BREAKING NEWS

သုံးလအတွင်း အစေ့ထုတ်ပြောင်းဈေးနှုန်း ၃၅ရာခိုင်နှုန်းကျဆင်း

ယခုနှစ်အတွင်း အစေ့ပြောင်းဈေးနှုန်းများမှာ သုံးလအတွင်း ၃၅ ရာခိုင်နှုန်းကျဆင်းလာကြောင်း မြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းမှသိရပါတယ်။

အစေ့ထုတ်ပြောင်းကိုအဓိကဝယ်လိုအားဖြစ်တဲ့ တရုတ်နိုင်ငံဘက်မှ ဝယ်လိုအားမရှိတာကြောင့် ဈေး နှုန်းများမှာ အရင်လများထက် ကျဆင်း လာတာဖြစ်တယ်လို့ မြန်မာနိုင်ငံပြောင်း စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးမင်းခိုင် ကပြောပါတယ်။

“အစေ့ထုတ်ပြောင်းကို တရုတ်ဘက်က ဝယ်လိုအားမရှိပါဘူး။ပြန်ဝယ်လိုက်၊ ပြန်ရပ်သွားလိုက် ဖြစ်နေ တော့ ဈေးတွေကလည်းပုံမှန်မဟုတ်ဘူး။အခုသုံးလအတွင်းကို အစေ့ထုတ်ပြောင်းက တစ်ပိဿာကို ၃၅ ရာခိုင်နှုန်းလောက်ကျသွားတယ်”

ယခုနှစ်ဇန်နဝါရီလောက်ထိအစေ့ထုတ်ပြောင်းဈေးနှုန်းများမှာ တစ်ပိဿာကို ၇၅၀ ဝန်းကျင်ရှိခဲ့သော် လည်း ယခုလအတွင်း အစေ့ထုတ်ပြောင်းတစ်ပိဿာ ၄၅၀ ကျပ်ဝန်းကျင်ကျဆင်းလာကြောင်း အဆိုပါ အသင်းမှသိရပါတယ်။

အစေ့ထုတ်ပြောင်းကို တရုတ်နိုင်ငံကို နယ်စပ်လမ်းကြောင်းမှ အဓိကတင်ပို့ရောင်းချနေတာဖြစ် ကြောင်းလည်း မြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *