BREAKING NEWS

ပြည်ပကိုဆန်၊ဆန်ကွဲတင်ပို့နိုင်ရေးအတွက် ပါဝင်ပူးပေါင်းလျှောက်ထားသည့်ကုမ္ပဏီပေါင်း (၅၀)ခန့်ရှိ

အစိုးရအချင်းချင်း (G to G) စနစ်ဖြင့် ပြည်ပကို ဆန်၊ဆန်ကွဲတင်ပို့နိုင်ရေးအတွက် ပါဝင်ပူးပေါင်း လျှောက်ထားသည့် ကုမ္ပဏီပေါင်း(၅၀)ခန့်ရှိပြီဖြစ်ကြောင်းမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရ ပါတယ်။

ယခုလက်ရှိအချိန်မှာ စိတ်ဝင်စားသည့်ကုမ္ပဏီများမှာ (၅၀)ဝန်းကျင်  ရှိနေပြီး ထပ်မံလျှောက်လိုတဲ့ ကုမ္ပဏီများ လည်း ရှိနေတာကြောင့်ရက်ကို ထပ်တိုးထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ရုံးအဖွဲ့မှူး ဦးမြင့်လွင်ကပြောပါတယ်။

“အခုကတော့အစိုးရအချင်းချင်း (G to G) စနစ်နဲ့ ပြည်ပကို ဆန်၊ဆန်ကွဲတင်ပို့နိုင်ရေးကို စိတ်ဝင်စား တဲ့ ကုမ္ပဏီက  (၅၀)ဝန်းကျင်လောက်ရှိသွားပြီ။ အသင်းဝင်လာတဲ့သူတွေရယ်၊ အခုမှသိလို့ပါဆိုတဲ့ သူတွေအတွက် ဆက်ပြီးတော့လက်ခံပေးသွားမှာပါ”

ပြည်ပကိုဆန်၊ဆန်ကွဲများပို့ကုန်တင်ပို့ရောင်းချမှုလုပ်ငန်းစဉ်များကို  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် စီစဉ်မှု ဖြင့်ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။

အဆိုပါအစီအစဉ်ကိုစိတ်ဝင်စားလျှောက်ထားလိုတဲ့ ကုမ္ပဏီများအနေနဲ့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင် ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *