BREAKING NEWS

မြန်မာ့လက်ဖက်အမေရိကန်ကိုတင်ပို့မည်

မြန်မာ့လက်ဖက်ပိဿာချိန် (၂၅၀၀၀) ကို အမေရိကန်နိုင်ငံကိုတင်ပို့သွားမှာဖြစ် ကြောင်း ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။

ယခုနှစ်အတွင်း မြန်မာ့လက်ဖက်ကို အရင်နှစ်ထက်ပိုမိုတင်ပို့သွားမှာဖြစ်ပြီး အောက်တိုဘာလ အတွင်းမှာတင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပလောင်လက်ဖက်စိုက်ပျိုး ထုတ် လုပ်တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူးဦးဇော်ညွှန့် ကပြောပါတယ်။

“မြန်မာ့လက်ဖက်ကို တင်ပို့တာ လေးနှစ်ရှိသွားပါပြီ။ ဒီနှစ်မှာတော့ ပိဿာချိန် ၁၀၀၀၀ လောက်ပိုမို တင်ပို့သွားမှာပါ။အောက်တိုဘာလ ထဲမှာ တင်ပို့သွားနိုင်ဖို့အတွက်လုပ်ဆောင်သွားမှာပါ။တခြား ဈေးကွက်တွေလည်းပို့နိုင်ဖို့လုပ်ဆောင်ဆွေးနွေးနေပါတယ်”

မြန်မာ့လက်ဖက်ကို တရုတ်နိုင်ငံနဲ့ပြင်သစ်နိုင်ငံကိုပါတင်ပို့ရောင်းချသွားမှာဖြစ်ပြီး မြန်မာ့လက်ဖက် တစ်ပိဿာကို ၁၅၀၀၀ ကျပ်မှ ကျပ် ၂၀၀၀၀ ထိရရှိစေနိုင်ရန်စီစဉ်လုပ်ဆောင်သွားမှာဖြစ်ကြောင်း လည်းအဆိုပါအသင်းမှသိရပါတယ်။

မြန်မာတစ်နိုင်ငံလုံးအနေဖြင့် လက်ဖက်စိုက်ဧကစုစုပေါင်း  ၂၂၀၀၀ ကျော်သာရှိကြောင်း ပလောင် လက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *