BREAKING NEWS

မြန်မာ့ငရုတ်သီးကို ထိုင်းနိုင်ငံကိုစတင်တင်ပို့

ယခုလအတွင်း မြန်မာ့ငရုတ်သီးကို ထိုင်းနိုင်ငံကို စတင်တင်ပို့နေပြီဖြစ်ကြောင်း ငရုတ်ဈေး ကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း မှသိရပါတယ်။

မြန်မာ့ငရုတ်သီးကို ဧပြီလအတွင်းမှ စတင်ကာ ထိုင်းနိုင်ငံကိုတင်ပို့နေပြီး အခြားနိုင်ငံများကို လည်း ဆက်လက်တင်ပို့သွားမှာဖြစ်ကြောင်း ငရုတ်ဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုး တက်ရေး အ သင်းမှ ဥက္ကဌ ဒေါ်ဥမ္မာကျော်ကပြောပါတယ်။

“ အခုဒီလအတွင်းမှာ မြန်မာ့ငရုတ်သီးကို နယ်စပ်ကနေမှတစ်ဆင့် ထိုင်းကို စတင်တင်ပို့နေပြီ။ အခြား နိုင်ငံတွေကိုလည်း တင်ပို့ဖို အတွက် စီစဉ်လုပ်ဆောင်နေတယ်။ ငရုတ်သီးကလည်း အခုဒီရက်ပိုင်းအ တွင်းမှာ ဝယ်လိုအားကလည်း တအားလိုက်နေတယ်”

ထိုင်းနိုင်ငံကို အခုလအတွင်းစတင်တင်ပို့ခဲ့ရာ တန်ချိန် (၃၀) ဝန်းကျင် တင်ပို့နိုင်ပြီဖြစ်ကြောင်း အဆိုပါ အသင်းမှသိရပါတယ်။

မြန်မာ့ငရုတ်ကို ကျောက်ဆည် နဲ့ ဧရာဝတီတိုင်းဒေသကြီးမှာလည်း အများဆုံးစိုက်ပျိုးကြောင်း ငရုတ် ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *