ အာရွတုိက္၊ အေမရိကတုိက္အစရွိသည့္ ကမၻာ့အႏံွ႔အျပားေဒသမ်ားသို႔ ပ်ံ႕ႏွံ႔ေရာက္ရွိသြားသည္။


၂။ အပင္ပုံသ႑ာန္

ဖရဲပင္သည္ ႏြယ္အမ်ဳိးအစားအျဖစ္၍ အပင္ေပ်ာ့မ်ဳိးျဖစ္သည္။ အႏြယ္ေရာ အရြက္ပါ အစိမ္းရင့္ေရာင္ပို သည္။ အရြက္မွာ (၄) လက္မွ (၆) လက္မခန္႔ ရွည္လ်ားသည့္ လက္ျခားအရြက္မ်ားျဖစ္ၾကသည္။ ပင္စည္ႏွင့္ အရြက္မ်ားတြင္ အေမႊးမ်ား ဖံုးလႊမ္းလ်က္ရွိသည္။

၃။ အသီးပံုသ႑ာန္

အသီးပံုသ႑ာန္မွာလည္း လံုး၀ိုင္းပံု၊ လံုးရွည္ပံု၊ ဘဲဥပံု အစရွိသည္ျဖင့္ ပံုသ႑ာန္အမ်ဳိးမ်ဳိး ရွိသည္။ အသီးအရွည္မွာ မ်ဳိးကိုလုိက္၍ (၉)လက္မမွ (၃၀) လက္မခန္႔အထိရွည္ၿပီး သီးလံုးအခ်င္း (၆) လက္မမွ (၁၅) လက္မခန္႔ အထိရွိသည္။ အတြင္းသားအေရာင္မွာလည္း အနီေရာင္၊ အ၀ါေရာင္၊ လိေမၼာ္ေရာင္၊ အျဖဴေရာင္တုိ႔ရွိ ၾကၿပီး အျပင္အခြံေရာင္မွာလည္း အစိမ္းေဖ်ာ့ေရာင္၊ အစိမ္းရင့္ေရာင္၊ အ၀ါေရာင္၊ အစင္းပါစသည္ျဖင့္ အေရာင္ အမ်ဳိးမ်ဳိးရွိၾကသည္။ အျပင္ခြံမွာ အစင္းပါႏွင့္ အစင္းမဲ့ဟူ၍ ကြဲျပားသည္။

၄။ ေျမအမ်ဳိးအစား

ဖရဲစိုက္ပ်ဳိးရန္ သင့္ေလ်ာ္ေသာ ေျမအမ်ဳိးအစားမွာ သဲႏုန္ေျမျဖစ္ပါသည္။ မုိးရာသီအကုန္ ျမစ္ေရက်ခိ်န္ ျမစ္ကမ္းေဘးရွိ ကၽြန္းေျမမ်ားတြင္လည္းေကာင္း၊ စပါးစရိတ္သိမ္းၿပီးသည့္ လယ္ကြက္မ်ားတြင္လည္းေကာင္း စိုက္ပ်ဳိးႏိုင္ပါသည္။ ေျမအခ်ဥ္အငံဓာတ္ (၆ မွ ၆.၈)အတြင္း ရွိသည့္ေျမတြင္ ဖရဲကိုေကာင္းစြာ စိုက္ပ်ဳိးႏုိင္သည္။ ေျမတစ္ေနရာတည္းတြင္ သီးႏွံတစ္မ်ဳိးတည္း ဆက္တုိက္စုိက္ပ်ဳိးပါက ေရာဂါပိုးမႊား က်ေရာက္ဖ်က္ဆီးမႈမ်ား သျဖင့္ သီးႏွံအလွည့္က် စိုက္ပ်ဳိးသင့္ေပသည္။ ေရအစိုဓာတ္ လုိအပ္ေသာ္လည္း ေရ၀ပ္ျခင္း၊ စိုထုိင္းဆမ်ားျခင္း ကို မႏွစ္သက္ေပ။

၅။ ေျမေနရာေရြးခ်ယ္ျခင္း

ေနေရာင္ျခည္ျပည့္ျပည့္၀၀ရရွိႏိုင္ၿပီး ေရရရွိႏိုင္ေသာ ေနရာႏွင့္ သယ္ယူပို႔ေဆာင္ရန္ လြယ္ ကူေသာ ေနရာမ်ားတြင္ ဖရဲကုိ စုိက္ပ်ဳိးသင့္ေပသည္။

၆။ ရာသီဥတု

အပူခ်ိန္ (၂၁-၃၄) ဒီဂရီစင္တီဂရိတ္အတြင္း ေနေရာင္ျခည္ျပည့္၀စြာ ရရွိၿပီး ေလစိုထုိင္း စနည္းေသာ ေဒသမ်ားတြင္ ဖရဲသည္ ေကာင္းစြာျဖစ္ထြန္းပါသည္။

၇။ စုိက္ခ်ိန္

မိုးမ်ားေသာေဒသမ်ားတြင္ ေအာက္တုိဘာလမွ ေဖေဖာ္၀ါရီလအထိ ဖရဲကို စီးပြားျဖစ္ စုိက္ပ်ဳိးႏုိင္ၿပီး မုိးနည္းေသာေဒသမ်ားတြင္ ေမလမွစ၍ ေဖေဖာ္၀ါရီလအထိ စီးပြားျဖစ္စိုက္ ပ်ဳိးႏိုင္ပါသည္။ ပူလြန္းေသာအခ်ိန္ တြင္ စုိက္ပ်ဳိးပါက အခ်ဳိဓာတ္ ေလ်ာ့နည္းသြားသည္။
၈။ မ်ဳိးေစ့အေညွာက္ေဖာက္ျခင္း ဖရဲေစ့ကုိ ေျမတြင္ တုိက္႐ုိက္စုိက္၍ေသာ္ လည္းေကာင္း၊ ပ်ဳိးေထာင္ၿပီး ေရႊ႕ေျပာင္း၍ေသာ္လည္း ေကာင္း စိုက္ပ်ဳိးႏိုင္ပါသည္။ ေျမတြင္ တုိက္႐ုိက္စုိက္ပါက မ်ဳိးေစ့ကုန္က်မႈႏွင့္ ျပဳစုထိန္းသိမ္းစရိတ္မ်ားသျဖင့္ ပ်ဳိိးေထာင္စုိက္ပ်ဳိးသင့္ပါသည္။ ယခုအခါ အေစ့မဲ့ႏွင့္ အေစ့ပါဟူ၍ ႏွစ္မ်ဳိးရွိပါသည္။ အေစ့မဲ့ဖရဲသည္ အေစ့ခြန္ မာေသာေၾကာင့္ မ်ဳိးေစ့အေညွာက္ေဖာက္ရာတြင္ အပင္ေလာင္းရွိသည့္မ်ဳိးေစ့၏ ထိပ္ခၽြန္ဘက္ကုိ လက္သည္း ညွပ္ႏွင့္ အေစ့ခြံအက္ကြဲလာ႐ံုညွပ္ၿပီးေနာက္ အေပါက္ငယ္ေလးမ်ားေဖာက္ထားေသာ ပလပ္စတစ္အိတ္တြင္ ထည့္ရသည္။ ၄င္းအိတ္ကို ေရထဲတြင္ နာရီ၀က္စိမ္ၿပီးေနာက္ အိတ္ထဲမွ ေရမ်ားခါထုတ္ ေပးရသည္။ ထုိ႔ေနာက္ မ်ဳိးေစ့ထုတ္ကို မ်က္ႏွာသုတ္ပ၀ါတြင္ထည့္၍ လိပ္ၿပီး အျခားပလပ္စတစ္အိတ္ထဲတြင္ ထည့္ကာ (၂) ေပခန္႔ အျမင့္ရွိေသာ စကၠဴကပ္ပံုးထဲတြင္ ထားရသည္။ မ်ဳိးေစ့ထုတ္အေပၚမွ (၁) ေပခြဲခန္႔အကြာတြင္ (၄၀) ၀ပ္ (သို႔မဟုတ္) (၆၀) ၀ပ္မီးသီးျဖင့္ (၂၄) နာရီၾကာေအာင္ အပူေပးထားရသည္။ မ်ဳိးေစ့ထုတ္ေပၚတြင္ သတင္းစာ စကၠဴဳျဖင့္ ဖံုးအုပ္ေပးထားျခင္းျဖင့္ အလင္းေရာင္ႏွင့္ ထိေတြ႕ျခင္းမွ ကာကြယ္ေပးပါသည္။
အေစ့ပါ ဖရဲမ်ဳိးေစ့မ်ားကုိမူ လက္သည္းညွပ္ႏွင့္ ညွပ္ရန္ မလုိဘဲ ေရတြင္ (၄)ႀကိမ္ၾကာ စိမ္ၿပီးေနာက္ ေရမ်ားခါၿပီး အေစ့မဲ့ ဖရဲေစ့မ်ားအတုိင္း မီးသီးေအာက္တြင္ (၂၄) နာရီအၾကားထား၍ အေညွာက္ဖာက္ပါသည္။ အေညွာက္မေပါက္ေသးေသာ မ်ဳိးေစ့မ်ားကုိ ေရျဖင့္ေဆးၿပီး အထက္ပါအတုိင္း ထပ္မံအေညွာက္ေဖာက္ေပးၿပီး ဆက္လက္လုပ္ေဆာင္ ရသည္။ လွ်ပ္စစ္မီးမရွိေသးသည့္ ေဒသမ်ားတြင္ မ်ဳိးေစ့ကုိ ႐ိုး႐ိုးေရ (သို႔မဟုတ္) ဟိုမိုင္း (Homai) မိႈသတ္ေဆး (၂.၅) ဂရမ္ကုိ ေရတစ္လီတာတြင္ ေဖ်ာ္စပ္ၿပီး (၄) နာရီၾကာေရ စိမ္ၿပီးေနာက္ ေျမေဆြးမ်ား ေရာစပ္ထည့္ထားေသာ (၄x၄) လက္မအရြယ္ ပလပ္စတစ္အိတ္မ်ားတြင္ လက္မ၀က္ခန္႔အနက္ တြင္ ပ်ဳိးေထာင္ရပါသည္။
ပ်ဳိးအိတ္တြင္ ထည့္ရန္ ေျမအမ်ဳိးအစားမွာ ေျမေဆြး (၃)ဆ၊ ႐ိုး႐ိုးေျမ (၃) ဆ၊ ႏြားေခ်းေဆြး (၁)ဆ ေရာထားေသာ ေျမအေရာအဆ (၅၀၀) တြင္ တီစူပါဓာတ္ေျမၾသဇာ (၁၁/၂) ေရာစပ္ၿပီး အသံုးျပဳရပါသည္။ ပ်ဳိး ေထာင္ၿပီး (၂) ရက္မွ (၃) ရက္အၾကာတြင္ ပ်ဳိးပင္ငယ္မ်ား ေပါက္လာသည္။ ပ်ဳိးအိတ္တြင္ စိုက္ၿပီးေနာက္ ေန႔စဥ္နံနက္ (၉) နာရီတြင္ ေရေလာင္းေပးသည္။ ပ်ဳိးပင္ငယ္စဥ္တြင္ ခါးရိေရာဂါမ်ားက်ေရာက္တတ္သျဖင့္ Tarrazole မိႈသတ္ေဆး (၈) စီစီကုိ ေရ (၁၀) လီတာ (သုိ႔မဟုတ္) Topsin မိႈသတ္ေဆး (၁) ဆ၊ ေရအဆ (၈၀၀) မွ (၁၀၀၀) တြင္ေဖ်ာ္၍ ပ်ဳိးပင္မ်ားအား ပက္ဖ်န္းေပးရသည္။
ပ်ဳိးပင္မ်ားကုိ ပ်ဳိးေထာင္ထားသည့္အခ်ိန္တြင္ စုိက္ခင္းကုိ ထယ္ထုိး၊ ထြန္ေမႊၿပီးေနာက္ စုိက္ခင္းအား ေျမညီညာေအာင္ ျပဳျပင္ၿပီး စိုက္ေဘာင္မ်ား ေဖာ္ရပါမည္။


၉။ စုိက္ေဘာင္ျပင္ဆင္ျခင္း

စုိက္ေျမာငး္ေနရာကို မွတ္သား၍ ေပါက္ျပား (သို႔မဟုတ္) စက္ျဖင့္ (၆) လက္္မအက်ယ္ (၆) လက္မအနက္ရွိေသာ ေျမာင္းမ်ားေဖာ္ၿပီး တစ္ဧကလွ်င္ ယူရီးယားေျမၾသဇာ (၉၉) ေပါင္၊ တီစူပါ (၉၉) ေပါင္၊ ပိုတက္ရွ္ ဓာတ္ေျမၾသဇာ (၇၇) ေပါင္၊ ႏြားေခ်းေဆြး လွည္း (၄၀) စီး၊ Borax (၉) ေပါင္ႏွင့္ Furadan 3% G (၁၁) ေပါင္ႏႈန္း ထည့္ေပးရသည္။ ထုိ႔ေနာက္ ၄င္းစိုက္ေျမာင္းေပၚတါင္ (၁၁/၂) ေပ အက်ယ္ရွိေသာ ေဘာင္မ်ား ပါသည္။ ေဘာင္ေပၚတြင္ ပလပ္စတစ္စ အမဲအုပ္ျခင္းျဖင့္ ေပါင္းျမက္မ်ား မေပါက္ေရာက္ႏုိင္သည့္အျပင္ အစိုဓာတ္ႏွင့္ ေျမၾသဇာ မဆုတ္ယုတ္ေစႏုိင္ေပ။ ပလပ္စတစ္စ အျပင္ဘက္တြင္ ေငြေရာင္ရွိသျဖင့္ အလင္ျပန္ ျခင္းေၾကာင့္ အင္းဆက္ပိုးမႊားမ်ား လာေရာက္ျခင္းနည္းေစသည္။ မုိးရြာသြန္းပါက ေရအလြယ္တကူ ထြက္ေစရန္ (၆) လက္မအနက္ရွိေသာ ဗြီပံုသ႑ာန္ ေရထုတ္ေျမာင္းငယ္ကို ေဘာင္ႏွစ္ခုအၾကားတြင္ ေဖာ္ေပးရသည္။ အပင္အကြာအေ၀းမွ ေအာက္ပါအတုိင္း ျဖစ္ပါသည္။
တစ္ပင္ႏွင့္တစ္ပင္ အကြာအေ၀း ႐ိုး႐ုိးဖရဲ (အလံုးႀကီး) – ၃၂ လက္မ
(အလံုးေသး) – ၂၄ လက္မ
အေစ့မဲ့ဖရဲ – ၃၆ လက္မ
တစ္တန္းႏွင့္တစ္တန္းအကြာအေ၀း ႐ိုး႐ိုးဖရဲ (အလံုးႀကီး) – ၂၁ ေပ
(အလံုးေသး) – ၁၅ ေပ
အေစ့မဲ့ဖရဲ – ၂၀ ေပ
၁၀။ ေရႊ႕ေျပာင္းစုိက္ပ်ဳိးျခင္း
ပ်ဳိးေထာင္ၿပီး (၁၀) ရက္မွ (၁၅) ရက္အတြင္း ေရႊ႕ေျပာင္းစိုက္ပ်ဳိးႏုိင္ပါသည္။

၁၁။ ေျမၾသဇာထည့္သြင္းျခင္း

(၁) ေရႊေျပာင္းစိုက္ၿပီး (၃-၅) ရက္အၾကာတြင္ ေရ (၂၀) လီတာတြင္ ယူရီးယားေျမၾသဇာ (၄၈) ဂရမ္ (လက္ဖက္ရည္ ပန္းကန္ တစ္၀က္) ၊ တီစူပါ ေျမၾသဇာအမႈန္႔ (၅၂) ဂရမ္၊ (လက္ဖက္ရည္ ပန္းကန္တစ္၀က္) ေဖ်ာ္ၿပီး အပင္ေျခတြင္ တစ္ပင္လွ်င္ (၁၀) စီစီခန္႔ ေလာင္းေပးရမည္။
(၂) စိုက္ၿပီး (၂) ပတ္အၾကာတြင္ တစ္ဧကလွ်င္ ယူရီးယားေျမၾသဇာ (၁၈) ကီလုိဂရမ္၊ တီစူပါ (၁၈) ကီလုိဂရမ္ႏွင့္ ပိုတက္ရွ္ေျမၾသဇာ (၁၄) ကီလုိဂရမ္ႏႈန္း ထည့္ေပးရမည္။
(၃) စိုက္ၿပီး (၃) ပတ္အၾကာတြင္ ေရ (၂၀) လီတာ (သုိ႔မဟုတ္) (၄.၅) ဂါလံတြင္ ယူရီးယား (၁၃) ဂရမ္ (ဟင္းခတ္ဇြန္း တစ္ဇြန္း) ၊ တီစူပါ (၂၉) ဂရမ္ (ဟင္းခတ္ဇြန္း ၁၁/၂ ဇြန္း) ပိုတက္ရွ္ (၁၃) ဂရမ္ (ဟင္းခတ္ဇြန္း တစ္ဇြန္း) ၊ ေျမၾသဇာႀကီး Boyfolan (၄၀) စီစီႏွင့္ Borax (၄၀) ဂရမ္ကို ေဖ်ာ္ၿပီး အပင္မ်ားအား ပက္ဖ်န္းေပးရ မည္။ Borax ကို ေရေႏြးႏွင့္ ေပ်ာ္ေအာင္ေဖ်ာ္ၿပီးမွ ေရႏွင့္ ေရာပါသည္။
(၄) စိုက္ၿပီး (၄) ပတ္အၾကာတြင္ Borax မွ အပ အထက္ပါအတုိင္း ေျမၾသဇာအေရာကိုေဖ်ာ္၍ ပက္ ဖ်န္းေပးရမည္။
(၅) အသီးတင္ၿပီး (၁၄) ရက္အၾကာတြင္ တစ္ဧကလွ်င္ ယူရီးယားေျမၾသဇာ (၁၈) ကီလုိဂရမ္ (၁၅) ျပည္၊ တီစူပါေျမၾသဇာ (၁၈) ကီလုိဂရမ္ (၇ ျပည္ခြဲ) ႏွင့္ ပိုတက္ရွ္ ေျမၾသဇာ (၂၇) ကီလုိဂရမ္ (၁၅) ျပည္ႏႈန္း ထည့္ေပးရမည္။

၁၂။ အပင္ျပဳစုျခင္း

ဖရဲပင္မ်ား စုိက္ပ်ဳိးၿပီးေနာက္ အပင္ (၁၁/၂) ေပခန္႔ ရွိလာခ်ိန္တြင္ ႏြယ္မ်ားကို ေျဖာင့္တန္းေပးၿပီး၊ တန္းၾကားတြင္ ေကာက္႐ိုးေျခာက္မ်ားကုိ ဖံုးအုပ္ျဖန္႔ထားေပးရမည္။ ေကာက္႐ိုးဖံုးထားျခင္းျဖင့္ ေပါင္းျမက္မ်ား ကင္းရွင္းျခင္း၊ အစုိဓာတ္ဆံုး႐ံႈးမႈေလ်ာ့နည္းျခင္း၊ ဖရဲပင္မွ ႏွာေမာင္းမ်ားက ေကာက္႐ုိးကို ကုတ္တြယ္ထားျခင္း ျဖင့္ ေလျပင္းတုိက္ေသာ္လည္း အပင္မေရြ႕လ်ားေစႏုိင္ျခင္း စသည့္အက်ဳိးေက်းဇူးမ်ားကုိ ရေစႏုိင္ပါသည္။

၁၃။ ၀တ္မႈန္ကူးေပးျခင္း

ပ်ဳိးပင္မ်ားေရႊ႕ေျပာင္းစိုက္ၿပီး (၂၀-၃၀) ရက္အၾကာတြင္ ပန္းပြင့္ပါသည္။ အေစ့ပါ ဖရဲမ်ဳိးမ်ားတြင္ ပ်ား မ်ားက ၀တ္မႈန္ကူးေပးျခင္းျဖင့္ အသီးတင္သည္။ ၀တ္မႈန္ကူးျခင္းျဖင့္ အရည္အေသြးေကာင္းေသာ ဖရဲသီးမ်ား ရႏုိင္သည္။ အေစ့မဲ့ဖရဲတြင္ အဖုိၿမံဳေသာေၾကာင့္ ပင္တည္း ၀တ္မႈန္ကူးၿပီး အသီးမတင္ႏုို္င္ေပ။ အေစ့မဲ့ဖရဲ အမပြင့္ကို ႐ိုး႐ိုးအေစ့ပါဖရဲပင္မွ အဖုိ၀တ္မႈန္ျဖင့္ နံနက္ (၇-၉) နာရီအတြင္း ၀တ္မႈန္ကူးေပးျခင္းျဖင့္ အသီးတင္ သည္။ အေစ့မဲ့ဖရဲ အဖုိပြင့္မွ ၀တ္မႈန္ကို အသံုးမျပဳရေပ။ ပန္းပြင့္ခ်ိန္တြင္ ေဆးဖ်န္းရန္လုိအပ္ပါက ညေနပိုင္း တြင္ ပက္ဖ်န္းသင့္သည္။

၁၄။ အသီးေျခြျခင္း

ပထမဆံုးအပြင့္မွ သီးေသာအသီးသည္္အသီးအရည္အေသြးမေကာင္းသျဖင့္ ထုိပထမအပြင့္ကို ေျခြေပး ရသည္။ ပင္ေျခမွ (၂) ေပခြဲ (၃) ေပအကြာတြင္ရွိေသာ အသီးကိုယူျခင္းျဖင့္ အရည္အေသြးေကာင္းေသာ အသီး မ်ားကို ရရွိႏုိင္သည္။ ဖရဲအလံုးႀကီးမ်ဳိးတြင္ တစ္ပင္လွ်င္ တစ္လံုးအလံုးလတ္မ်ဳိးတြင္ (၂-၃) လုံး၊ အလံုးငယ္မ်ဳိး တြင္ (၄) လံုး ယူႏိုင္သည္။

၁၅။ ဆြတ္ခူးျခင္း

သင္လ်င္မ်ဳိးႏွင့္ အလံုးေသးမ်ဳိးတြင္ ပန္းပြင့္ၿပီး (၂၅ မွ ၃၀) ရက္အၾကာတြင္ အသီးဆြတ္ ခူးႏိုင္သည္။ အလံုးႀကီးမ်ဳိးႏွင့္ အေစ့မဲ့မ်ဳိးတြင္ ပန္းပြင့္ၿပီး (၃၅) ရက္အၾကာတြင္ ဆြတ္ခူးႏုိင္ သည္။ သက္လ်င္မ်ဳိးတြင္ ပန္းပြင့္ၿပီး (၂၅ မွ ၃၀) ရက္အၾကာတြင္ အသီးညွာ၍ အနီးဆံုး ႏွာေမာင္းအေရာင္သုိ႔ ေျပာင္းလာလွ်င္ ဆြတ္ခူး ႏုိင္သည္။ သို႔မဟုတ္ အသီးကိုလက္ႏွင့္ ပုတ္ၾကည့္ပါက ရင္ေခါင္းသံျမည္လွ်င္ အသီးရင့္မွည့္ၿပီျဖစ္၍ ဆြတ္ခူး ႏိုင္ၿပီျဖစ္သည္။ အတြင္းသား အ၀ါေရာင္မ်ဳိးသည္ အနီေရာင္မ်ဳိးထက္ေစာ၍ မွည့္ၿပီး အလံုးေသးမ်ဳိးသည္လည္း အလံုးႀကီးမ်ဳိးထက္ေစာ၍ မွည့္သည္။ အေစ့မဲ့ဖရဲမ်ဳိးသည္ အေစ့ပါ ဖရဲမ်ဳိးထက္ (၅-၁၀) ရက္ခန္႔ ေနာက္က်ၿပီးမွ ရင့္မွည့္သည္။ ဖရဲအျပင္ခြံအေရာင္ရင့္မ်ဳိးသည္ အေရာင္ႏုမ်ဳိးထက္ ေစာ၍ ရင့္မွည့္သည္။

၁၆။ ပိုးမႊားက်ေရာက္ဖ်က္ဆီးျခင္းႏွင့္ ကာကြယ္ျခင္း

ပိုးမႊားကာကြယ္ေဆးမ်ားကို ပ်ဳိးပင္အဆင့္မွ အသီးမခူးမီ (၁၄) ရက္အထိ ပိုးမႊားက်ေရာက္မႈ အေျခ အေနေပၚမူတည္ၿပီး (၅-၇) ရက္ျခားတစ္ႀကိမ္ ပက္ဖ်န္းသင့္ပါသည္။ ပိုးသတ္ေဆးပက္ဖ်န္းရာတြင္ နံနက္ပိုင္းႏွင့္ ညေနပိုင္းတြင္သာ ပက္ဖ်န္းသင့္သည္။ ေနပူမလြန္းေသာ အခ်ိန္မ်ားတြင္ မပက္ဖ်န္းသင့္ပါ။
အဓိကဖ်က္ပိုးမ်ားမွာ ေလွးပိုး၊ ပ်ပိုး၊ ဘူးဖ႐ံု၊ က်ဳိင္း၀ါႏွင့္ မႊားပင့္ကူနီတုိ႔ ျဖစ္ၾကပါသည္။
ကာကြယ္ႏွိမ္နင္းနည္းမွာ –
(၁) အိုင္အိုဒင္း (၃၀) ရာခိုင္ႏႈန္း အီးစီ (၃၀) စီစီကုိ ေရ (၂) ဂါလံႏွင့္ ေရာ၍လညး္ေကာင္း
(၂) ဒုိင္ယာစီႏြံ (၄၀) ရာခိုင္ႏႈန္း အီးစီ (၃၀) စီစီကို ေရ (၂) ဂါလံႏွင့္ေရာ၍လညး္ေကာင္း ပက္ဖ်န္းႏိုင္ပါသည္။
၁၇။ က်ေရာက္တတ္ေသာ ေရာဂါမ်ားႏွင့္ ကာကြယ္ျခင္း
မွဲ႔ေျပာက္စြန္းေရာဂါ၊ ေဒါင္းနီးမိႈရြက္ေျခာက္ေရာဂါႏွင့္ ပင္စည္ေျခာက္ေရာဂါမ်ား က်ေရာက္တတ္ပါ သည္။
ေလဘလိုက္ (၇၅) ရာခုိင္ႏႈန္း ဒလလ်ဴပီ၊ ဒက္ကိုေနး (၇၅) ရာခုိင္ႏႈန္း ဒလလ်ဴပီႏွင့္ ရီဒုိေမးလ္ (အမ္ဇက္) မိႈသတ္ေဆးတစ္မ်ဳိးမ်ဳိး (၂၅-၃၀) ဂရမ္ကို ေရ (၂) ဂါလံႏွင့္ ေရာစပ္ပက္ဖ်န္းပါ။
ပင္ညိွဳးေရာဂါက်ေရာက္ပါက ဟိုမုန္း (၈၀) ရာခုိင္ႏႈနး္ ဒလလ်ဴပီေဆးမႈန္႔ (၅) ဂရမ္ကို မ်ဳိးေစ့ (၁) ကီလုိဂရမ္ႏႈန္း လူးနယ္ၿပီး ပ်ဳိးေထာင္စိုက္ပ်ဳိးျခင္းျဖင့္ ကာကြယ္ႏိုင္ပါသည္။
ပ်ပုိးႏွင့္ ေလွးပိုးမ်ားကုိ ႏွိမ္နင္းေပးမႈမရွိက ဗုိင္းရပ္ေရာဂါမ်ား က်ေရာက္ႏိုင္သည္။ ေရာဂါက် အရြက္မ်ား ကုပ္သြားၿပီး တြန္႔လိမ္ကာ ေသးငယ္သြားသည္။ ဆစ္ၾကားတုိၿပီး အသီးပံုသ႑ာန္ မမွန္ဘဲ ပိန္႐ံႈ႕ေန တတ္သည္။ အသီးအတြင္းသားမ်ား မာေၾကာေနတတ္သည္။
ဗုိင္းရပ္က်ေရာက္ေနေသာ အပင္မ်ားကုိ ႏႈတ္ယူ မီး႐ိႈ႕ ဖ်က္ဆီးေပးရသည္။ ေရာဂါကေနေသာ အပင္ကို ကုိင္တြယ္ၿပီးပါက အသံုးျပဳၿပီးေသာ ပစၥညး္မ်ားကုိ ဆုိဒီယမ္ဟိုက္ပိုကလုိ႐ိုဒ္ (၅) ရာခုိင္ႏႈန္း ေဖ်ာ္ရည္ႏွင့္ စိမ္ၿပီး သံုးသင့္သည္။

စိုက္ပ်ိဳးေရးဦးစီးဌာန

Unicode ျဖင့္ ဖတ္ရန္

ဖရဲ စိုက်ပျိုးနည်း

==============

မြန်မာအမည် – ဖရဲ

အင်္ဂလိပ်အမည် – WATERMELON

ရုက္ခဗေဒအမည် – Citrullus vulgaris

မျိုးရင်းအမည် – CUCURBITACEAE

၁။ မူရင်းဒေသ

ဖရဲ၏မူရင်းဒေသမှာ အာဖရိကတိုက်ဖြစ်သည်။ (၁၆) ရာစုနှစ်မှစ၍ အာဖရိကတိုက်မှ ဥရောပတိုက်၊ အာရှတိုက်၊ အမေရိကတိုက်အစရှိသည့် ကမ္ဘာ့အနံှ့အပြားဒေသများသို့ ပျံ့နှံ့ရောက်ရှိသွားသည်။

၂။ အပင်ပုံသဏ္ဍာန်

ဖရဲပင်သည် နွယ်အမျိုးအစားအဖြစ်၍ အပင်ပျော့မျိုးဖြစ်သည်။ အနွယ်ရော အရွက်ပါ အစိမ်းရင့်ရောင်ပို သည်။ အရွက်မှာ (၄) လက်မှ (၆) လက်မခန့် ရှည်လျားသည့် လက်ခြားအရွက်များဖြစ်ကြသည်။ ပင်စည်နှင့် အရွက်များတွင် အမွှေးများ ဖုံးလွှမ်းလျက်ရှိသည်။

၃။ အသီးပုံသဏ္ဍာန်

အသီးပုံသဏ္ဍာန်မှာလည်း လုံးဝိုင်းပုံ၊ လုံးရှည်ပုံ၊ ဘဲဥပုံ အစရှိသည်ဖြင့် ပုံသဏ္ဍာန်အမျိုးမျိုး ရှိသည်။ အသီးအရှည်မှာ မျိုးကိုလိုက်၍ (၉)လက်မမှ (၃၀) လက်မခန့်အထိရှည်ပြီး သီးလုံးအချင်း (၆) လက်မမှ (၁၅) လက်မခန့် အထိရှိသည်။ အတွင်းသားအရောင်မှာလည်း အနီရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ အဖြူရောင်တို့ရှိ ကြပြီး အပြင်အခွံရောင်မှာလည်း အစိမ်းဖျော့ရောင်၊ အစိမ်းရင့်ရောင်၊ အဝါရောင်၊ အစင်းပါစသည်ဖြင့် အရောင် အမျိုးမျိုးရှိကြသည်။ အပြင်ခွံမှာ အစင်းပါနှင့် အစင်းမဲ့ဟူ၍ ကွဲပြားသည်။

၄။ မြေအမျိုးအစား

ဖရဲစိုက်ပျိုးရန် သင့်လျော်သော မြေအမျိုးအစားမှာ သဲနုန်မြေဖြစ်ပါသည်။ မိုးရာသီအကုန် မြစ်ရေကျချိန် မြစ်ကမ်းဘေးရှိ ကျွန်းမြေများတွင်လည်းကောင်း၊ စပါးစရိတ်သိမ်းပြီးသည့် လယ်ကွက်များတွင်လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။ မြေအချဉ်အငံဓာတ် (၆ မှ ၆.၈)အတွင်း ရှိသည့်မြေတွင် ဖရဲကိုကောင်းစွာ စိုက်ပျိုးနိုင်သည်။ မြေတစ်နေရာတည်းတွင် သီးနှံတစ်မျိုးတည်း ဆက်တိုက်စိုက်ပျိုးပါက ရောဂါပိုးမွှား ကျရောက်ဖျက်ဆီးမှုများ သဖြင့် သီးနှံအလှည့်ကျ စိုက်ပျိုးသင့်ပေသည်။ ရေအစိုဓာတ် လိုအပ်သော်လည်း ရေဝပ်ခြင်း၊ စိုထိုင်းဆများခြင်း ကို မနှစ်သက်ပေ။

၅။ မြေနေရာရွေးချယ်ခြင်း

နေရောင်ခြည်ပြည့်ပြည့်၀၀ရရှိနိုင်ပြီး ရေရရှိနိုင်သော နေရာနှင့် သယ်ယူပို့ဆောင်ရန် လွယ် ကူသော နေရာများတွင် ဖရဲကို စိုက်ပျိုးသင့်ပေသည်။

၆။ ရာသီဥတု

အပူချိန် (၂၁-၃၄) ဒီဂရီစင်တီဂရိတ်အတွင်း နေရောင်ခြည်ပြည့်ဝစွာ ရရှိပြီး လေစိုထိုင်း စနည်းသော ဒေသများတွင် ဖရဲသည် ကောင်းစွာဖြစ်ထွန်းပါသည်။

၇။ စိုက်ချိန်

မိုးများသောဒေသများတွင် အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ ဖရဲကို စီးပွားဖြစ် စိုက်ပျိုးနိုင်ပြီး မိုးနည်းသောဒေသများတွင် မေလမှစ၍ ဖေဖော်ဝါရီလအထိ စီးပွားဖြစ်စိုက် ပျိုးနိုင်ပါသည်။ ပူလွန်းသောအချိန် တွင် စိုက်ပျိုးပါက အချိုဓာတ် လျော့နည်းသွားသည်။
၈။ မျိုးစေ့အညှောက်ဖောက်ခြင်း ဖရဲစေ့ကို မြေတွင် တိုက်ရိုက်စိုက်၍သော် လည်းကောင်း၊ ပျိုးထောင်ပြီး ရွှေ့ပြောင်း၍သော်လည်း ကောင်း စိုက်ပျိုးနိုင်ပါသည်။ မြေတွင် တိုက်ရိုက်စိုက်ပါက မျိုးစေ့ကုန်ကျမှုနှင့် ပြုစုထိန်းသိမ်းစရိတ်များသဖြင့် ပျိုးထောင်စိုက်ပျိုးသင့်ပါသည်။ ယခုအခါ အစေ့မဲ့နှင့် အစေ့ပါဟူ၍ နှစ်မျိုးရှိပါသည်။ အစေ့မဲ့ဖရဲသည် အစေ့ခွန် မာသောကြောင့် မျိုးစေ့အညှောက်ဖောက်ရာတွင် အပင်လောင်းရှိသည့်မျိုးစေ့၏ ထိပ်ချွန်ဘက်ကို လက်သည်း ညှပ်နှင့် အစေ့ခွံအက်ကွဲလာရုံညှပ်ပြီးနောက် အပေါက်ငယ်လေးများဖောက်ထားသော ပလပ်စတစ်အိတ်တွင် ထည့်ရသည်။ ၎င်းအိတ်ကို ရေထဲတွင် နာရီဝက်စိမ်ပြီးနောက် အိတ်ထဲမှ ရေများခါထုတ် ပေးရသည်။ ထို့နောက် မျိုးစေ့ထုတ်ကို မျက်နှာသုတ်ပဝါတွင်ထည့်၍ လိပ်ပြီး အခြားပလပ်စတစ်အိတ်ထဲတွင် ထည့်ကာ (၂) ပေခန့် အမြင့်ရှိသော စက္ကူကပ်ပုံးထဲတွင် ထားရသည်။ မျိုးစေ့ထုတ်အပေါ်မှ (၁) ပေခွဲခန့်အကွာတွင် (၄၀) ဝပ် (သို့မဟုတ်) (၆၀) ဝပ်မီးသီးဖြင့် (၂၄) နာရီကြာအောင် အပူပေးထားရသည်။ မျိုးစေ့ထုတ်ပေါ်တွင် သတင်းစာ စက္ကူုဖြင့် ဖုံးအုပ်ပေးထားခြင်းဖြင့် အလင်းရောင်နှင့် ထိတွေ့ခြင်းမှ ကာကွယ်ပေးပါသည်။
အစေ့ပါ ဖရဲမျိုးစေ့များကိုမူ လက်သည်းညှပ်နှင့် ညှပ်ရန် မလိုဘဲ ရေတွင် (၄)ကြိမ်ကြာ စိမ်ပြီးနောက် ရေများခါပြီး အစေ့မဲ့ ဖရဲစေ့များအတိုင်း မီးသီးအောက်တွင် (၂၄) နာရီအကြားထား၍ အညှောက်ဖာက်ပါသည်။ အညှောက်မပေါက်သေးသော မျိုးစေ့များကို ရေဖြင့်ဆေးပြီး အထက်ပါအတိုင်း ထပ်မံအညှောက်ဖောက်ပေးပြီး ဆက်လက်လုပ်ဆောင် ရသည်။ လျှပ်စစ်မီးမရှိသေးသည့် ဒေသများတွင် မျိုးစေ့ကို ရိုးရိုးရေ (သို့မဟုတ်) ဟိုမိုင်း (Homai) မှိုသတ်ဆေး (၂.၅) ဂရမ်ကို ရေတစ်လီတာတွင် ဖျော်စပ်ပြီး (၄) နာရီကြာရေ စိမ်ပြီးနောက် မြေဆွေးများ ရောစပ်ထည့်ထားသော (၄x၄) လက်မအရွယ် ပလပ်စတစ်အိတ်များတွင် လက်မဝက်ခန့်အနက် တွင် ပျိုးထောင်ရပါသည်။
ပျိုးအိတ်တွင် ထည့်ရန် မြေအမျိုးအစားမှာ မြေဆွေး (၃)ဆ၊ ရိုးရိုးမြေ (၃) ဆ၊ နွားချေးဆွေး (၁)ဆ ရောထားသော မြေအရောအဆ (၅၀၀) တွင် တီစူပါဓာတ်မြေသြဇာ (၁၁/၂) ရောစပ်ပြီး အသုံးပြုရပါသည်။ ပျိုး ထောင်ပြီး (၂) ရက်မှ (၃) ရက်အကြာတွင် ပျိုးပင်ငယ်များ ပေါက်လာသည်။ ပျိုးအိတ်တွင် စိုက်ပြီးနောက် နေ့စဉ်နံနက် (၉) နာရီတွင် ရေလောင်းပေးသည်။ ပျိုးပင်ငယ်စဉ်တွင် ခါးရိရောဂါများကျရောက်တတ်သဖြင့် Tarrazole မှိုသတ်ဆေး (၈) စီစီကို ရေ (၁၀) လီတာ (သို့မဟုတ်) Topsin မှိုသတ်ဆေး (၁) ဆ၊ ရေအဆ (၈၀၀) မှ (၁၀၀၀) တွင်ဖျော်၍ ပျိုးပင်များအား ပက်ဖျန်းပေးရသည်။
ပျိုးပင်များကို ပျိုးထောင်ထားသည့်အချိန်တွင် စိုက်ခင်းကို ထယ်ထိုး၊ ထွန်မွှေပြီးနောက် စိုက်ခင်းအား မြေညီညာအောင် ပြုပြင်ပြီး စိုက်ဘောင်များ ဖော်ရပါမည်။

၉။ စိုက်ဘောင်ပြင်ဆင်ခြင်း

စိုက်မြောင်းနေရာကို မှတ်သား၍ ပေါက်ပြား (သို့မဟုတ်) စက်ဖြင့် (၆) လက်မအကျယ် (၆) လက်မအနက်ရှိသော မြောင်းများဖော်ပြီး တစ်ဧကလျှင် ယူရီးယားမြေသြဇာ (၉၉) ပေါင်၊ တီစူပါ (၉၉) ပေါင်၊ ပိုတက်ရှ် ဓာတ်မြေသြဇာ (၇၇) ပေါင်၊ နွားချေးဆွေး လှည်း (၄၀) စီး၊ Borax (၉) ပေါင်နှင့် Furadan 3% G (၁၁) ပေါင်နှုန်း ထည့်ပေးရသည်။ ထို့နောက် ၎င်းစိုက်မြောင်းပေါ်တါင် (၁၁/၂) ပေ အကျယ်ရှိသော ဘောင်များ ပါသည်။ ဘောင်ပေါ်တွင် ပလပ်စတစ်စ အမဲအုပ်ခြင်းဖြင့် ပေါင်းမြက်များ မပေါက်ရောက်နိုင်သည့်အပြင် အစိုဓာတ်နှင့် မြေသြဇာ မဆုတ်ယုတ်စေနိုင်ပေ။ ပလပ်စတစ်စ အပြင်ဘက်တွင် ငွေရောင်ရှိသဖြင့် အလင်ပြန် ခြင်းကြောင့် အင်းဆက်ပိုးမွှားများ လာရောက်ခြင်းနည်းစေသည်။ မိုးရွာသွန်းပါက ရေအလွယ်တကူ ထွက်စေရန် (၆) လက်မအနက်ရှိသော ဗွီပုံသဏ္ဍာန် ရေထုတ်မြောင်းငယ်ကို ဘောင်နှစ်ခုအကြားတွင် ဖော်ပေးရသည်။ အပင်အကွာအဝေးမှ အောက်ပါအတိုင်း ဖြစ်ပါသည်။
တစ်ပင်နှင့်တစ်ပင် အကွာအဝေး ရိုးရိုးဖရဲ (အလုံးကြီး) – ၃၂ လက်မ
(အလုံးသေး) – ၂၄ လက်မ
အစေ့မဲ့ဖရဲ – ၃၆ လက်မ
တစ်တန်းနှင့်တစ်တန်းအကွာအဝေး ရိုးရိုးဖရဲ (အလုံးကြီး) – ၂၁ ပေ
(အလုံးသေး) – ၁၅ ပေ
အစေ့မဲ့ဖရဲ – ၂၀ ပေ
၁၀။ ရွှေ့ပြောင်းစိုက်ပျိုးခြင်း
ပျိုးထောင်ပြီး (၁၀) ရက်မှ (၁၅) ရက်အတွင်း ရွှေ့ပြောင်းစိုက်ပျိုးနိုင်ပါသည်။

၁၁။ မြေသြဇာထည့်သွင်းခြင်း

(၁) ရွှေပြောင်းစိုက်ပြီး (၃-၅) ရက်အကြာတွင် ရေ (၂၀) လီတာတွင် ယူရီးယားမြေသြဇာ (၄၈) ဂရမ် (လက်ဖက်ရည် ပန်းကန် တစ်ဝက်) ၊ တီစူပါ မြေသြဇာအမှုန့် (၅၂) ဂရမ်၊ (လက်ဖက်ရည် ပန်းကန်တစ်ဝက်) ဖျော်ပြီး အပင်ခြေတွင် တစ်ပင်လျှင် (၁၀) စီစီခန့် လောင်းပေးရမည်။
(၂) စိုက်ပြီး (၂) ပတ်အကြာတွင် တစ်ဧကလျှင် ယူရီးယားမြေသြဇာ (၁၈) ကီလိုဂရမ်၊ တီစူပါ (၁၈) ကီလိုဂရမ်နှင့် ပိုတက်ရှ်မြေသြဇာ (၁၄) ကီလိုဂရမ်နှုန်း ထည့်ပေးရမည်။
(၃) စိုက်ပြီး (၃) ပတ်အကြာတွင် ရေ (၂၀) လီတာ (သို့မဟုတ်) (၄.၅) ဂါလံတွင် ယူရီးယား (၁၃) ဂရမ် (ဟင်းခတ်ဇွန်း တစ်ဇွန်း) ၊ တီစူပါ (၂၉) ဂရမ် (ဟင်းခတ်ဇွန်း ၁၁/၂ ဇွန်း) ပိုတက်ရှ် (၁၃) ဂရမ် (ဟင်းခတ်ဇွန်း တစ်ဇွန်း) ၊ မြေသြဇာကြီး Boyfolan (၄၀) စီစီနှင့် Borax (၄၀) ဂရမ်ကို ဖျော်ပြီး အပင်များအား ပက်ဖျန်းပေးရ မည်။ Borax ကို ရေနွေးနှင့် ပျော်အောင်ဖျော်ပြီးမှ ရေနှင့် ရောပါသည်။
(၄) စိုက်ပြီး (၄) ပတ်အကြာတွင် Borax မှ အပ အထက်ပါအတိုင်း မြေသြဇာအရောကိုဖျော်၍ ပက် ဖျန်းပေးရမည်။
(၅) အသီးတင်ပြီး (၁၄) ရက်အကြာတွင် တစ်ဧကလျှင် ယူရီးယားမြေသြဇာ (၁၈) ကီလိုဂရမ် (၁၅) ပြည်၊ တီစူပါမြေသြဇာ (၁၈) ကီလိုဂရမ် (၇ ပြည်ခွဲ) နှင့် ပိုတက်ရှ် မြေသြဇာ (၂၇) ကီလိုဂရမ် (၁၅) ပြည်နှုန်း ထည့်ပေးရမည်။

၁၂။ အပင်ပြုစုခြင်း

ဖရဲပင်များ စိုက်ပျိုးပြီးနောက် အပင် (၁၁/၂) ပေခန့် ရှိလာချိန်တွင် နွယ်များကို ဖြောင့်တန်းပေးပြီး၊ တန်းကြားတွင် ကောက်ရိုးခြောက်များကို ဖုံးအုပ်ဖြန့်ထားပေးရမည်။ ကောက်ရိုးဖုံးထားခြင်းဖြင့် ပေါင်းမြက်များ ကင်းရှင်းခြင်း၊ အစိုဓာတ်ဆုံးရှုံးမှုလျော့နည်းခြင်း၊ ဖရဲပင်မှ နှာမောင်းများက ကောက်ရိုးကို ကုတ်တွယ်ထားခြင်း ဖြင့် လေပြင်းတိုက်သော်လည်း အပင်မရွေ့လျားစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရစေနိုင်ပါသည်။

၁၃။ ဝတ်မှုန်ကူးပေးခြင်း

ပျိုးပင်များရွှေ့ပြောင်းစိုက်ပြီး (၂၀-၃၀) ရက်အကြာတွင် ပန်းပွင့်ပါသည်။ အစေ့ပါ ဖရဲမျိုးများတွင် ပျား များက ဝတ်မှုန်ကူးပေးခြင်းဖြင့် အသီးတင်သည်။ ဝတ်မှုန်ကူးခြင်းဖြင့် အရည်အသွေးကောင်းသော ဖရဲသီးများ ရနိုင်သည်။ အစေ့မဲ့ဖရဲတွင် အဖိုမြုံသောကြောင့် ပင်တည်း ဝတ်မှုန်ကူးပြီး အသီးမတင်နိုင်ပေ။ အစေ့မဲ့ဖရဲ အမပွင့်ကို ရိုးရိုးအစေ့ပါဖရဲပင်မှ အဖိုဝတ်မှုန်ဖြင့် နံနက် (၇-၉) နာရီအတွင်း ဝတ်မှုန်ကူးပေးခြင်းဖြင့် အသီးတင် သည်။ အစေ့မဲ့ဖရဲ အဖိုပွင့်မှ ဝတ်မှုန်ကို အသုံးမပြုရပေ။ ပန်းပွင့်ချိန်တွင် ဆေးဖျန်းရန်လိုအပ်ပါက ညနေပိုင်း တွင် ပက်ဖျန်းသင့်သည်။

၁၄။ အသီးခြွေခြင်း

ပထမဆုံးအပွင့်မှ သီးသောအသီးသည်အသီးအရည်အသွေးမကောင်းသဖြင့် ထိုပထမအပွင့်ကို ခြွေပေး ရသည်။ ပင်ခြေမှ (၂) ပေခွဲ (၃) ပေအကွာတွင်ရှိသော အသီးကိုယူခြင်းဖြင့် အရည်အသွေးကောင်းသော အသီး များကို ရရှိနိုင်သည်။ ဖရဲအလုံးကြီးမျိုးတွင် တစ်ပင်လျှင် တစ်လုံးအလုံးလတ်မျိုးတွင် (၂-၃) လုံး၊ အလုံးငယ်မျိုး တွင် (၄) လုံး ယူနိုင်သည်။

၁၅။ ဆွတ်ခူးခြင်း

သင်လျင်မျိုးနှင့် အလုံးသေးမျိုးတွင် ပန်းပွင့်ပြီး (၂၅ မှ ၃၀) ရက်အကြာတွင် အသီးဆွတ် ခူးနိုင်သည်။ အလုံးကြီးမျိုးနှင့် အစေ့မဲ့မျိုးတွင် ပန်းပွင့်ပြီး (၃၅) ရက်အကြာတွင် ဆွတ်ခူးနိုင် သည်။ သက်လျင်မျိုးတွင် ပန်းပွင့်ပြီး (၂၅ မှ ၃၀) ရက်အကြာတွင် အသီးညှာ၍ အနီးဆုံး နှာမောင်းအရောင်သို့ ပြောင်းလာလျှင် ဆွတ်ခူး နိုင်သည်။ သို့မဟုတ် အသီးကိုလက်နှင့် ပုတ်ကြည့်ပါက ရင်ခေါင်းသံမြည်လျှင် အသီးရင့်မှည့်ပြီဖြစ်၍ ဆွတ်ခူး နိုင်ပြီဖြစ်သည်။ အတွင်းသား အဝါရောင်မျိုးသည် အနီရောင်မျိုးထက်စော၍ မှည့်ပြီး အလုံးသေးမျိုးသည်လည်း အလုံးကြီးမျိုးထက်စော၍ မှည့်သည်။ အစေ့မဲ့ဖရဲမျိုးသည် အစေ့ပါ ဖရဲမျိုးထက် (၅-၁၀) ရက်ခန့် နောက်ကျပြီးမှ ရင့်မှည့်သည်။ ဖရဲအပြင်ခွံအရောင်ရင့်မျိုးသည် အရောင်နုမျိုးထက် စော၍ ရင့်မှည့်သည်။

၁၆။ ပိုးမွှားကျရောက်ဖျက်ဆီးခြင်းနှင့် ကာကွယ်ခြင်း

ပိုးမွှားကာကွယ်ဆေးများကို ပျိုးပင်အဆင့်မှ အသီးမခူးမီ (၁၄) ရက်အထိ ပိုးမွှားကျရောက်မှု အခြေ အနေပေါ်မူတည်ပြီး (၅-၇) ရက်ခြားတစ်ကြိမ် ပက်ဖျန်းသင့်ပါသည်။ ပိုးသတ်ဆေးပက်ဖျန်းရာတွင် နံနက်ပိုင်းနှင့် ညနေပိုင်းတွင်သာ ပက်ဖျန်းသင့်သည်။ နေပူမလွန်းသော အချိန်များတွင် မပက်ဖျန်းသင့်ပါ။
အဓိကဖျက်ပိုးများမှာ လှေးပိုး၊ ပျပိုး၊ ဘူးဖရုံ၊ ကျိုင်းဝါနှင့် မွှားပင့်ကူနီတို့ ဖြစ်ကြပါသည်။
ကာကွယ်နှိမ်နင်းနည်းမှာ –
(၁) အိုင်အိုဒင်း (၃၀) ရာခိုင်နှုန်း အီးစီ (၃၀) စီစီကို ရေ (၂) ဂါလံနှင့် ရော၍လည်းကောင်း
(၂) ဒိုင်ယာစီနွံ (၄၀) ရာခိုင်နှုန်း အီးစီ (၃၀) စီစီကို ရေ (၂) ဂါလံနှင့်ရော၍လည်းကောင်း ပက်ဖျန်းနိုင်ပါသည်။
၁၇။ ကျရောက်တတ်သော ရောဂါများနှင့် ကာကွယ်ခြင်း
မှဲ့ပြောက်စွန်းရောဂါ၊ ဒေါင်းနီးမှိုရွက်ခြောက်ရောဂါနှင့် ပင်စည်ခြောက်ရောဂါများ ကျရောက်တတ်ပါ သည်။
လေဘလိုက် (၇၅) ရာခိုင်နှုန်း ဒလလျူပီ၊ ဒက်ကိုနေး (၇၅) ရာခိုင်နှုန်း ဒလလျူပီနှင့် ရီဒိုမေးလ် (အမ်ဇက်) မှိုသတ်ဆေးတစ်မျိုးမျိုး (၂၅-၃၀) ဂရမ်ကို ရေ (၂) ဂါလံနှင့် ရောစပ်ပက်ဖျန်းပါ။
ပင်ညှိုးရောဂါကျရောက်ပါက ဟိုမုန်း (၈၀) ရာခိုင်နှုန်း ဒလလျူပီဆေးမှုန့် (၅) ဂရမ်ကို မျိုးစေ့ (၁) ကီလိုဂရမ်နှုန်း လူးနယ်ပြီး ပျိုးထောင်စိုက်ပျိုးခြင်းဖြင့် ကာကွယ်နိုင်ပါသည်။
ပျပိုးနှင့် လှေးပိုးများကို နှိမ်နင်းပေးမှုမရှိက ဗိုင်းရပ်ရောဂါများ ကျရောက်နိုင်သည်။ ရောဂါကျ အရွက်များ ကုပ်သွားပြီး တွန့်လိမ်ကာ သေးငယ်သွားသည်။ ဆစ်ကြားတိုပြီး အသီးပုံသဏ္ဍာန် မမှန်ဘဲ ပိန်ရှုံ့နေ တတ်သည်။ အသီးအတွင်းသားများ မာကြောနေတတ်သည်။
ဗိုင်းရပ်ကျရောက်နေသော အပင်များကို နှုတ်ယူ မီးရှို့ ဖျက်ဆီးပေးရသည်။ ရောဂါကနေသော အပင်ကို ကိုင်တွယ်ပြီးပါက အသုံးပြုပြီးသော ပစ္စည်းများကို ဆိုဒီယမ်ဟိုက်ပိုကလိုရိုဒ် (၅) ရာခိုင်နှုန်း ဖျော်ရည်နှင့် စိမ်ပြီး သုံးသင့်သည်။

စိုက်ပျိုးရေးဦးစီးဌာန





Leave a Reply

Your email address will not be published. Required fields are marked *